အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
"ငါးပါးနီ (Red snapper fish)"

"ငါးပါးနီ (Red snapper fish)"

 ငါးပါးနီငါးမှာ ရေအောက်ကြမ်းပြင်နေ (demersal fish)များ ဖြစ်ကြပြီး ရေအောက်ငါးများ၏ ထူးခြားချက်မှာ ငါးစီဖောင်း(swimbladder or fish maw)ပါရှိခြင်းဖြစ်သည်။ ရေအောက်ငါးဖြစ်သော ငါးပါးနီမှာ အရည်အသွေးကောင်းမွန်သော ငါးဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းဘက်တွင် တွေ့ရများပါသည်။

 ငါးပါးနီဆိုသည်အတိုင်း ငါးအရောင်မှာ အနီရောင်သန်းလျက်ရှိပြီး လှပသည့်ငါးမျိုးစိတ်တစ်ခုလည်း ဖြစ်ပေသည်။ ကမ္ဘာပေါ်တွင် ငါးပါးနီမျိုးစိတ်ပေါင်း(၁၁၃)ခုရှိကြပြီး ငါးပါးနီအမမှာ အသက်(၂)နှစ်ခန့်တွင် သန္ဓေဆောင်ကြသည်။ တစ်ကြိမ်လျှင် ဥပေါင်း(၃)သောင်းခန့် ဥ ဥနိုင်ကြပါသည်။

 ငါးပါးနီငါးများမှာ ဆေးဖက်ဝင်သည့် ငါးအမျိုးအစားထဲတွင် ပါဝင်ပြီး ကျန်းမာရေးအတွက် အလွန်ကောင်းမွန်သော ငါးလည်း ဖြစ်ပါသည်။ ကျန်းမာရေးအတွက် ကောင်းကျိုးတွေအပြင် ငါးပါးနီငါး၏ ပင်ကို အရသာမှာ အခြားငါးတွေထက် အသားပိုမိုနူးညံ့ပြီး ပိုချိုသော အရသာကို ခံစားရရှိနိုင်ပါသည်။

 ငါးပါးနီငါးတွင် ကျန်းမာရေးအထောက်အကူပြု - (1) Protein and Calories, (2) Calcium, (3) Omega – 3 fatty acid (4) Selenium တို့ပါဝင်ပါသည်။

 ငါးပါးနီငါးတွင်

 (1) Protein and Calories ပါဝင်မှု 100 g တွင် 128 cal ပါဝင်ပါသည်၊ Protein 26 g နှင့် Cholesterol 47 mg ပါဝင်ပါသည်။ ဒါ့ကြောင့် 2000 Calနှင့် diet လုပ်သူများအတွက် ငါးပါးနီငါးဟာ သင့်တော်ပြီး (၁)ပတ်လျှင် အနည်းဆုံး (၁)ကြိမ် စားသုံးသင့်ပါသည်။

 (2) Calcium အနေနှင့် ငါးပါးနီတွင် Vitamin D နှင့် Vitamin E တို့ ကြွယ်ဝစွာ ပါဝင်သဖြင့် အရိုးပွ၊ အရိုးပါးရောဂါများအတွက် အထောက်အကူပြုပါသည်။

 (3) ငါးပါးနီငါးတွင် Omega – 3 fatty acid ကြွယ်ဝစွာပါဝင်သဖြင့် နှလုံးရောဂါဖြစ်ပွားမှုနှင့် သွေးတွင်း အဆီဓါတ်များမှုကိုလည်း သိသိသာသာလျှော့ချပေးစေနိုင်ပါသည်။

(4) ငါးပါးနီငါးတွင် လူတို့၏ တစ်နေ့တာ Selenium လိုအပ်ချက် (၇၀) ရာခိုင်နှုန်း ထိ ပါဝင်နေသဖြင့် ခန္ဓာကိုယ်အတွင်း DNAပျက်စီးမှုကြောင့်ဖြစ်စေသည့် ကင်ဆာရောဂါနှင့် နှလုံးရောဂါပျက်စီးမှုကိုလည်း တားဆီးပေးပါသည်။

 ငါးပါနီငါးမှာ 1 kg ကို 4000 – 5000 kyats ဝန်းကျင်ရှိပါသည်။ ငါးပါးနီငါးကို ကုန်းဘောင်ကြော်၊ ငါးပါးနီကောင်လုံးကြော်၊ ငါးပါးနီခဲပတ်ငါးကင်၊ ဆားကြမ်းကင်၊ ငါးပါးနီထမင်းကြော်၊ ငါးပါးနီပေါင်း၊ ငါးပါးနီတော့ပုကီ၊ ငါးပါးနီအစပ်ဟင်းများအပြင် ငါးပါးနီငါးကို ကြော်ပြီး BBQ Sauceနှင့် ပြန်ချက်ကာ မန်ကျည်းရည်လေး အုပ်ပါက ငါးမကြိုက်သူထွေတောင် ကြိုက်သွားစေနိုင်သည် ဟုသိရပါသည်။ ဆေးဘက်ဝင်ပြီး အခြားငါးတွေထက် အသားနူးညံ့ကာ အရသာ ပိုချိုသော ငါးပါးနီငါးဖြစ်ပါသည်။

 ပင်လယ်ပြာ (ငါးဦးစီးဌာန)

 

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။