"နှုတ်သီးချွန်မြ ……..ငါးဖောင်ရိုးငါးများ"
ငါးဖောင်ရိုးငါးကို freshwater garfish (ခေါ်) needle fish ဟုလည်း ခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ Xenetondon Cancila ဟုသိရပါသည်။
ငါးဖောင်ရိုးငါးမှာ နှုတ်သီးချွန်ချွန်၊ အရောင်ကြည်ကြည်လေးနှင့် ပိန်သွယ်သွယ်ငါးတစ်မျိုးဖြစ်ပေသော်ငြား ငါးအသားမှာတော့ မာဆတ်ဆတ်လေးဖြစ်နေပါသည်။ သူ့ခန္ဓာကိုယ်မှာ ငွေမှင်ရောင်နှင့် အစိမ်းရောင်လဲ့လဲ့စပ်ထားသည့် အရောင်မျိုးရှိကြသည်။ ရေချို (Freshwater) နှင့် ရေငန်စပ် (brackishwater) တို့တွင် နေထိုင်ကျက်စားတတ်ကြပြီး တောင်နှင့် အရှေ့တောင်အာရှနိုင်ငံများတွင်လည်း ငါးဖောင်ရိုးငါးများကို တွေ့ရှိရပါသည်။
“ငါးဖောင်ရိုး"ဟု ခေါ်ကြပေမယ့် ထိုငါးမှာ အလယ်ရိုးတစ်ရိုးသာပါသည်မို့ အရိုးများသောငါးကို ကြောက်တတ်သူများအနေဖြင့် စားသုံးဖို့သင့်တော်သည့် ငါးတစ်မျိုးလည်းဖြစ်သည်။ ငါးဖောင်ရိုးငါးမှာ တစ်ခြားငါးများကဲ့သို့ အကြေးခွံများကို မမြင်ရသော်ငြား ငါးကိုယ်ထည်လေးကို လက်သည်းနှင့် အသာခြစ်ယူလိုက်ပါက အရောင်ကြည်ကြည် အကြေးခွံသေးသေးလေးတွေကို ဖယ်ရှားပြီးသား ဖြစ်သွားပါလိမ့်မည်။
ဒေသခံများမှာ ငါးဖောင်ရိုးငါးအစိုကို အကြွပ်ကြော်၊ ငါးဖောင်ရိုးအိုးကပ်၊ ငါးဖောင်ရိုး ခရမ်းချဥ်သီးအစပ်ချက်၊ ငါးဖောင်ရိုးချဥ်စပ်ဟင်းဟူ၍ ချက်စားတတ်ကြပြီး ငါးဖောင်ရိုးခြောက်ကိုမူ ကင်စား၊ ကြော်စားခြင်းများ ပြုလုပ်ကြပါသည်။
ထိုဟင်းလျာများတွင်မှ အရသာထူးလှသည့် 'ငါးဖောင်ရိုးငါးအစို ချဥ်စပ်ဟင်း' ချက်နည်းကို တင်ပြပါမည်။
ငါးဖောင်ရိုးငါးအစို ချဥ်စပ်ဟင်း
ချက်ပြုတ်ရာတွင် ငါးဖောင်ရိုးငါးအစို၊ ချဥ်စော်ခါးသီး (သို့) မန်ကျည်းသီးမှည့်၊ ချင်း၊ ကြက်သွန်ဖြူ/နီ၊ ဆား၊ နနွင်းမှုန့်၊ ငံပြာရည်အချို၊ ပင်စိမ်းရွက်၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက်တို့ လိုအပ်ပါသည်။
(၁) ငါးဖောင်ရိုးငါးကို အကြေးထိုး ခေါင်းဖြတ်ပြီး ၂ ပိုင်း,ပိုင်းကာ ရေဆေးသန့်စင်ပြီးနောက် ဆား၊ နနွင်းမှုန့်၊ ငံပြာရည်အချိုတို့နှင့် နယ်ထားရပါမည်။
(၂) ပြီးနောက် ချင်း၊ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက် တို့ကို ရောထောင်းထားရပါမည်။
(၃) ထို့နောက် ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ/နီ၊ ချင်း၊ ငရုတ်သီးအရောထောင်းတို့ကိုထည့်ပြီး ဆီသတ်ရပါမည်။ အနံ့မွှေးပြီး ငရုတ်သီးဆီသတ်တာ ခြောက်လာလျှင် ငါးထည့်မွှေပေးပါ။
(၄) ပြီးလျှင် ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားရပါမည်။ ရေခမ်းပါက ချဥ်စော်ခါးသီးရည် (သို့) မန်ကျည်းသီးမှည့်အရည်ကို ထည့်ရပါမည်။
(၅) ဟင်းရည်ဆူလာလျှင် အပေါ့၊ အငန် မြည်းပြီး ပင်စိမ်းရွက်အုပ်ပြီးပါက မီးဖိုပေါ်မှချပြီး သုံးဆောင်နိုင်ပါပြီ။ ပင်စိမ်းရွက်အစား ရှမ်းနံနံ၊ နံနံပင်တို့ကိုလည်း သုံးနိုင်ပါသည်။
ငါးဖောင်ရိုးငါး၏ အသေးစိတ်ဖော်ပြချက် (Specification )မှာ အောက်ပါအတိုင်းဖြစ်သည်။
မျိုးပေါင်းစု (Phylum) - Chordata
အမျိုးအစား (Class) - Actinopterygii
မျိုးစဉ် (Order) - Beloniformes
မျိုးရင်း (Family) - Belonidae
မျိုးစု (Genus) - Xenentodon
မျိုးစိတ် (Species) - X.cancila ဟူ၍ ဖြစ်ကြပါသည်။
ပင်လယ်ပြာ (ငါးဦးစီး)
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026