အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လက်ရှိအသားငါးဈေးနှုန်းများ (ဆိတ်သားဈေးစံချိန်တင်အောင်မြင့်တက်)

လက်ရှိအသားငါးဈေးနှုန်းများ (ဆိတ်သားဈေးစံချိန်တင်အောင်မြင့်တက်)

AMIA
AMIA • 15/01/2026

ပြည်တွင်း အသား ငါးစျေးကွက်မှာ ဆိတ်သားစျေးနှုန်းက စံချိန်‌တင်‌ဈေးမြင့်တက်လာပြီး ဝက်သား နဲ့ အမဲသားကလည်း အမြင့်စျေးနှုန်းမှာပဲ ဆက်ရှိနေတယ်လို့ အသားငါး ရောင်းချသူတွေ ဆီကသိရပါတယ်။

ဆိတ်သားစျေးက လက်ရှိ ပြည်တွင်း အသားစျေးကွက်မှာ တစ်ပိဿာကို ၈၅၀၀၀ ကျပ်ဝန်းကျင် အထိစျေးနှုန်း မြင့်တက်နေတာ ဖြစ်တယ်လို့သိရပါတယ် ။

ဝက်သားစျေးကတော့ သုံးထပ်သား အဆီအသား အရော တစ်ပိဿာကို ၃၂၀၀၀ ကျပ်စျေးရှိပြီး နေရာဒေသအလိုက် စျေးကွာခြားတဲ့ အခြေအနေတွေကြောင့် အမြင့်ဆုံး တစ်ပိဿာကို ၄၅၀၀၀ အထက်အထိ စျေးရှိတယ်လို့ သိရပါတယ်။

အမဲသားစျေးကလည်း တစ်ပိဿာကို ၃၃၀၀၀ ကျပ်မှ ၃၈၀၀၀ ကျပ်အထိ စျေးတန်းရှိ နေပြီး အသားအနေအထားပေါ် လိုက်ပြီး စျေးနှုန်းကွာခြားမှု ရှိသလို ၊ နေရာဒေသ အပေါ်လိုက်ပြီး လည်း စျေးနှုန်းလည်းကွာခြား မှုရှိတယ်လို့ သိရပါတယ်။

ဆိတ်သား ၊ အမဲသား နဲ့ ဝက်သား​ စျေးနှုန်းတွေက မြင့်တက်နေတဲ့အတွက် စားသုံးမှုနှုန်းအနေနဲ့ ယခင်ကထက် ပိုပြီး လျော့ကျသွားတဲ့ အခြေအနေ ရှိတယ်လို့ သိရပါတယ်။

" ဆိတ်သားက ဒီနေ့သိရတာ ၈၅၀၀၀ တဲ့ လက်လန်တယ်။ အမဲသား ၊ ဝက်သားစျေးကလည်း မြောက်နေတုန်းပဲ ။ စျေးက မြင့်တာက တပိုင်း ၊ ဒီဆိတ်သားတို့ အမဲသား နဲ့ ဝက်သားက လူတိုင်းလည်း သိပ်ပြီးစားတဲ့ အသားမဟုတ်တော့ ခုကာလ စားသုံးမှု ပိုပြီးကျပါတယ် " လို့ ပဲခူးတိုင်းက အသား ရောင်းချသူ ကိုဇော်က ပြောပါတယ်။

ကြက်သား နဲ့ ငါးကြင်းကတော့ အကျစျေးမှာ ပဲရှိပြီး လက်ရှိမှာ ကြက်သား တစ်ပိဿာကို အမြင့်ဆုံး အသားသီးသန့် ( အရိုးမပါ) တစ်ပိဿာ ၂၇၀၀၀ ကျပ် ရှိပြီး ကြက်အပေါ်ပိုင်း အသား ရင်ညွှန့်ရိုးပါတာက ၂၃၀၀၀ ကျပ်နဲ့ ပေါင်က ၂၀၀၀၀ စျေး ၊ အတောင်ပံက ၁၈၀၀၀ ကျပ်ဝန်းကျင်ရှိ ပါတယ်။

ငါးကြင်းစျေးနှုန်းကတော့ တစ်ပိဿာကို ၂၆၀၀၀ ကျပ်မှ ၂၈၀၀၀ ကျပ်ဝန်းကျင် စျေးရှိပြီး လက်ရှိပြည်တွင်းအသားငါး စျေးကွက်မှာ ကြက်သား နဲ့ ငါးကြင်းကိုသာ စားသုံးမှုများတယ်လို့ သိရပါတယ်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။