အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အရသာကောင်းမွန်ထူးခြား. . . . .အဆိပ်ရှိဆူးချွန်ပါငါးများ

အရသာကောင်းမွန်ထူးခြား. . . . .အဆိပ်ရှိဆူးချွန်ပါငါးများ

တချို့ငါးမျိုးစိတ်များမှာ အဆိပ်ရှိပြီး ဆူးချွန်များပါရှိသော်လည်း အရသာမှာ ထူးခြားကောင်းမွန်လှသည်ကို တွေ့ရှိရပါသည်။ ထိုထဲတွင်မှ ဆူးချွန်ပါငါးမျိုးစိတ် တချို့ကို လေ့လာတင်ပြပါမည်။ 

(၁) ငါးတန်(catfish) 

ငါးတန်သည်  catfish နွယ်ဝင် ငါးတစ်မျိုးဖြစ်ပါသည်။ ငါးတန်ငါးမှာ ပိုက်တိုးငါးဖြစ်သော်လည်း အသည်းကြီး၍ အသက်ပြင်း၏။ တော်တန်ရုံနှင့် အလွယ်တကူ ဖမ်း၍မရချေ။ အကိုင်မခံတတ်ချေ။ ၎င်းငါး၏ ချွန်ထွက်သော ဆူးတောင်နှင့် ကျောဆူးတောင်တို့မှာ ကြောက်စရာကောင်းလှပါသည်။ ထိုငါး၏ ဆူးတောင်နှင့် စူးမိလျှင် ဆူးဆိပ်တက်တတ်ပါသည်။ ငါးတန်(၂)မျိုးရှိပြီး ရိုးရိုးငါးတန်နှင့် စိန်ငါးတန်ဟူ၍ ဖြစ်ကြပါသည်။ စိန်ငါးတန်မှာ အကောင် ၁၀၀ မှာတစ်ကောင် ရှိခဲလှပါသည်။ အဆီပေါပြီး ဆူဖြိုးလွန်းလှပါသည်။ ငါးတန်ငါးကို ဆီပြန်ချက်ခြင်း၊ မရမ်းပြား၊ ငရုတ်သီးစိမ်းဖြင့်ချက်သော ငါးတန်ခေါင်းမရမ်းပြားဟင်းမှာ နာမည်ကြီးဟင်းလျာများ ဖြစ်ကြပါသည်။ 

(၂) ငါးထွေ( catfish)

ငါးထွေငါးများမှာ နယုန်၊ ဝါဆို၊ ဝါခေါင်လများတွင် ပေါများကြပါသည်။ မိုးဦးအကြိုကာလတွင် ငါးထွေငါးတို့ မြူးကြပေသည်။ ငါးထွေ၊ ငါးရောင်၊ ငါးအိုက်၊ ငါးရဲ၊ ငါးတန်၊ ငါးခူ၊ ငါးစင်းရိုင်းစသည့် ဆူးရှိသော ငါးမှန်သမျှ ရေဆန်လှန်တက်ကြသည့် သဘာဝရှိ၏။ ပင်လယ်၌ ရှင်သန်ကျက်စားပြီး ငါးရစ်တက်ချိန် မိုးနံ့သင်းသည်နှင့် မြစ်ချောင်းများ အတွင်းသို့ အလုအယက်တက်ကြပါသည်။ 

ငါးထွေသည် ပါးစပ်ဘေးနားတွင် ကြောင်နှုတ်ခမ်းမွေးနှင့်တူသော အမွေးအမျှင်များ ပါရှိခြင်းကြောင့် "ကြောင်ငါး"ဟု လည်း ခေါ်ကြသည်။ ဆူးငါးဖြစ်၍ ရှေ့ပိုင်းမှ ကိုင်ဖမ်းမှသာ ဆူးတောင် အန္တရာယ်မှ လွတ်ကင်းပေမည်။ ကျောဆူးတောင်ထက် ဘေးဆူးတောင် (၂)ချောင်းအား  သတ်ိကြီးစွာထားရပါသည်။ ကျောဆူးတောင်မှာ ဖြောင့်စင်း၍ စူးလွယ်၏။ ဘေးဆူးတောင်များ လွှသွားကဲ့သို့ အထစ်များရှိသဖြင့် စူးမိသော် အသားထဲတွင် ဆူးကျိုးကျန်တတ်၏။ နှုတ်ရလည်း ခက်လှ၏။ 

