သွေးခုံး(ဂျင်း) မွေးမြူရေး ပိုကျယ်ပြန့်လာ၍ သားပေါက်ဈေးနှုန်းနှစ်ဆခန့် မြင့်တက်
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆၀ ကျော်အနက် နုန်းမြေကောင်းသည့်ကျေးရွာအများစုတွင် သွေးခုံး(ဂျင်း)ကို စီးပွားဖြစ်ကျယ်ကျယ်ပြန့်ပြန့် မွေးမြူလာ၍ သွေးခုံး(ဂျင်း) သားပေါက်များ စျေးကောင်းရနေသည်ဟု သိရသည်။

သွေးခုံး(ဂျင်း)သားပေါက်တို့သည် ရေကန်တောင်ကျေးရွာတွင် အများဆုံးထွက်လေ့ရှိပြီး သွေးခုံးမွေးမြူခြင်း လုပ်ငန်းအတွက် သားပေါက်များအများအပြားဝယ်ယူရောင်းချနေကြခြင်းဖြစ်သည်။
ယခုနှစ်တွင် သွေးခုံး(ဂျင်း)သားပေါက်ရှားပါးခြင်းနှင့် အများအပြားဝယ်ယူခြင်းကြောင့် စျေးတက်သွားခြင်းဖြစ်ပြီး ယခင်ကတစ်ခြင်းလျှင် အထိုင်စျေး ကျပ် ၂ သိန်းကျော်သာရှိရာမှ သွေးခုံးသားပေါက်အရနည်းခြင်း၊ စောင့်ဆိုင်းရခြင်းတို့ကြောင့် လက်ရှိတွင် တစ်ဆင့်ခံ ရောင်းချသူများက ဈေးမြှင့်ရောင်းချနေကြခြင်းဖြစ် သည်ဟု သိရသည်။
" ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လတွေတုန်းက ဂျင်းသားပေါက် ၂၅ ကီလိုပါ တစ်ခြင်းကို ကျပ် ၂ သိန်းလောက်ပဲ စျေးရခဲ့တာ။ အခုအချိန်မှာတော့ ကျွန်းစုမြို့နယ်ထဲမှာ ဂျင်းသားပေါက် ၂၅ ကီလိုပါတစ်ခြင်းကို ကျပ် ၄ သိန်းကျော်အထိ ပေါက်စျေးရပြီး စျေးကောင်းနေတယ်”လို့ ဂျင်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။
ဂျင်းအရောင်းအဝယ်အနေနှင့်တော့ ဂျင်းသားပေါက် ၁ ကီလိုကို ကျပ် ၁၈၀၀၀ ကနေ ၃၀၀၀၀ လောက်ရရှိပြီး စျေးကွက်ဝင် ဂျင်းအကောင်ကြီး ၁ ကီလိုဆိုရင်တော့ ကျပ် ၆၅၀၀ ခန့်စျေးရကြသည်ဟု သိရသည်။
လက်ရှိတွင် ခုံးကောင်(ဂျင်း) ဈေးကွက်အနေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ မောတောင်နယ်စပ်ဂိတ်မှတစ်ဆင့် အများဆုံးတင်ပို့ရောင်းချနေသည်ဟု သိရသည်။
ကျန်းမာရေးရှုထောင့်အနေဖြင့်ကြည့်လျှင် ခုံးကောင်ထဲတွင် ဗီတာမင်နှင့် အာဟာရဓာတ် ပြည့်ဝစွာပါဝင်နေသလို ပရိုတင်းနှင့် အခြားသတ္တုဓာတ်များလည်း များစွာပါဝင်သည်ဟု သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သန့်ဇင်ထွန်း
လွန်ခဲ့သော ၃ နှစ် ကဂျင်းမွေးမြူနည်းစနစ်
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026