ဗမာကြက်အရှင်စျေးကွက်ကောင်းလို့ မွေးမြူသူများလာ
ပြည်တွင်းမွေးမြူရေးကဏ္ဍမှာ ဒေသကြက် (ခေါ်) ဗမာကြက် အရှင်ရောင်းစျေးကွက် ကောင်းလာတဲ့အတွက် ဒေသကြက်မွေးမြူမှုနှုန်းများလာတယ်လို့ မွေးမြူရေးလုပ်ကိုင်သူတွေဆီက သိရပါတယ်။
လက်ရှိမှာ ဒေသကြက် ( ခေါ်) ဗမာကြက် အရှင်ရောင်းစျေး တစ်ပိဿာကို အနိမ့်ဆုံး ၂၀၀၀၀ ကျပ်အထိ စျေးပေးဝယ်ယူမှုရှိပြီး နေရာဒေသအလိုက် စျေးနှုန်း ကွာခြားမှု ရှိတယ်လို့သိရပါတယ်။
အသားအတွက် ဝယ်ယူရာမှာ ဗမာကြက်ကို တစ်ပိဿာအောက် ကြက်တွေက ဝယ်လိုအားများပြီး စျေးကောင်းရရှိပေမယ့် တစ်ပိဿာနဲ့ အထက်ရှိတဲ့ ကြက်ကတော့ ဝယ်ယူမှုနည်းပြီးစျေးရရှိမှုလည်း နည်းတယ်လို့သိရပါတယ်။
"ဗမာကြက်က ၅၀သားတို့ ၆၀ သားတို့ဆို အဝယ်များတယ်။ တစ်ပိဿာ မဟုတ်ဘူးနော် ၈၀ နဲ့ ၉၀ သား ဆိုရင်တောင် ဝယ်သူက သိပ်မဟုတ်ချင်ဘူး။ ပြီးတော့ တိုက်ပြီးသား ကြက်ဆိုရင်လည်းမဝယ်ချင်ဘူး။ စျေးကောင်းတာမှန်ပေမယ့် မွေးတဲ့သူကလည်း ညဏ်လေးနဲ့ ယှဥ်မွေးမှ အဆင်ပြေတယ်။ စျေးကောင်းတော့ မွေးသူတော့ များလာပါတယ်" လို့ ဒေသကြက် မွေးမြူရေးလုပ်ကိုင်သူ ကိုမိုးကျော်က ပြောပါတယ်။
ဒေသကြက်ကို မိသားစုစားဝတ်နေရေးအတွက် တပိုင်တနိုင်မွေးမြူကြသူရှိသလို စီးပွားဖြစ်မွေးမြူကြသူတွေလည်းရှိကြောင်း သိရပါတယ်။
ဒေသကြက်ကို မွေးမြူသူတွေထဲမှာမှ အသားစျေးကွက်ကို ရောင်းချကြတာရှိသလို အရောင်အဆင်း အရည်အသွေးကောင်းတဲ့ ကြက်မျိုးတွေကိုတော့ အသားစျေးကွက်ထဲ မရောင်းချဘဲ ကြက်အုပ်ပြတ် ရောင်းချခြင်း၊ တိုက်ကြက်အဖြစ် ရောင်းချခြင်းတွေ ပြုလုပ်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

"အသားစျေးနဲ့ ရောင်းရမယ့်ကြက်လည်းရှိတယ်။ တချို့ကြက်ကျ ကြက်မျိုးကောင်းတယ်။ တိုက်လို့ရတဲ့ ကြက်မျိုးဆိုရင် စျေးပိုကောင်းတယ်။ သူကျ ပိဿာစျေးမဟုတ်တော့ဘူး။ ကြက်ရဲ့ ခွတ်လက်အပေါ်မူတည်ပြီး စျေးအမျိုးမျိုးရှိတယ်။ သိန်းချီတန်တဲ့ ကြက်တွေ ရှိတယ်။" လို့ စီးပွားဖြစ် ဒေသကြက်မွေးမြူရေးလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
လက်ရှိ အသားစျေးကွက်မှာတော့ ဗမာကြက်သားတစ်ပိဿာ ( အရိုးအသားအရော) ၃၅၀၀၀ ကျပ်စျေးရှိပြီး အသားသီးသန့်ဆိုပါက ကျပ် ၄၀၀၀၀ အထက်ရှိနိုင်ကြောင်းသိရပါတယ်။
ဗမာကြက်ဥ စျေးနှုန်းကတော့ တစ်လုံးကို ၁၀၀၀ ကျပ် အနည်းဆုံးရောင်းချမှုရှိပြီး ပစ္စည်းရှားတဲ့အတွက် ဝယ်လိုအားကောင်းတယ်လို့သိရပါတယ်။
ဒေသကြက်မွေးမြူမှုမှာ စားကျက်အတွက် မြေကွက်အကျယ်ရှိဖို့လိုအပ်ပြီး အစားအတွက် ဆန်နဲ့ ဆန်ကွဲ၊ စပါး၊ ထမင်းစတာတွေကို ကျွေးမွေးနိုင်ကြောင်း ၊ စားကျက်မြေကျယ်ပါက အစာကျွေးတဲ့အပိုင်းကို လျှော့ချနိုင်တယ်လို့သိရပါတယ်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သားငါးဈေးနှုန်းများ
phyoWaiAung
လွန်ခဲ့သော ၈ လ ကဘယ်စျေးလဲ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026