အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်ခြံတွေမှာ အသေအပျောက်များလို့ အောက်တိုဘာလကစပြီး ကြက်အရှင်ဈေး ဆက်တိုက်မြင့်တက်နေ

ကြက်ခြံတွေမှာ အသေအပျောက်များလို့ အောက်တိုဘာလကစပြီး ကြက်အရှင်ဈေး ဆက်တိုက်မြင့်တက်နေ

AMIA
AMIA • 11/11/2025

ပြည်တွင်း မွေးမြူရေးကဏ္ဍမှာ အသားတိုးကြက် ထုတ်လုပ်မှုလျော့ကျလာပြီး ဝယ်လိုအားများနေတဲ့အတွက် ကြက်အရှင်စျေး ဆက်တိုက် မြင့်တက်လာနေတယ်လို့ ကြက်မွေးမြူရေး လုပ်ကိုင်သူတွေ ဆီကသိရပါတယ်။

အသားတိုးကြက် အရှင်စျေးနှုန်းသည်  အောက်တိုဘာလမှစပြီး ယခု နိုဝင်ဘာလအထိ  စျေးတန်း ဆက်တိုက်မြင့်တက်လာနေပြီး တစ်ပိဿာကို ၅၀၀၀ ကျပ်လောက်အထိ မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။ 

ကြက်အရှင်စျေးနှုန်းက နေရာဒေသအလိုက် စျေးနှုန်းကွာခြားမှုရှိနေပြီး လက်ရှိမှာ အမြင့်ဆုံးစျေးနှုန်း တစ်ပိဿာကို ၁၉၅၀၀ ကျပ်ဝန်းကျင်လောက်အထိ စျေးမြင့်လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ကြက်အရှင် စျေးနှုန်းသည် စစ်ကိုင်း စျေးကွက်မှာ အောက်တိုဘာလ ပထမပတ်က တစ်ပိဿာကို ၁၃၅၀၀ ကျပ်သာရှိခဲ့ပြီး ယခု နိုဝင်ဘာလမှာတော့ တစ်ပိဿာကို ၁၉၅၀၀ ကျပ်အထိ မြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။

" အောက်တိုဘာ အစကနေ တက်လာလိုက်တဲ့ ကြက်စျေးက ဆက်တိုက်ပဲ။ တစ်ပတ်ကို ရက်ခြားဆိုသလိုဆက်တိုက်တက်နေတာ။ မွေးမြူရေး ခြံတိုင်းကလည်း ကြက်မထည့်နိုင်တော့ ကြက်ကြီးရှားပြီး စျေးတက်လာတာပါ။ ခုထိတက်နေတုန်းပဲ " လို့ စစ်ကိုင်းမှ  ကြက်မွေးမြူရေး လုပ်ကိုင်သူ တစ်ဦးကပြောပါတယ်။ 

လက်ရှိ အသားတိုးကြက် မွေးမြူရေးခြံတွေမှာ ကြက်တွေ ရောဂါဖြစ်ပွားမှုရှိပြီး ကြက်ပေါက်ရက်သား ကာလမှာပင် သေဆုံးမှုများပြားနေတာကြောင့် ကြက်ကြီး ရှားလာခြင်း၊ ကြက်ခြံသမားတိုင်း ကြက်ပေါက် မထည့်နိုင်ခြင်းစတဲ့ အခြေအနေတွေကြုံတွေ့နေရတယ်လို့  မွေးမြူရေးလုပ်ကိုင်သူတွေက ဆိုပါတယ်။

ထို့အပြင် မွေးမြူရေးအစာ စျေးနှုန်းမြင့်တက်ခြင်း၊ ကြက်ထွက်နှုန်း မကောင်းခြင်း၊ ကြက်ထုတ်လုပ်မှုကုန်ကျစရိတ်တွေ မြင့်တက်ခြင်းကြောင့်လည်း ကြက်မွေးမြူသူများ လျော့ကျနေတယ်လို့ သိရပါတယ်။

" အခုရက်ပိုင်း ကြက်ခြံတွေမှာ အသေအပျောက်တွေ များတယ်။ ကြက်ကြီးအထိ မဖြစ်ကြတော့ ရောင်းလိုအားနည်းပြီး ဝယ်လိုအားရှိတဲ့အတွက်  သဘောရှိတယ် " လို့ မန္တလေးမှ ကြက်ပေါက်ရောင်းဝယ်ရေးလုပ်ကိုင်သူ တစ်ဦးမှပြောပါတယ်။ 

လက်ရှိကာလသည် မိုးရာသီမှ ဆောင်းရာသီကို ရာသီအကူးပြောင်း ကာလဖြစ်တဲ့အတွက် ကြက်ခြံတွေမှာ ရောဂါပိုးကျရောက်မှု ဖြစ်ပွားမှုရှိနေတာ ဖြစ်ကြောင်းနဲ့ ကြက်ခြံတခုကို ကူးစက်ရောဂါကျရောက်ပါက ရောဂါဖြစ်ပွားတဲ့ကြက်ကို အချိန်မီကုသရေးနဲ့ ကာကွယ်ရေး မပြုလုပ်နိုင်ပါက ခြံရှိ ကြက်အားလုံး ရောဂါကူးစက်ပြီး သေဆုံးနိုင်တာဖြစ်တယ်လို့သိရပါတယ် ။

ကြက်အရှင်စျေး မြင့်တက်လာတဲ့အတွက် ကြက်သားစျေးနှုန်းကလည်း ဆက်တိုက်ဆိုသလို မြင့်တက်လာပြီး ကြက်အသားသီးသန့် ( အသားလွှာ) ဆိုရင် အရင်က တစ်ပိဿာကို ၂၉၀၀၀ ကျပ်နှုန်းသာရှိရာကနေ လက်ရှိမှာတော့ တစ်ပိဿာကို ၃၆၀၀၀ ကျပ်အထိ ရှိလာတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကြက် အသားသီးသန့်အပြင် အခြား ကြက်ပေါင်၊ ကြက်ခြေထောက်၊ ကြက်ရင်အုံစတဲ့ ကြက်သားအလိုက် စျေးနှုန်းအသီးသီး မြင့်တက်လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။