အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကမာကောင်လေးများ၏ခန္ဓာကိုယ်မှထွက်ရှိသော ပုလဲရတနာ

ကမာကောင်လေးများ၏ခန္ဓာကိုယ်မှထွက်ရှိသော ပုလဲရတနာ

လူသားတို့ လှပစွာဝတ်ဆင်လေ့ရှိသော ပုလဲရတနာမှာ ကမာကောင်လေးများ၏ ခန္ဓာကိုယ်မှ ပြောင်းလဲထုတ်လုပ်ပေးလျက်ရှိသောကြောင့် "ကမာကောင်လေးများ၏ မျက်ရည်" ဟုတင်စားပြောဆိုကြပါသည်။

နို့ရည်ကဲ့သို့ ဖြူ ဆွတ်၍ နှစ်လိုဖွယ်ကောင်းသော ပုလဲကို ပင်လယ်၌ရှိသော ကမာကောင် (oyster) ၏ကိုယ်တွင်းမှ ရရှိကြပါသည်။ ခရု (mollusks)၊ ယောက်သွား (mussels)၊ ဂုံးကောင် (clam) စသည်တို့မှလည်း ရရှိနိုင်ပါသည်။

ကမာကောင်အမျိုးအစားပေါင်း (၈၀၀၀)ခန့်ရှိသည့်အနက် အမျိုး(၂၀)ခန့်သာ ပုလဲထွက်ရှိပါသည်။ ရေချိုတွင်ရှင်သန်ပြီး ပုလဲထုတ်လုပ်နိုင်သည့် ကနုကမာမျိုးကို ဂုံးကောင် (clam) ဟုခေါ်ပြီး ရေငန်တွင် ရှင်သန်ပေါက်ဖွားသော ကနုကမာကောင်မျိုးကိုမူ မုတ်ကောင် (oyster) ဟုခေါ်ကြပါသည်။

သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ရှိရာ သဘာဝပုလဲသည် မုတ်ကောင်၏ ခန္ဓာကိုယ်အတွင်းတွင်ဖြစ်ပေါ်ပြီး မွေးပုလဲဆိုသည်မှာ သဘာဝပုလဲဖြစ်ပေါ်မှုဖြစ်စဉ်ကို လူတို့က ပြုပြင်ဖန်တီးထားခြင်းဖြစ်ပါသည်။ သဘာဝပုလဲဖြစ်ပေါ်လာပုံမှာ ကမာ၊ ဂုံးစသည့် အခွံမာရေသတ္တဝါ၏ကိုယ်တွင်းသို့ သဲပွင့်တစ်ပွင့်ဖြစ်စေ၊ ရေပိုးမွှားဖြစ်စေ၊ အခြားသေးငယ်သောအရာဝတ္တုဖြစ်စေ ဝင်ရောက်လာပါက ကမာကောင်လေးများ၏ နူးညံ့သောအတွင်းသားသည် လူတို့၏မျက်စိတွင်းသို့ ပိုးမွှားဝင်သကဲ့သို့ ယားယံသလိုဖြစ်ကာ အခံရဆိုးလာပါသည်။

ထိုအခါ နူးညံ့သောကိုယ်တွင်းမှ နွားနို့ရည်ကဲ့သို့ ဖြူဆွတ်ကြည်လင်သောအရည်များကို အကြိမ်ကြိမ်ညှစ်ထုတ်၍ ယားယံစေသောအရာဝတ္တုများကို ဖယ်ရှားရန် ကြိုးစားကြပါသည်။ ဖယ်ရှား၍မရနိုင်သောအခါ ထိုအရာဝတ္တုငယ်ကို အရည်ကြည်များဖြင့် အထပ်ထပ်ဖုံးအုပ်လေသည်။ ထိုသို့ဖုံးအုပ်ထားရာမှ ကာလကြာမြင့်သောအခါ အရည်ကြည်များသည် မာ၍ခဲလာကာ နောက်ဆုံး၌ "ပုလဲ"အဖြစ်သို့ ရောက်ရှိလာပါသည်။

ကမာကောင်များသည် တစ်ကြိမ်ပေါက်ဖွားလျှင် အကောင်ရေသိန်း၊ သန်းချီပေါက်ဖွားနိုင်သည်။ ကမာသားပေါက်များသည် ပူနွေးသောဒေသများ၌ ကြီးထွားမှုနှုန်းမြန်ဆန်သည်။ ကမာကောင်၏ အရွယ်အစားမှာ အမျိုးအစားအလိုက်၂-၃နှစ်အတွင်း ၁ လက်မခွဲမှ ၅ လက်မအရွယ်ခန့်အထိရှိကြသည်။

ကမာကောင်များမှာ ရေအောက်ရှိသေးငယ်သော အပင်နှင့် ရေပိုးမွှားများကို ခုံမင်စွာစားသောက်ကြသည်။ ကမာကောင်မှ ပုလဲရရှိသလို အသားမှာလည်း လူကိုအဟာရဖြစ်စေသော သံဓါတ်နှင့် ကြေးနီဓါတ်များစွာပါဝင်ပြီး သွေးအားနည်းသူများကို ကျွေးလေ့ရှိသည်။

ကမာကောင်၏ လိင်သဘာဝမှာ ထူးခြားလှပြီး (၂) မျိုးခွဲခြားထားပါသည်။ ပထမမျိုးမှာ-အဖိုနှင့်အမ တစ်လှည့်စီဖြစ်သွားသော မျိုးစိတ်ဖြစ်ပြီး ဒုတိယမျိုးမှာ- တစ်နှစ်အတွင်း (၃) ကြိမ်မျှ လိင်ပြောင်းလဲတတ်သော မျိုးစိတ်ဖြစ်သည်။ စတင်ပေါက်ဖွားချိန်တွင် အဖိုဓါတ်ဖြစ်ပြီး ပေါက်ဖွားချိန်လွန်မြောက်သောအခါ အဖိုဘဝမှလိင်ပြောင်းကာ အမဘဝသို့ကူးပြောင်းသွားတတ်သည့် မျိုးစိတ်ဖြစ်သည်။

စားသုံးရန်သာမက ပုလဲရတနာပါထုတ်လုပ်ပေးသော ကမာကောင်လေးများမှာ တန်ဖိုးကြီးလှပေသည်။ ပုလဲကိုဝတ်ဆင်ခြင်းဖြင့် ကျက်သရေရှိခြင်း၊ နုပျိုခြင်း၊ ကျန်းမာခြင်းရှိသည်ဟုယူဆကြသည်။

Source- AQUADAPT Myanmar

You

ဆက်စပ်ဆောင်းပါးများ

WorldFish

နည်းပညာမိတ်ဖက်အဖွဲ့

WorldFish

WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။