"အရွယ်အစားကြီးမား……...ငါးရွေးငါး"
မြန်မာတိုင်းရင်းငါးများဖြစ်သော ငါးကြင်း၊ ငါးခူ၊ ငါးရံ့၊ ငါးဘတ်၊ ငါးမြင်း၊ ငါးဂျောင်း၊ ငါးထွေ၊ ငါးသလောက်၊ ငါးရွေး စသည့်ငါးမျိုးစိတ်တို့တွင် တစ်ချို့မျိုးစိတ်များမှာ ရှားပါးစပြုလာနေပါပြီ။ လူတွေနှင့် မစိမ်းလှသည့် ငါးတွေထဲမှာ ငါးမြင်းရင်းငါးမှာလည်း အတော်လေးရှားပါးနေပါပြီ။
ရှားပါးမျိုးစိတ်များတွင်မှ တိုင်းရင်းငါးဖြစ်သော 'ငါးရွေးငါး' အကြောင်းကို လေ့လာတင်ပြပေးပါမည်။ ငါးရွေးငါးမှာ လူကြီးတစ်ရပ်စာ အရွယ်အစားလောက်ရှိကြပြီး ရေချိုငါးထဲမှာ အရွယ်အစားအလွန်ကြီးမားသည့် ငါးလည်းဖြစ်ပါသည်။ အမြင့်ဆုံးခန္ဓာကိုယ်အလျား ၁၅၀ စင်တီမီတာအထိ ရှိကြပြီး အလေးချိန်အားဖြင့် ၈၀.၀ ကီလိုဂရမ် အထိရှိကြသည်။
ငါးရွေးငါးမှာ catfish နွယ်ဝင် ငါးတစ်မျိုးဖြစ်ပြီး ဧရာဝတီ၊ စစ်တောင်းမြစ်တို့တွင် တွေ့ရှိရပြီး မြန်မာနိုင်ငံသာမက အန္ဒိယနှင့် ထိုင်းနိုင်ငံတွင်တို့တွင်လည်း တွေ့ရှိရပါသည်။ ရေအောက်ကြမ်းပြင်နေ (demersal fish) များဖြစ်ကြပြီး အသားစား (carnivorous ) အုပ်စုတွင်ပါဝင်သဖြင့် ငါး၊ ပုစွန်၊ ကဏန်းများကို သူတို့၏အစာအဖြစ်စားသုံးကြသည်။
ငါးရွေးငါးမှာ ကျောဖက်တွင် ဆူးချွန် (spine) နှစ်ခုပါရှိပြီး ကျောဖက်ဆူးတောင်ရိုးပျော့ ၇ ခု၊ စအိုဖက်တွင် ဆူးတောင်ရိုးပျော့ (၁၂-၁၃) ခု အထိပါရှိကြသည်။ နှာယောင်မှာ လုံးဝန်းနေပါသည်။
'ကုန်းမှာ မြွေပွေး၊ ရေမှာ ငါးရွေး' ဆိုပြီး ငါးရွေးငါးကို တင်စားကြသည့် စကားပုံအဓိပ္ပါယ်မှာ မြွေပွေးသည် ကုန်းပေါ်တွင် အဆိပ်ပြင်းသောသတ္တဝါဖြစ်သကဲ့သို့ ငါးရွေးငါးသည်လည်း ရေထဲတွင် အဆိပ်ရှိသော သတ္တဝါဖြစ်သည်ကို ဆိုလိုပါသည်။ ထို့ကြောင့်လည်း ငါးရွေးငါးကိုဖမ်းမိပါက ရေလုပ်သားများမှာ သတိထားကိုင်တွယ်ကြရပါသည်။
ကချင်ပြည်နယ်ရှိ မြန်မာ့အကြီးဆုံး အင်းတော်ကြီးကန်တွင် ၂၀၂၀ ခုနှစ်က အလေးချိန် ၁၂၂၇ ဂရမ်၊ အလျား ၅၃ စင်တီမီတာ (၂၁ လက်မ) အရွယ်အစားရှိသော ငါးရွေးငါးကြီးတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ကြပါသည်။.
အလားတူ (၁၉.၆.၂၀၂၀) ရက်နေ့တွင်လည်း ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းကျေးရွာအုပ်စု၊ သခွက်ချောင်းကျေးရွာတွင် ငါးရွေးငါးကြီး နှစ်ကောင် ပိုက်တွင်မိနေသဖြင့် တစ်ကောင်ကို ပြန်လွှတ်ပေးလိုက်ပြီးနောက်၊ နောက်ထပ်တစ်ကောင် ထပ်မံရမိသည်ဟု သိရပါသည်။ အဆိုပါငါး၏ ဗိုက်ထဲတွင် ၁ ပိဿာ ၅၀ ကျပ်သားခန့်ရှိ ငါးနှစ်ကောင်ကို စားသောက်ထားကြောင်း သိရပါသည်။
ထို့အတူ ၂၀၂၀ ခုနှစ်အတွင်းမှာပင် သောက်ရေခပ်ချောင်းထဲမှလည်း ရေကျချိန်တွင် သောင်တင်နေသော ငါးရွေးငါးကြီးမှာ လူတစ်ရပ်စာအရွယ်အစားရှိပြီး ငါးဥမှာ ၆ ပိဿာခန့်ရှိကြောင်း သိရပါသည်။
ဒေသခံများမှာ ငါးရွေးငါးကို အချို, ပဲဆီပေါင်း၊ အစပ်ဟင်းနှင့် ငါးရွေးသောက်ဆမ်းဟင်းဟူ၍ စသည်ဖြင့် ပြုလုပ်စားသုံးကြပါသည်။
ငါးရွေးငါးနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက် Scientific classification မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Phylum (မျိုးပေါင်းစု)- Chordata
Class (အမျိုးအစား) - Actinopterygii
Order (မျိုးစဉ်) - Siluriformes
Family (မျိုးရင်း) - Bagridae
Genus (မျိုးစု) - Hemibagrus
Species (မျိုးစိတ်) – H.microphthalmus ဟူ၍ ဖြစ်သည်။
ပင်လယ်ပြာ (ငါးဦးစီး)
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....