မုံရွာ၊ ချောင်းဦးအနီးတဝိုက်ဒေသများတွင် (၄) နှစ်တာအတွင်း နွားနို့ဈေး တစ်ပိဿာ (၈၅၀) ကျပ်မှ မတက်
စစ်ကိုင်းတိုင်း မုံရွာမြို့၊ ချောင်းဦးမြို့အနီးတဝိုက်ရှိ ဒေသများတွင် (၄) နှစ်တာအတွင်း နွားနို့ဈေး တစ်ပိဿာ (၈၅၀) ကျပ်မှ မတက်သေးကြောင်း ကိုယ်တိုင်မွေးမြူသူများထံမှ သိရသည်။
လက်ရှိပုံမှန်ဈေးက တစ်ပိဿာကို ၈၅၀ ကျပ်ပါ။ နွားမွေးမြူတဲ့သူ (နွားရှင်) ကပဲ နို့သိမ်းတဲ့ဒိုင်ကို အရောက်ပို့ပေးရတယ်။ ပို့တဲ့စရိတ်ကိုလည်း နွားရှင်ကခံရတယ်။ ဒိုင်ဆီရောက်တဲ့အထိ ကုန်ကျသမျှစရိတ်မှန်သမျှကို နွားရှင်ဘက်ကပဲ ကုန်ကျခံရတယ်။ အဲ့ဒါကိုမှ နွားနို့တစ်ပိဿာကို ၈၅၀ ကျပ်သာ ရတာပါ။ တစ်နိုင်ငံလုံးမှာဆို ကျွန်တော်တို့ဘက်က ဒေသတွေက နွားနို့ဈေး အနိမ့်ဆုံးဖြစ်နေတာပါ။
ဟု စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အောင်ချမ်းသာရွာမှ နို့စားနွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ကိုကျော်ကျော်က ပြောသည်။
နို့စားနွားမွေးမြူရာတွင် နို့ထွက်နှုန်းကောင်းမွန်စေရန် အစာကျွေးမွေးခြင်းကို ဂရုတစိုက်လုပ်ဆောင်ပေးရပြီး အစာကျွေးမွေးရာတွင် အားနည်းပါက နို့ထွက်နှုန်းကျဆင်းသွားနိုင်သည်။
နွားနို့ဈေး တစ်ပိဿာကို ၈၅၀ ကျပ်သာ ရရှိသဖြင့် အစာစရိတ်ကို လျော့ချရခြင်းကြောင့် နို့ထွက်နှုန်းမှာလည်း တစ်စစကျဆင်းလာကြောင်း သိရသည်။
လွန်ခဲ့တဲ့ လေးငါးနှစ်ကဆို နွားနို့ပိဿာချိန် သုံးသောင်း၊ လေးသောင်းလောက် ထွက်တယ်။ အခုကျတော့ အစာဖိုး၊ တခြားကုန်ကျစရိတ်တွေကို လျော့ချရတာနဲ့ နွားနို့လည်း အထွက်နည်းကုန်တယ်။ နွားနို့ဈေးက လွန်ခဲ့တဲ့လေးနှစ်တုန်းကလည်း တစ်ပိဿာကို ၈၅၀ ကျပ်၊ အခုထိလည်း ၈၅၀ ပဲ။ ကျန်တဲ့ အစာရေစာဈေးတွေက အကုန်တက်တယ်ဗျာ။ လွန်ခဲ့တဲ့လေးနှစ်က ကျွန်တော်တို့ကျွေးတဲ့ နွားစာအိတ်တစ်အိတ်ကို တစ်သောင်းကျပ်ဆိုရင် အခုကျ တစ်သောင်းခွဲကျပ် ဖြစ်နေပြီဗျာ။ ဝင်ငွေနည်းတဲ့အတွက် ထွက်ငွေကို လျော့ချရင်း နို့ထွက်နှုန်းက နည်းကုန်တာပါ။ ဒေသစာတော်တော်များများ ဈေးတက်ကုန်ပေမယ့် နွားနို့ဈေးက မတက်ဘူး။ နို့ထွက်တဲ့အပေါ်မူတည်ပြီး နွားတစ်ကောင်ကို နှစ်ပိဿာလောက် ကျွေးရတယ်။ နို့စားနွားက အစားတစ်မျိုးတည်းနဲ့ မပြည့်စုံဘူး။ နှမ်းဖတ်တစ်ခုတည်းကျွေးလို့လည်းမရဘူး။ အာဟာရစုံအောင် ကျွေးရတယ်။ နွားစာကို လျော့လိုက်တာနဲ့ နို့ထွက်နှုန်းပါ နည်းသွားတယ်။ ရှုံးနေကြတာ လေးငါးနှစ်လောက်ကို ရှိနေပြီ။
ဟု ကိုကျော်ကျော်က ဆက်လက်ပြောသည်။
အဆိုပါဒေသများ၌ တစ်နိုင်တပိုင် (သို့မဟုတ်) စီးပွားဖြစ် နို့စားနွားမွေးမြူရေးကို လုပ်ကိုင်နေကြသော်လည်း နွားစာစရိတ်ကြီးမြင့်ခြင်း၊ နွားနို့ဈေးအတက်မရှိ တည်ငြိမ်နေခြင်း၊ မူရင်းနွားနို့ဈေးမှာလည်း အခြားဒေသများထက် အဆမတန်နိမ့်ကျနေခြင်းတို့ကို မွေးမြူသူများ ခံစားနေရခြင်းဖြစ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022