"ပြုစုစောင့်ရှောက် အစာကျွေးစနစ်မှန်မှသာ၊ ငါးသားပေါက်အသေအပျောက်နည်းမှာပါ"
"မြန်မာနိုင်ငံမှာ အလုပ်ကတော့ မရှားပေမယ့်၊ ပိုက်ဆံပိုပိုလျှံလျှံ ရှာဖွေဖို့ မလွယ်ဘူးလေ။ ကိုယ့်မှာရှိတဲ့ငွေနဲ့ ကိုယ့်မှာရှိတဲ့ မြေနေရာလေးမှာပဲ ကိုယ်တတ်နိုင်သလောက်လေး တစ်နိုင်တပိုင် စီးပွားရေးလုပ်မယ်လို့ စိတ်ကူးလိုက်တော့ ငါးသားဖောက် မွေးမြူတဲ့လုပ်ငန်းလေးကို ရွေးချယ်ဖြစ်ခဲ့တာပါ..." ဟု ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပေါက္ကံမြို့နယ်မှာ ငါးသားပေါက် စီးပွားဖြစ်မွေးမြူရောင်းချနေတဲ့ ကိုနေမင်းက သူ..ငါးသားပေါက်တွေ စတင်မွေးမြူရောင်းချဖြစ်ခဲ့တဲ့ ဖြစ်စဉ်လေးကို အခုလိုရှင်းပြပါတယ်။
ဈေးကွက်စီးပွားရေးခေတ်ကြီးထဲမှာ ကျွန်မတို့နဲ့ နီးစပ်ရာ မိတ်ဆွေအများစုက ငါးမွေးမြူရေးကို စိတ်ဝင်စားလာကြတာကို တွေ့ရပြီး၊ ကိုယ်တိုင်မွေးသူတွေလည်း ရှိလာသလို၊ သားပေါက်တွေကို ဖောက်ပြီး၊ ပြန်လည်ရောင်းချသူတွေလည်း ရှိလာကြပါတယ်။
အဲ့ဒါနဲ့ ဒီလောက်တောင် စီးပွားဖြစ်နေပါတယ်ဆိုတဲ့၊ (တချို့လည်း မလုပ်တတ်၊ မကိုင်တတ်နဲ့ အသေ အပျောက်များ၊ အရှုံးပေါ်သူတွေလည်း ရှိပါရဲ့) ငါးသားဖောက်မွေးမြူတဲ့ အကြောင်းလေးတွေကို ဗဟုသုတတစ်ခုအနေနဲ့ တင်ပြရေး သားချင်ပါတယ်။
- ငါးတွေကို သားပေါက်စ ကလေးတွေကနေ စတင်မွေးမြူပြီးနောက်၊ အချိန်ကာလ တစ်လကျော်အကြာမှာ ငါးခူသား ပေါက် အရွယ်အစား နှစ်လက္မအရွယ်ရောက်နိုင်ပါတယ်။
- သားဖောက်လို့ ငါးသားပေါက်လေးတွေ ပေါက်ပြီဆိုရင် အစာတန်းကျွေးလို့မရသေးပဲ၊ အများအားဖြင့် (၄၈) နာရီလောက် စောင့်ပေးရတယ်။ ရာသီဥတုပေါ်မူတည်ပြီး၊ ဒီထက်အချိန်ပေးရတာမျိုးလည်း ရှိနိုင်ပါတယ်။
ငါးသားပေါက်တွေကို ဘာလို့ ချက်ချင်းအစာမကျွေးသင့်တာလဲ??
- အစာကို ဘာလို့မကျွေးရသလဲဆိုရင် ငါးသားပေါက်တွေ ပေါက်ပေါက်ခြင်း ကိုယ်အင်္ဂါအစိပ်ပိုင်းတွေပြည့်စုံဖို့ အချိန်လိုအပ်လို့ပဲ ဖြစ်ပါတယ်။ အားလုံးပြည့်စုံပြီဆိုမှ ငါးလေးတွေက ရေစကူးတာပါ။ ရေကူးတာတောင်မှ ကိုယ်ဖောက်ထားတဲ့ ငါးသားပေါက်အားလုံး ရေထဲမှာ အကုန်ရေကူး မကူးကြည့်ရပါဦးမယ်။ အားလုံး ရေသေချာကူးခတ်နိုင်မှသာ အစာကျွေးမယ်ဆိုရင် အသင့်တော်ဆုံးပါ။
ငါးဥတွေကနေ ငါးသားပေါက်တွေ ဖြစ်တာလား??
