ငါးရွှေ (ခေါ်) သင်ပေါင်းထိုးငါး
ငါးရွှေငါးမှာ ရွှေရောင်အဆင်းရှိပြီး နှုတ်သီးရှည်ရှည်၊ ခန္ဓာကိုယ်လည်း ရှည်လျားသည့် ငါးရှဥ့်နွယ်ဝင် ပင်လယ်ငါးတစ်မျိုးဖြစ်သည်။ ငါးရွှေငါးကို ရခိုင်လို သင်ပေါင်းထိုး(ခေါ်)သင်္ဘောထိုးငါး ဟုလည်း ခေါ်ကြပါသည်။
ငါးရွှေငါးမှာ ပင်လယ်ရေအောက်ကြမ်းပြင်နေ (demersal fish)များ ဖြစ်ကြပြီး အရိုးမာငါးအုပ်စု (Bony Fish)တွင် ပါဝင်ပါသည်။ သိပ္ပံအမည် - Congresox talabon ဖြစ်ပြီး အများအခေါ်မှာ Yellow Pike Conger ဖြစ်သည်။
ငါးရွှေငါးမှာ အပူပိုင်းဒေသရှိ ငါးရှဥ့်နွယ်ဝင်ငါးဖြစ်ပြီး ရေငန်၊ ရေချိုရေငန်စပ်၊ မြစ်ဝကျယ်များတွင် တွေ့ရှိရပါသည်။ငါးရွှေငါးမှာ ရေအနက်(၁၀၀)မီတာတွင် တွင်းတူးနေထိုင်လေ့ ရှိကြပါသည်။ ကမ်းခြေဒေသနှင့် ရေချိုဒေသများတွင်လည်း နေထိုင်လေ့ရှိပြီး ညထွက်အစာရှာထွက်သည့် ပုံစံအဖြစ်တွေ့ရပါသည်။ အထီးမှာ အမြင့်ဆုံးအလျား(၈၀)စင်တီမီတာထိရှိကြပြီး အမမှာ(၅၀)စင်တီမီတာထိ အရှည်ရှိကြပါသည်။ ငါးရွှေပါးစပ်မှာ ကြီးမားလှပြီး ပင်လယ်အောက်ခြေရှိ ငါး၊ ပုစွန်၊ ကဏန်းများကို သူတို့၏အစာအဖြစ် စားသုံးကြပါသည်။
ငါးရွှေငါးသည် အသားများပြီး အလွန်ချိုသောကြောင့် ငါးရွှေငါးဖြင့် မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ၊ ငါးဆုပ်လုံးကြော်၊ ငါးမွှေဟင်းစသဖြင့် ပြုလုပ်၍ စားသုံးကြပါသည်။ ထို့ပြင် ငါးရွှေငါးမှာ Protein (အသားဓါတ်) ပေါများစွာရရှိသော ငါးလည်းဖြစ်သည်။ မုန့်ဟင်းခါးချက်ရာတွင် ငါးရွှေငါးအသားကို ပြုတ်/ကင်ပြီး အသားနွှင်ထည့်ကြသည်သာမက ငါးရွှေငါးအလယ်ရိုးမှာလည်း အချိုဓါတ်ပိုမိုများပြားသဖြင့် အလယ်ရိုးကိုပါထည့်သွင်း ချက်ပြုတ်ကြပါသည်။
ထိုသာမက ငါးရွှေငါးခြောက်မှာ ဈေးကောင်းလှသလို ငါးရွှေငါးစီဖေါင်း( swimbladder or fish maw) ကို နေလှန်းအခြောက်ခံပြီး ငါးဒိုင်ကြီးများသို့ ပြန်ရောင်းကြပါသည်။ ထိုမှတဆင့် နိုင်ငံခြားတိုင်းပြည်များသို့ တင်ပို့ရောင်ချကြပါသည်။ ငါးစီဖောင်းမှာလည်း တန်ဖိုးကြီးရေထွက်ကုန်တစ်မျိုးဖြစ်ပါသည်။
ငါးရွှေငါးကို
Phylum (မျိုးပေါင်းစု) - Chordata
Class (အမျိုးအစား)- Actinopterygii
Order (မျိုးစဥ်)- Anguilliformes
Family (မျိုးရင်း) - Muraenesocidae
Genus (မျိုးစု) - Congresox
Species (မျိုးစိတ်) - Congresox talabon ဟူ၍ သိရပါသည်။
ငါးရွှေငါးမှာ အသား၊ အရိုး၊ ငါးစီဖောင်းအပါအဝင် တစ်ကောင်လုံးအသုံးဝင်ပြီး လူကြိုက်များလှပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026