အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တန်ဖိုးကြီးငါးစီဖောင်းနှင့် အသုံးဝင်မှုများ

တန်ဖိုးကြီးငါးစီဖောင်းနှင့် အသုံးဝင်မှုများ

    ငါးစီဖေါင်းကို အင်္ဂလိပ်လို Swimbladder (or) Air Bladder(or) Fish Maw ဟု ခေါ်ဆိုကြသည်။ ငါးစီဖောင်းကို ပင်လယ်ပိုင်းဒေသနှင့် ဆက်စပ်နေသော ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ် အစရှိတဲ့ နေရာဒေသတွေမှာသာ တွေ့ရများပါသည်။ ငါးစီဖေါင်းသည် အရိုးမာငါးအုပ်စု (Bony Fish) တွေမှာ အများစုပါရှိကြပြီး စီဖောင်းအရွယ်အစားနှင့် ငါးအမျိုးအစားအလိုက် တန်ဖိုးကြီးမြင့်ကြပါသည်။

    ငါးစီဖောင်းမှန်သမျှ စျေးကောင်းပြီး ဆေးဘက်ဝင်ကြပါသည်။ ငါးစီဖောင်းများတွင် ငါးပုတ်သင် (croaker) အုပ်စုဝင်ဖြစ်သော ကသမျှင်ငါးမှရသော ကသမျှင်ငါးစီဖောင်းမှာ သိန်းရာချီအဖိုးတန်ပြီး ဆေးဘက်ဝင်ကြပါသည်။

    ပင်လယ်အောက်ခြေတွင် တွင်းတူးနေထိုင်သောငါး၊ အရိုးမာငါးတစ်ချို့နှင့် အရိုးနုငါးများတွင် ငါးစီဖေါင်းများ မပါရှိကြပါ။ အရိုးနုငါး ငါးမန်း၊ ငါးလိပ်ကျောက်များတွင်လည်း လေစီဖောင်းမပါရှိကြဘဲ သူတို့အသည်းတွင်ရှိသော အဆီသိုလှောင်မှုမှာ ကိုယ်ထည်ပေါ့ပါးကာ ရေအနက်တွင် ထိန်းညှိနိုင်ကာရေပေါ် ပေါ်စေနိုင်ပါသည်။

    သို့သော် ငါးအများစုမှာ ငါးစီဖောင်းပါရှိခြင်းကြောင့် ရေမျက်နှာပြင်မှ နက်ရှိုင်းသော ရေအောက်လွှာအထိ ကိုယ်ထည်ထိန်းညှိကာ သွားလာနိုင်ကြသည်။ Drums and Croakers ဟုအမည်တွင်သော ငါးပုတ်သင်/ငါးပျက်အုပ်စုဝင် ငါးများသည် လေစီဖောင်းမှ အသံထုတ်ကာ မျိုးတူငါးများအချင်းချင်း ဆက်သွယ်သွားလာကြပါသည်။

    ငါးစီဖေါင်းသည် အရိုးမာငါးများကို ရေပေါ်တွင်ပေါ်စေရန်အတွက် ထိန်းချုပ်ပေးခြင်းကို အဓိကဆောင်ရွက်ပေးပါသည်။

    ထို့ပြင် ငါးအများစုသည် လေစီဖောင်းသွားရမည့် ရေအတိမ်အနက်ကို ဆုံးဖြတ်ကာ အသံကိုထုတ်လွှတ်ခြင်း၊ အသံကိုပြန်ကြားစေခြင်းဖြင့် အကြားအာရုံနှင့် ဆက်နွယ်ပေးကာ သွားလိုရာကို ဆောင်ရွက်ပေးပါသည်။

    စီဖောင်းပါငါးများတွင် စီဖောင်းအရွယ်အစားမှာ ရေချိုငါးတွင် ခန္ဓာကိုယ်ထည်၏ ၅% ပမာဏရှိပြီး ရေငန်ငါးတွင် ၇ % ရှိကြသည်။ အချို့ငါးများတွင် ၄င်းထက် ပိုကြီးကြပါသည်။

    ငါးစီဖေါင်းပါသော စားသောက်ကုန်များသည် အသားဓာတ်(protein) ကြွယ်ဝစွာ ပါရှိကြပါသည်။ ငါးစီဖောင်းကို ရေဒဏ်တောင့်တင်းစွာခံနိုင်သော ကော်အဖြစ်လည်း အသုံးပြုလို့ရပါသည်။

    တရုတ်လူမျိုးများမှာ ငါးစီဖေါင်းကို စွပ်ပြုတ်အဖြစ်စားသုံးကြသလို ဟင်းသီးဟင်းရွက်နှင့်ရောကာ စီဖောင်းနှပ်၊ စီဖောင်းကြော်၊ စီဖောင်းသုပ်ဟူ၍လည်း ပြုလုပ်စားကြပါသည်။

    ပင်လယ်ပိုင်းဒေသတွေမှာ အလှူအတန်းပြုလုပ်ပါက ငါးစီဖေါင်းသုပ်ကို ကျွေးမွေးလေ့ရှိကြသည်။ ငါးရောင်၊ ငါးထွေ အစရှိတဲ့ ငါးမျိုးစိတ်တွေမှရရှိသော စီဖောင်းများဖြစ်သောကြောင့် ငါးစီဖောင်းသုပ်ကိုစားရာတွင် စီးစီးပိုင်ပိုင်ရှိပြီး ဝါးရာ၌ ထုတ်ထုတ်လေးနှင့် အရသာထူးလှသော ပင်လယ်စာ ဟင်းလျာတစ်မျိုး ဖြစ်ပေသည်။

    ငါးခြောက်လုပ်ဖို့ ငါးကိုခွဲသောအခါ ငါးစီဖေါင်းများကို သီးခြားဖယ်ထားပြီး နေလှန်းကာ ခြောက်သွေ့ပါက နှစ်ပေါက်အောင် သိမ်းဆည်းစုဆောင်းထားပြီးနောက် စျေးကောင်းကောင်းနှင့် ပြန်လည် ရောင်းချကြပါသည်။ 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။