- ဒါက ဘယ်သူမဆို စိတ်ဝင်စားကြတဲ့ အပိုင်းပါ။ ငါးသားပေါက်တွေဖောက်တဲ့ ငါးဥဆိုလို့ ကြက်ဥလို အကောင်ပေါက်တာမဟုတ်ပါဘူး။ ဥပုံစံကနေ ငါးပုံစံကို အသွင်ပြောင်းတာပါ။ အားလုံးညီညွှတ်စွာကူးပြီဆိုရင် အစာကျွေးလို့ရပါပြီ။
အစာကို ဘယ်လိုစကျွေးမွေးရမှာလဲ??
- အစာစကျွေးတဲ့အချိန်မှာ အသီးဖျော်စက်နဲ့ ရေတီကို ကြိတ်ပြီး ကျွေးမွေးလေ့ရှိပါတယ်။ ရေတီကို ကြိတ်ကျွေးတဲ့အခါ၊ သွေးရည်ဖြစ်တဲ့ထိ ကြိတ်ပြီးမှ စကျွေးပေးသင့်ပြီး၊ ရေတီဖတ်တွေများနေရင် သားလောင်းပေါက်စတွေအတွက် ဝါးမျိုနိုင်စွမ်းမရှိတာကို သတိပြုသင့်ပါတယ်။
မွေးမြူထားတဲ့ ငါးသားပေါက်တွေ သေကြေပျက်စီးနှုန်း နည်းပါးဖို့အတွက် အဓိကလိုအပ်တာကတော့ အဟာရပြည့်ဝ၊ စည်းစနစ်ကျနတဲ့ အစာကျွေးတဲ့စနစ်ပဲ ဖြစ်ပါတယ်။ ငါးသားပေါက်တွေ တဖြည်းဖြည်း အကောင်ကြီးလာလေလေ၊ ရေတီကို အဖတ်အဖြစ်ကျွေးရင်လည်း ရလာလေလေပါပဲ။
"သွေးကျွေးပါဆိုလို့ ကျွေးပြီး ပြီးရောမလုပ်ပါနဲ့။ သွေးဟာ ရေနဲ့ထိတွေ့တဲ့အခါ အဆိုင်အခဲအဖြစ်ပြောင်းလဲသွားတာ ပြသနာမဟုတ်ပေမယ့် အမျှင်တန်းလို ဖြစ်သွားတဲ့အခါတော့ ရေနဲ့ငါးပေါက်ကို ဒုက္ခအကြီးကျယ်ပေးနိုင်ပါတယ်.." ဟု ငါးသားပေါက် စီးပွားဖြစ်မွေးမြူနေသူ ကိုနေမင်းက ဆိုပါတယ်။
အရေးကြီးတာက ငါးသားပေါက် မသေစေချင်ရင်၊ အစာမကျွေးခင်အချိန်တိုင်းနဲ့၊ သားပေါက်ကန်ကို မကိုင်ခင်အချိန်တိုင်းမှာ၊ လက်ကို သန့်ရှင်းစင်ကြယ်သွားအောင် ပိုးသက်ဆေးနဲ့ ဆေးကြောသန့်စင်ထားခြင်း၊ ရေတီကြိတ်စက် (ဖျော်စက်) ကို ရေနွေးအပူနဲ့ ပိုးသတ်ခြင်းတို့ကို လုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။
ငါးသားပေါက်တွေကို အစာကျွေးပြီး ငါးမိနစ်ခန့် အကြာမှာပဲ၊ ငါးကန်ရဲ့ရေကို လဲလှယ်ပေးသင့်ပြီး၊ အစာကျွေးတဲ့အခါမှာ အစာကျွေးခွက်ကို စတီးဇလုံတွေကိုသုံးပေးသင့်တယ်လို့၊ စီးပွားဖြစ်ငါးမွေးမြူသူတချို့ထံက သိရပါတယ်။
ငါးခူကို စီးပွားဖြစ်သားဖောက်မွေးမြူရောင်းချနေတဲ့ ကျွန်မရဲ့မိတ်ဆွေ ကိုနေမင်း (ရွှေပေါက္ကံ) ကို ကျေးဇူးတင်စွာနဲ့။
နန်းထက်ထက်ချစ်(ABM)
မူးကလယ်
လွန်ခဲ့သော ၁ နှစ် ကငါးခူး သားပေါက်လေးတွေရဲ့ ဗိုက်တွေက နီပီး အကောင်က ဖြူဖတ်ဖြူပီး သေတာ ဘာကြောင့်လဲ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022