DoF-SCF စီမံကိန်းတွင် ပါဝင်သော ကျေးရွာများအတွက် လိုအပ်သော သွင်းအားစုများ ထောက်ပံ့ရန် ဘတ်ဂျက်တောင်းခံထား
ရန်ကုန်၊ ဇွန် ၂၀ ရက်။
ဒိန်းမတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရေရှည်တည်တံ့သော ကမ်းရိုးတန်းငါးလုပ်ငန်း စီမံကိန်း (DoF-SCF)တွင် ပါဝင်သော ကျေးရွာ ၈ ရွာအတွက် လိုအပ်သောသွင်းအားစုများ ထောက်ပံ့နိုင်ရန် ဘတ်ဂျက်တင်ပြတောင်းခံထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
အဆိုပါစီမံကိန်းအတွက် ဒိန်းမတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၀ သန်းဝန်းကျင် (ဒိန်းမတ်ငွေ ၆၆ သန်း) ကူညီပံ့ပိုးခြင်းဖြစ်ပြီး စီမံကိန်းမှာ ၂၀၁၆ -၂၀၂၀ အထိ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့ရှိ Lotte Hotel တွင် ဇွန်လ ၂၀ ရက်က ကျင်းပပြုလုပ်သည့် ငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှု အတွေ့အကြုံများဆိုင်ရာ နှီးနှောဖလှယ်ပွဲမှ သိရသည်။
"ငွေကြေးကို ဒိန်းမတ်က ထောက်ပံ့ပေးတယ်ဆိုပေမယ့်လို့ ဒီငွေကို နိုင်ငံတော်ငွေကဲ့သို့ နိုင်ငံရဲ့ အရသုံးစာရင်းထဲမှာ ထည့်ပေးရတယ်။ နိုင်ငံငွေဖြစ်တဲ့အတွက် ဒီဟာကိုလည်း နိုင်ငံ့ငွေသုံးတဲ့အခါကြတော့ သူရဲ့ တင်ဒါ pr ocess နဲ့ ချမှတ်ပေးထားတဲ့ ၁/၂၀၁၇ ဆိုတဲ့ process နဲ့ ပဲ သွားရတာ။ ဒါကြောင့် ဒီ process နဲ့အညီ ငွေသုံးစွဲရ တာတွေ လုပ်ရတယ်။ ဒါကြောင့် ဒီနှစ်ဘတ်ဂျက်မကုန်ခင် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ဖို့ ဝယ်မှာဖြစ်တယ်။" ဟု ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူ း ဦးထွန်းဝင်းမြင့်က ပြောသည်။
ငါးလုပ်ငန်းဦးစီးဌာနသည် ဒိန်းမတ်နိုင်ငံ၏ ကူညီအထောက်အပံ့မှုဖြင့် ကမ်းရိုးတန်းငါးလုပ်ငန်း ပတ်သက်သူအားလုံး ပူးပေါင်းပါဝင်သည့် ငါးလုပ်ငန်းဆိုင်ရာ အုပ်ချုပ်ရေးစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ဖွံ့ဖြိုးတိုးတက်သော ငါးလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု နည်းပညာများအား ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
စီမံကိန်း၏ ရည်ရွယ်ချက်မှာ မြန်မာ့ကမ်းနီးငါးလုပ်ငန်းများအား စီမံခန့်ခွဲရာတွင် ရေရှည်ဆောင် ရွက်နိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသခံအစုအဖွဲ့များအကြား ပူးပေါင်းစီမံခန့်ခွဲမှုအစီအစဉ်အား အစပျိုးဆောင်ရွက်ရန်၊ ငါးလုပ်ငန်းဥပဒေ များ စိုးမိုးလာစေရေးအတွက် ပင်လယ်ပြင်ကင်းလှည့်စစ် ဆေးရေး လုပ်ငန်းအစီအစဉ်များကို ကူညီပံ့ပိုးပေးရန်၊ ဖမ်းဆီးရမိသည့် ငါးများအလေအလွင့် မရှိစေရေးနှင့် တန် ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးခြင်းဖြင့် ကမ်းရိုးတန်းနေ ကျေးလက်လူထု၏ အသက်မွေးဝမ်ကြောင်းများ တိုးတက်လာအောင် ဆောင်ရွက်သွားရန်နှင့် ငါးမဖမ်းရရာသီများတွင် လုပ်ကိုင်လို့ရမည့် အခြားသော အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို ရှာဖွေသွားရန်တို့ဖြစ်ကြောင်း သိရသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် Danida နှင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်က MoU ရေးထိုးခဲ့ပြီးနောက် ရခိုင်ပြည် နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စမ်းသပ်ကျေးရွာ ၈ ရွာတွင် ရေရှည်တည်တံ့သော ကမ်းရိုးတန်းငါးလုပ်ငန်း (DoF-SCF) စီမံကိန်း အစပြုလာခြင်းဖြစ်သည်။
"SCF စီမံကိန်းကတော့ ကမ်းရိုးတန်း ရေသယံဇာတ စဉ်ဆက်မပြတ်ထိန်းသိမ်းတာပါ။ အဓိကလုပ်တာကတော့ ဒီ SCF စီမံကိန်းကို တနင်္သာရီတိုင်းက မြို့နယ်နှစ်ခုနဲ့ ရ့ခိုင်ပြည်နယ်က မြို့နယ်သုံးမြို့နယ်မှာ လုပ်တာဖြစ်ပါတယ် ။ အခုချိန်မှာတော့ ကမ်းရိုးတန်းသယံဇာတ ထိန်းသိမ်းတဲ့ လုပ်ငန်းတွေမှာ အဓိကတော့ ကမ်းရိုးတန်း ရေလုပ်သားတွေကို Communities တွေ ဖွဲ့ပေးတယ်။ ဒီအစုအဖွဲ့တွေကို ကမ်းနီးရေလုပ်ငန်းမှာ ရှောင်ရန်/စောင်ရန် ဘာရှိသလဲ။ သူတို့ကို ပေးပညာပေးတဲ့ လုပ်ငန်းတွေလုပ်ပြီးပြီ။ ဒါပြီးရင် ဘာဆက်လုပ်မလဲဆိုတော့ သူတို့ရဲ့ ဝင်ငွေတိုးတက်လာအောင် ဒီငါးတွေကို ဘယ်လိုထိန်းသိမ်းရလဲ။ ဘယ်လိုပြုပြင်ရလဲ။ ဘယ်လိုထုတ်လုပ်ရလဲဆိုတာ ကို စီမံကိန်းကနေ သင်ပေးတာပေါ့။ လိုအပ်တဲ့ သွင်းအားစုတွေ ထောက်ပံ့မှုတွေ လုပ်နေတယ်။" ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဒေါက်တာခင်ဇော်က ပြောသည်။
လက်ရှိတွင် ကျေးရွာအခြေပြုပူးပေါင်းစီမံခန့်ခွဲမှုကော်မတီများကို စီမံကိန်းကျေးရွာ ၈ ရွာတွင် ရွေးကောက်တင် မြှောက်နိုင်ခဲ့ပြီး ငါးလုပ်ငန်း စီမံခန့်ခွဲရေး စီမံချက်များရေးဆွဲခြင်းနှင့် စီမံခန့်ခွဲမှုပြုလုပ်သွားမည့် ဧရိယာများ သတ် မှတ်ခြင်းကို စီမံကိန်းကျေးရွာ ၄ ရွာတွင် လုပ်ဆောင်လျက် ရှိသလို စခန်းသစ်နှင့် ပန်းဇင်ကျေးရွာများ၌ ကင်းလှည့်စစ်ဆေးခြင်းအား လုပ်ဆောင်လျက်ရှိကာ စစ်ဆေးရေး ရေယာဉ်နှစ်စီးဝယ်ယူရန်လည်း စီစဉ်ထားကြောင်း သိရသည်။
ထို့အပြင် စီမံကိန်းကျေးရွာ ၈ ရွာတွင် အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေး သင်တန်းများပေးခြင်း၊ လေ့လာဆန်းစစ်မှုများအပေါ် အခြေခံ၍ ငါးပြုပြင် တိုးတက်စေရေးအတွက် ရေခဲများ သိုလှောင်ထားနိုင်မည့် ကွန်တိန်နာထားရှိနိုင်ရေးနှင့် ရေခဲများအား အလှည့်ကျ ကြိုတင်ရောင်းချပေးနိုင်မည့် လုပ်ငန်းစဉ်များကို ရခိုင်ပြည်နယ်ရှိ သဲချောင်းကျေးရွာတွင် ကော်မတီမှ ကူညီပေးခြင်း၊ ကျေးတောပိုက်ဆိပ်ကျေးရွာတွင်လည်း မိုးရွာသီငါးခြောက်လှန်းနိုင်မည့် ငါးခြောက်လှမ်းစံအိမ်များ စံပြတည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026