ငါးထွေအသားမှာ စား၍ အလွန်ကောင်းသော်လည်း ခေါင်းကြီးကိုယ်သေးငါးမျိုးဖြစ်၏။ ငါးထွေမေးရိုး၌ ရှည်လျားကောက်ကွေးသော သွားများရှိရာ ငါးမန်းသွားနှင့် ဆင်တူသည့် အသားစားငါးမျိုး ဖြစ်သည်။ ဦးခေါင်းပိုင်းတွင် ဗြုပ်ထကြမ်းတမ်းသော အရေပြားအဖုအထစ်လေးများရှိသဖြင့် ငါး၏ခေါင်းကိုကိုင်ပြီး ဖမ်းပါက မလွတ်နိုင်ချေ။ ငါးထွေငါးကို ငါးမြှားတံနှင့် မျောပိုက်များတွင် ရံဖန်ရံခါမိတတ်သော်လည်း တွေ့ရခဲလှ၏။ ထိုငါးကို ဆီပြန်ချက်စားခြင်း၊ ကြော်စားခြင်းဖြင့် အများဆုံးအသုံးပြုကြပါသည်။ ငါးထွေငါးမှာ အရသာ ထူးခြားကောင်းမွန်လှပြီး အဆိပ်ရှိဆူးချွန်ပါသော ငါးတစ်မျိုး ဖြစ်ပါသည်။ 

(၃) ငါးပူတင်း (Globefish)

ငါးပူတင်းငါးမှာ မေးရိုးနှင့် ပါးစပ်တွင် ကြွက်သွားကဲ့သို့ ကိုက်အားကောင်းသော ထက်ရှသောသွားများ ရှိကြပါသည်။ ဝမ်းဗိုက်မှာ သိသာစွာကြီးမာလျက်ရှိပြီး အဆိပ်ဆူးများနှင့် ပြည့်နှက်နေပါ၏။ ငါးပူတင်းသည်းခြေမှာ သေစေတတ်သဖြင့် လုံးဝစားရန်မသင့်ပါ။ ငါးပူတင်းဝါနှင့် ငါးပူတင်းကျား နှစ်မျိုးရှိရာ ငါးပူတင်းကျားမှာ ပို၍အဆိပ်ပြင်းပါသည်။ တံငါသည်များပင် ငါးပူတင်းကျားကို ရှောင်ရှားရန် စွန့်ပစ်တတ်ကြသည်။ သို့သော် ငါးပူတင်းအသားမှာ အလွန်နူးညံပြီး အရသာလေးလေးပင်ပင်နှင့် ထူးခြားကောင်းမွန်လှသဖြင့် ပင်လယ်သားများ အထူးနှစ်ခြိုက်စွာ စားသုံးကြပါသည်။ 

ငါးတန်၊ ငါးထွေနှင့် ငါးပူတင်းငါးမျိုးစိတ်များမှာ အဆိပ်ရှိ ဆူးချွန်များပါရှိသော်လည်း အရသာမှာ ကောင်းမွန်ထူးခြားလှပါသည်။ သို့ပါသောကြောင့် အဆိပ်ရှိ ဆူးချွန်ပါသော်ငြား အရသာထူးခြားကောင်းမွန်လှသော ငါးမျိုးစိတ်များအကြောင်းကို လေ့လာမိသမျှ ရေးသားတင်ပြလိုက်ရပါသည်။ 

ပင်လယ်ပြာ (ငါးလုပ်ငန်းဦးစီးဌာန)

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။