“မြန်မာ့ကြက်မွေးမြူရေးကဏ္ဍ၏ အနာဂတ်” ခေါင်းစဉ်ဖြင့် အွန်လိုင်း သင်ကြားဆွေးနွေးခြင်း အစီအစဉ်ပြုလုပ်မည်
၂၀၂၀ ခုနှစ်၊ ဇွန်လ ၈ ရက်၊ ည(၈:ဝဝ)နာရီ မှ ည (၁၀) နာရီအချိန်တွင် The Future Poultry industry in Myanmar “မြန်မာ့ကြက် မွေးမြူရေးကဏ္ဍ၏ အနာဂတ်” ခေါင်းစဉ်ဖြင့် အွန်လိုင်း သင်ကြားဆွေးနွေးခြင်း အစီအစဉ်ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
ဆွေးနွေးပွဲပြုလုပ်ရတာကတော့ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ကျောင်းဆင်း၊ ဘွဲ့ကြို၊ဘွဲ့လွန် ကျောင်းသားကျောင်းသူတွေကို Zoom meeting အသုံးပြု အွန်လိုင်း သင်ကြားမှု အပြင်၊ နိုင်ငံသားမွေးမြူရေးလုပ်ငန်းရှင်တွေ ဆက်လက်ရပ်တည်နိုင်ရေးကို ဆွေနွေးဖို့လည်း ရည်ရွယ်ပါတယ်။ ပြင်ပက မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့၊ တစ်နိုင်တပိုင် အသေးစား အလတ်စား မွေးမြူရေး လုပ်ကိုင်နေသူတွေလည်း ပါဝင်ဆွေးနွေးနိုင်ပါတယ်။
ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ(၁) ဒေါက်တာကျော်ထင် က ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ (၁) ဒေါက်တာကျော်ထင်၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ (၃) ဒေါက်တာနေသူရိန်၊ ရန်ကုန်တိုင်းဒေသကြီး အသားတိုးကြက်မွေးမြူသူများအသင်း ဥက္ကဌ ဒေါက်တာကျော်ဝင်း၊ Kyaw Family and Farmers Group Co., Ltd မှ ဦးကျော်ဇေယျ တို့ ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး၊ Livestock Info မှ Dr.သက်ခိုင် က Moderator အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
လက်ရှိအခြေအနေအရ ကိုယ့်နိုင်ငံသား မွေးမြူရေးလုပ်ငန်းရှင်တွေ ရပ်တည်လုပ်ကိုင်နိုင်ဖို့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒီတော့ နိုင်ငံသားလုပ်ငန်းရှင်တွေ ဆက်လက် ရပ်တည် လုပ်ကိုင်နိုင်ဖို့ ဘာတွေ ပြောင်းလဲပေးဖို့ လိုအပ်မလဲ။ ဘာတွေပံ့ပိုးပေးဖို့ လိုအပ်မလဲ။ အဲဒီအကြောင်းအရာတွေကို အဓိကထား ဆွေးနွေးသွားရမှာပါ။
ဟု ဒေါက်တာကျော်ထင် က ဆက်လက်ပြောသည်။
Zoom Meeting အသုံးပြု၍ အွန်လိုင်းဆွေနွေးခြင်း ဖြစ်ပြီး၊ Zoom Meeting မှ လက်ခံနိုင်သည့်အရေအတွက်မှာ လူဦးရေ ၁၀၀ ဖြစ်သဖြင့်၊ ပါဝင်ဆွေးနွေးလိုသူများ အနေဖြင့် အမည်စာရင်းပေးသွင်းကြရန် လိုအပ်ကြောင်း သိရသည်။
ဆွေးနွေးပွဲပြုလုပ်နေစဉ် အများပြည်သူ လေ့လာသိရှိနိုင်စေရန် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် Facebook စာမျက်နှာမှလည်း တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။
နန်းထက်ထက်ချစ် (ABM)
MyoKyawThu
လွန်ခဲ့သော ၆ နှစ် ကhi
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022