ငါးဖယ်အောင်း ခေါ် ငါးဖမ်းမ
ငါးဖယ်အောင်းခေါ် ငါးဖမ်းမငါးများသည် ငါးသိုင်းမျိုးတွင် ပါဝင်ပြီး ငါးအလတ်စားမျိုးဖြစ်သည်။ ကိုယ်ထည်မှာ ခပ်ပြားပြားရှိပြီး ဦးခေါင်းမှလွဲ၍ တစ်ကိုယ်လုံးတွင် အဖြူရောင်အကြေးများဖြင့် ဖုံးလျက်ရှိသည်။ ကျောရိုးဆူးတောင်မှာ (၁) ခုတည်းသာရှိသည်။ နှာတံတွင် အပေါက်ကလေးများရှိသည်။ ကျောခုံး၍ အမြီးခွရှည်သော ငွေရောင်ငါးတစ်မျိုးဖြစ်သည်။ ထိုငါးမျိုးကို ငါးပိကောင်ပြုလုပ်လေ့ရှိသည်။
မြန်မာနိုင်ငံတွင် ငါးဖမ်းမ/ငါးဖယ်အောင်း မျိုးစိတ်(၃)မျိုးရှိသည်ဟု သိရသည်။ ထို(၃)မျိုးအနက် မျိုးစိတ် (၂) မျိုးဖြစ်သည့် Osteobrama belangeri နှင့် Osteobrama cunma မျိုးစိတ်မှာ ရှားပါးစပြုနေပြီဟု IUCN စာရင်းတွင် လေ့လာတွေ့ရှိရပါသည်။
ယခု မြန်မာနိုင်ငံတွင် တွေ့ရများသည့် ငါးဖမ်းမမျိုးစိတ်မှာ Osteobrama feae ဖြစ်သည်ဟု သိရပါသည်။ နောက်ထပ် ငါးဖမ်းမမျိုးစိတ်တစ်မျိုးဖြစ်သည့် Osteobrama cotio ကို မြန်မာနိုင်ငံတွင် တွေ့ရှိနေရသည်ဟု ပညာရှင်များက ဆိုကြသည်။
ငါးဖမ်းမခေါ် ငါးဖယ်အောင်းငါးမှာ လူကြိုက်များလှသည်။ အများအားဖြင့် ထိုငါးကို ငါးပိကောင် ပြုလုပ်ကြပြီး ' ငါးဖမ်းမ ခေါ် ငါးဖယ်အောင်း ငါးပိကောင်' မှာ နာမည်ကြီးသည်။ ပြုလုပ်နည်းကို တင်ပြပေးပါမည်။
'ငါးဖမ်းမ ခေါ် ငါးဖယ်အောင်းငါးပိကောင်'ပြုလုပ်နည်း
(၁) ပထမဦးစွာ ငါးဖမ်းမ၏ ဗိုက်ထဲမှ ကလီစာများကို အကုန်ထုတ်ကာ ဆေးကြောသန့်စင်ပြီးပါက ခွဲထားသော ငါးဗိုက်ထဲသို့ ဆားအပြည့် သိပ်ရပါမည်။
(၂) ပြီးလျှင် အိုးတစ်လုံးထဲသို့ ဆားသိပ်ထားသောငါးများကို ဖိသိပ်ပြီး တစ်ညအိပ်ထားပါ။
(၃) နောက်တစ်နေ့မနက်ရောက်ပါက အိုးထဲမှငါးများကို ပြန်ထုတ်ပြီး နေတနေလောက်ပြရပါမည်။ (နေတနေထက် ပိုမပြရပါ။ ငါးခြောက်ဖြစ်သွားမှာစိုး၍ ဖြစ်သည်။ )
(၄) နေတနေပြပြီးပါက ငါးကို အိုးထဲပြန်ထည့်ပြီး သိပ်ထားရပါမည်။ နောက်နှစ်ရက်နေလျှင် ငါးပိကောင်ဖြစ်ပါမည်။
(၅) ကြော်စားတော့မည်ဆိုလျှင် ငါးပိကောင်ကို ရေဆေးပြီးမှသာ ကြော်ရပါမည်။
ငါးဖမ်းမငါးပိကောင်၏အသက်မှာ အရေခွံဖြစ်ပြီး ကြော်လိုက်သည်နှင့် အရေခွံလေးမှာ ရဲတက်လာပါသည်။ အရေခွံကြွပ်ကြွပ် ငါးဖမ်းမငါးပိကောင်ကြော်ကို ထမင်းပူပူ ငရုတ်သီးတောင့်ကြော်ဖြင့် တွဲဖက်စားသုံးကြပါသည်။အလိုက်ဖက်ဆုံးဟင်းချိုမှာ ပဲနီလေးဟင်းချိုဖြစ်ည်။
ထို့အပြင် ငါးဖမ်းမငါးပိကောင်ကြော် (သို့) ကင်ထားသော ငါးပိကောင်ကို သံပရာရည်ညှစ်ပြီး စားပါကလည်း အရသာထူးလှပေသည်။ ထို့ကြောင့်လည်း ငါးဖမ်းမငါးပိကောင်ကြော် (သို့) ကင်ထားသော ငါးပိကောင်ကို ထမင်းပူပူ ဆီဆမ်းပြီး စား၍ဖြစ်စေ၊ ထမင်းကို ရေဆမ်းပြီး ငါးကြော်ဖြင့်စား၍ဖြစ်စေ၊ ကောက်ညှင်းပေါင်းနှင့် ငါးကြော်ကို တွဲဖက်ပြီး စား၍ဖြစ်စေ အရသာမှာ ကောင်းမွန်ထူးခြားပါပေသည်။
ငါးဖမ်းမ ခေါ် ငါးဖယ်အောင်းငါးမှာ ဈေးကွက်တွင်နေရာရနေသော ငါးတစ်မျိူးဖြစ်ပြီး လူကြိုက်များကြောင်း သိရပါသည်။
ပင်လယ်ပြာ (ငါးဦးစီး)
Soe Kyaw
လွန်ခဲ့သော ၅ နှစ် ကမွေးမြူနည်းတင်ပေးပါလား
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026