ရွှေပိတောက်ငါးဈေးကို နေ့စဥ်ရေချိုငါးပိဿာချိန် ၃ သိန်းလောက် ဝင်ရောက်နေလို့ ငါးဈေးများအေးနေ
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ ရွှေပိတောက်ငါးစျေးကို ရေချိုငါး ဝင်ရောက်မှုနှုန်း များလာပြီး လက်ရှိမှာ တစ်ရက်ကို ရေချိုငါးပိဿာချိန် ၃ သိန်းဝန်းကျင်အထိ ဝင်ရောက်မှု ရှိနေတယ်လို့ သိရပါတယ်။ ယခုကာလသည် ငါးမွေးမြူရေကန်တွေ ငါးဖော်တဲ့အချိန်ဖြစ်တဲ့အတွက် ရေချိုငါး ဝင်ရောက်မှုများလာတာ ဖြစ်ကြောင်း၊ ငါးဝင်ရောက် မှုများလာမှုကြောင့် စျေးကွက် အေးတဲ့ အခြေအနေရှိကြောင်း သိရပါတယ်။
ရေချိုငါး ဝင်ရောက်မှုက လာမယ့် ၂၀၂၆ ခုနှစ် ဧပြီလလောက်အထိ မြင့်တက်နိုင်မယ့် အခြေအနေ ရှိတယ်လို့ သိရပါတယ် ။
" မိုးရာသီထက်စာရင်တော့ ကုန်ပစ္စည်း ပုံမှန်ဝင်လာတဲ့အတွက် ဈေးနှုန်းက နည်းနည်း အေးသွားတယ်ဆိုပေမယ့် အရောင်း အဝယ် ကောင်းပါတယ်။ ကုန်ဝင်များရင်သာ အကြွေးစနစ်နဲ့ တင်ပို့ပေးရတဲ့ အခက်အခဲတော့ရှိတယ်" လို့ ရွှေပိတောက် ငါးဈေးသာယာရေးအဖွဲ့မှ အတွင်းရေးမှူး ဦးမောင်နိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ လဆန်း ပိုင်းကစပြီး ရွှေပိတောက်ငါးစျေးကို ရေချိုငါး ဝင်ရောက်မှု မြင့်လာတာ ဖြစ်ကြောင်း ၊ လက်ရှိမှာ ရေငန် ထွက်ကုန် အနေနဲ့လည်း တစ်ရက်ကို ပိဿာ ချိန် ၁၅၀၀၀၀ လောက် ဝင်ရောက်မှု ရှိတယ်လို့ သိရပါတယ်။
ရွှေပိတောက်ငါးစျေးကမှတဆင့် ရန်ကုန်မြို့တွင်း ဖြန့်ချီရောင်းချခြင်း၊ ပုသိမ်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ မုံရွာ၊ မော်လမြိုင်နဲ့စတဲ့ မြို့နယ်အချို့ကို တင်ပို့ဖြန့်ချီ ရောင်းချပေး မှုရှိနေပြီး လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ ဒေသတွေကိုတော့ တင်ပို့ရောင်းချမှု နည်း တယ်လို့ သိရပါတယ်။

" ကျွန်တော်တို့က ရွှေပိတောက် ငါးစျေးကနေ ပင်လယ်စာတွေယူပြီး ပြန်ဖြန့်တာပါ။ ရန်ကုန်အပြင် နယ်ဘက်တွေပါ ရေခဲ ပုံးနဲ့ တင်ပို့ပါတယ်။ အရမ်းဝေးတဲ့ နေရာတွေတော့ ခုနောက်ပိုင်း မပို့နိုင်ဘူး " လို့ ပင်လယ်စာ အစုံရောင်းချနေသူ တစ်ဦးက ပြောပါတယ်။
ရွှေပိတောက် ငါးဈေးကိုတော့ မွေးမြူရေးငါး ဖြစ်တဲ့ ငါးမြစ်ချင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးမုန့်၊ တီလားဗီးယားငါး တွေ ဝင်ရောက်မှု ရှိနေပါတယ်။
နောက်ပြီး မြစ်၊ ချောင်းများမှ ဖမ်းဆီးရရှိတဲ့ ငါးကျည်း၊ ငါးခူ၊ ငါးပြေမ၊ ငါးရံ့၊ ငါးမြွေထိုး၊ ငါးသံချိတ် အပါအဝင် ရေချိုထွက်ကုန် ပစ္စည်း အမယ် ၃၀ နဲ့ အတူ ရေငန်ထွက်ကုန် ပစ္စည်း အမယ် ၁၅ မျိုး ဝင်ရောက်မှု ရှိနေတယ်လို့ သိရပါတယ် ။
ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း နဲ့ ပဲခူးတိုင်းတို့မှထွက်ရှိတဲ့ ငါးမြစ်ချင်းတွေကိုတော့ ရန်ကုန်မြို့ရှိ ရွှေပိတောက် ငါးစျေး ၊ ကြည့်မြင်တိုင် ငါးစျေးအပြင် ပြည်ပတင်ပို့မှု အဖြစ် ဘင်္ဂလားဒေ့ရှ်၊ ဒူဘိုင်း၊ ဆော်ဒီအာရေဗျ၊ ကာတာနိုင်ငံကို အဓိက တင်ပို့ ရောင်းချမှု ရှိနေတယ်လို့ သိရပါတယ်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သားငါးဈေးနှုန်းများ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....