တောဆီး(ဇီး)ပျားရည်များထုတ်ယူသည့် ရာသီသို့ ရောက်ရှိသဖြင့် ပျားအုံများရွေ့ပြောင်းမွေးမြူနေကြ
ဆေးဖက်ဝင် တောဆီး(ဇီး)ပျားရည်များကို မွေးမြူထုတ်ယူသည့် ရာသီသို့ ရောက်ရှိနေသဖြင့် ဆီး(ဇီး)ပျားရည်ထုတ်ယူသည့် ဒေသများသို့ ပျားမွေးမြူရေးလုပ်ကိုင်သူများမှ ပျားအုံများ ရွှေ့ပြောင်းမွေးမြူနေကြကြောင်း သိရသည်။
စက်တင်ဘာလကနေစပြီး တောဆီး(ဇီး)ပျားစာရရှိမယ့် နေရာတွေတိုင်းမှာ ပျားအုံတွေရောက်နေပါပြီ။ တစ်ချို့ပျားအုံတွေလည်း ပျားရည်စထုတ်နေပါပြီ။ ပျားမွေးမြူသူတွေအနေနဲ့ အခုလိုကာလမှာ ပျားအုံရွှေ့ပြောင်းတာ၊ ပျားရည်ထုတ်လုပ်တာ စတဲ့နည်းစနစ်တွေကို နီးစပ်ရာပျားလုပ်ငန်းဌာနတွေဆီကနေ သင်ယူထားပြီးဖြစ်ပါတယ်။ ပျားရည်ထုတ်စက်တွေနဲ့ သူတို့ဘာသာ ပျားရည်ထုတ်ယူမှာပါ။ ထုတ်ယူပြီးတဲ့ ပျားရည်တွေကိုတော့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ပျားရည်သန့်စင်စက်ရုံမှာ ပြန်သန့်စင်ပြီးမှ ပြည်တွင်းပြည်ပပို့ကုန်အဖြစ်နဲ့ ရောင်းချကြမှာဖြစ်ပါတယ်။ ပျားရည်ထွက်တာကတော့ ရာသီဥတုအပေါ်မှာလည်း အများကြီးမူတည်ပါတယ်။
ဟု ပျားသုံးဖော်ပျားရည်ထုတ်လုပ်ရေးမှ စီမံအုပ်ချုပ်သူ ဦးမြင့်နိုင်က ပြောသည်။
ဆီး(ဇီး)ပျားရည် အများဆုံးထုတ်ယူနိုင်သည့် ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တို့အပြင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်နှင့် ရမည်းသင်းမြို့နယ်နှင့် နေပြည်တော်ကောင်စီ တပ်ကုန်းမြို့နယ်တို့တွင် ဆီး(ဇီး)ပျားရည်ထုတ်ယူနိုင်ရန် ရွှေ့ပြောင်းပျားအုံများ ရောက်ရှိနေကြပြီဖြစ်သည်။
ဆီးပျားရည်က တခြားပျားရည်တွေနဲ့မတူဘဲ အရသာမှာ အနည်းငယ်အချဉ်ဓာတ်ပါတယ်။ အရသာထူးခြားတယ်ပေါ့။ ခဲသွားတာမျိုးလည်း မရှိဘူး။ သကြားပါဝင်မှုလည်း တခြားပျားရည်တွေထက် နည်းတယ်။ ဆေးဖက်ဝင်တာကြောင့် လူအများကြိုက်နှစ်သက်မှု ရှိ၊ ဈေးကွက်ဝင်တဲ့ ပျားရည်တစ်မျိုးဖြစ်ပါတယ်။
ဟု ဦးမြင့်နိုင်က ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ဆီး(ဇီး)ပျားရည်ကို ဆီး(ဇီး)ပင်မှ ဆီး(ဇီး)ပန်းပွင့်ချိန်များဖြစ်သည့် စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် ထုတ်လုပ်လေ့ရှိကြသည်။
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022