ငါးမြွေထိုးငါး.......အသုံးဝင်ပုံ
ငါးမြွေထိုးငါးမှာ ရွံ့နွံတွင် ထိုးဝပ်နေတတ်သော ငါးတစ်မျိုးဖြစ်သည်။ ငါးမြွေထိုးငါးကို တချို့ဒေသများတွင် 'ငါးလမြွေ' ဟုလည်း ခေါ်ဆိုကြပါသည်။ ခန္ဓာကိုယ်မှာ မြွေပုံသဏ္ဍာန်နှင့် အနည်းငယ်ဆင်တူကြပြီး နှုတ်သီးချွန်ကာ အကြေးခွံသေးသေးလေးများရှိကြပါသည်။
ငါးမြွေထိုးငါးကို အင်္ဂလိပ်လို ‘spiny eel (or) colorful eel’ ဟုလည်း ခေါ်ဆိုကြသည်။ မျိုးစိတ်ပေါင်းမြောက်များစွာ ရှိကြပါသည်။ ငါးမြွေထိုးငါး၏ အရွယ်အစားမှာ ( ၅လက်မခန့် မှ ၇လက်မခန့်)ထိ ရှည်လျားကြပြီး ငါးမြွေထိုးအသေးမှာ (၃လက်မမှ ၄လက်မခန့်)အရွယ်အစားရှိကြပါသည်။ အရောင်မှာ အနက်နှင့် ရွေအိုရောင်တို့ဖြစ်ကြပါသည်။
ငါးမြွေထိုးငါးသက်တမ်းမှာ (၈-၁၈)ခန့်အထိ အသက်ရှည်နေထိုင်နိုင်ကြပါသည်။ ငါးမြွေထိုးငါးအမမှာ ဥ(၁)ကြိမ်ဥလျှင် ဥပေါင်း(၁၀၀၀)ခန့် ဥဥနိုင်ကြပါသည်။ အခွံမာ ရေသတ္တဝါငယ်လေးများ၊ ငါးငယ်များစသည်တို့ကို သူတို့၏အစာအဖြစ် စားသုံးလေ့ရှိကြသည်။
ငါးမြွေထိုးငါးမှာ ငါးအစိုရော၊ ငါးမြွေထိုးခြောက်ပါ အရသာကောင်းမွန်လှ၍ လူကြိုက်များကြပါသည်။ ငါးမြွေထိုးငါးကို အချဥ်ဆီပြန် မဆလာဟင်း၊ ငါးမြွေထိုး ခြောက်စပ်ဟင်း၊ ဆီလည်ရေလည်ဟင်း စသည်ဖြင့် ချက်စားကြပါသည်။ ငါးမြွေထိုးကို မီးသွေးဖိုမှာကင်ပြီး ချက်စားပါက ပို၍ စားကောင်းသလို အနံ့လည်း ပိုမွှေးပါသည်။ တချို့လည်း ငါးမြွေထိုးအစိုကို ကျပ်တင်ပြီး ငါးမြွေထိုးကျပ်တိုက်ကို ငါးရှဉ့်ခြောက်စပ်ချက်သလို ချက်စားကြပါသည်။
ငါးမြွေထိုးငါးအသားနှင့် ရဲယိုရွက်ကို ပြုတ်၍ သုပ်စားလျှင် ပင်လယ်အူနာရောဂါကို သက်သာစေသည်ဟု သိရသည်။ ထို့ပြင် ငါးမြွေထိုးနှင့်ကြောင်လျှာသီးကို ချက်စားကြပါက မြင်းသရိုက်ရောဂါ၊ ဒူးလာသွေးဝမ်းနှင့် မီးယပ်သွေးဝမ်းတို့ကို သက်သာပျောက်ကင်းစေကြောင့်း မှတ်ရဖူးပါသည်။
ထို့ပြင် ငါးမြွေထိုးကို ကြာရှည်ထားပြီး စားသုံးနိုင်အောင် အခြောက်လှန်းကာ ငါးမြွေထိုးခြောက်ပြုလုပ်၍လည်း စားသုံးကြပါသည်။ ငါးမြွေထိုးခြောက်ပြုုလုပ်လိုလျှင် ငါးမြွေထိုးကို ဆားရည်စိမ်ပြီး နေပြင်းပြင်းမှာ ၂နေ၊ ၃နေ လှန်းလိုက်ပါက ငါးမြွေထိုးခြောက်များရရှိနိုင်သည်ဟု သိရပါသည်။ ငါးမြွေထိုးခြောက်ကို ကြော်ပြီး ကောက်ညှင်းပေါင်း၊ ထမင်းကြော်ဖြင့်လည်း တွဲဖက်စားသုံးကြပါသည်။
ငါးမွေးထိုးစားသုံးမှု (၁၀၀)ဂရမ်တွင် အင်အားဓါတ် (၈၉) ကီလိုကယ်လိုရီ၊ ပရိုတင်းဓါတ် (၁၄.၃၀) ဂရမ်နှင့် ထုံးဓါတ် (၂၄၉)မီလီဂရမ် ပါဝင်သည်ဟု သိရသည်။ ငါးမြွေထိုးခြောက် စားသုံးမှု (၁၀၀)ဂရမ်တွင် အင်အားဓါတ် (၂၉၈) ကီလိုကယ်လိုရီ ၊ ပရိုတင်းဓါတ် (၅၂.၅၀) ဂရမ်၊ အဆီဓါတ် (၉.၇၀) ဂ၇မ်၊ မီစုန်းဓါတ် (၆၂၅.၀၀) မီလီဂရမ်အပြင် သံဓါတ်နှင် ထုံးဓါတ်များလည်း ပါဝင်သည်။
ငါးမြွေထိုးငါးမှာ အစာကြက်ညက်လွယ်စေသည်။ လေရောဂါ၊ သည်းခြေဝေဒနာသည်တွေကို ကောင်းကျိုးပြုပါသည်။ သလိပ်ပျော်စေသည်။ အကြောအားကောင်းစေသည်ဟု သိရပါသည်။
ငါးမြွေထိုးငါးကို
Phylum (မျိုးပေါင်းစု) – Chordata
Class (အမျိုးအစား) – Actinopterygii
Order (မျိုးစဉ်) – Synbranchiformes
Family (မျိုးရင်း) –Mastacembelidae
Genus (မျိုးစု) – Macrognathus
Species (မျိုးစိတ်) – Macrognathus Zebrinus ဟူ၍ ဖြစ်ပါသည်။
ပင်လယ်ပြာ (ငါးဦးစီးဌာန)
(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026