အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မန္တလေးတိုင်းအတွင်းနွားပေါင်ပုပ်၊ လက်ပုပ်ရောဂါများဖြစ်ပွားနေ

မန္တလေးတိုင်းအတွင်းနွားပေါင်ပုပ်၊ လက်ပုပ်ရောဂါများဖြစ်ပွားနေ

Green Way
Green Way • 07/09/2022

❗️နွား ပေါင်ပုပ်လက်ပုပ်ရောဂါတွေ ဖြစ်ပွားနေလို့ဆိုပြီး မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်က ကိုအောင်မိုးနဲ့ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်က ကိုမိုးမင်းခန့်တို့က Green Way ရဲ့ အမေး၊ အဖြေကဏ္ဍမှာ မေးခွန်းတွေ မေးလာပါတယ်။

❗️‘ နွားငယ်လေးတွေ ပေါင်ပုပ် လက်ပုပ်... ရောဂါဝင်နေလို့...ဘယ်လို ကာကွယ်ဆေး သုံးရမလဲ?’ ဆိုပြီး ကိုအောင်မိုးက မေးလာတာဖြစ်ပြီး ကိုမိုးမင်းခန့်ကတော့ ‘ တံတားဦးမြို့နယ်တိမွေးကုရုံး ဖုန်းနံပါတ်သိချင်ပါတယ်။ နွားတွေပေါင်ပုပ်လက်ပုပ်ရောဂါဝင်နေလို့ အကူညီတောင်းဆက်သွယ်ချင်လို့ပါ’ ဆိုပြီး မေးထားတာပါ။

🧑‍💻 “ မွေးတာကတော့ ကျွန်တော့်အစ်ကိုမွေးတဲ့နွားအုပ်ထဲက နွားမတစ်ကောင်ဖြစ်နေတာ။ တခြားအနား မှာဖြစ်တဲ့သူတွေထဲကတော့ နှစ်ကောင်သေသွားပြီ” လို့ တံတားဦးမြို့နယ်၊ အိမ်ကန်ရွာက ကိုမိုးမင်း ခန့်က ပြောပါတယ်။

🧑‍💻 ပြီးခဲ့တဲ့နှစ်တုန်းကလည်း အခုလို ပေါင်ပုပ်၊ လက်ပုပ်ရောဂါဟာ လှိုင်းတစ်လှိုင်းလိုမျိုး ဖြစ်သွားခဲ့ သေးတယ်လို့ ကိုမိုးမင်းခန့်က ဆိုပါတယ်။

🧑‍💻 “ မနှစ်ကတုန်းကလည်း ဒီလိုမျိုး ပေါင်ပုပ်လက်ပုပ်တွေ တစ်လှိုင်းဖြစ်ပြီးသွားပြီ။ ခွာနာလျှာနာလည်း ဖြစ်တယ်။ သူကတော့ အာ့လောက်မဆိုးဘူး။ ပေါင်ပုပ်လက်ပုပ်ကတော့ သေတာများတယ်။ အခုက နောက်တစ်လှိုင်းဖြစ်တဲ့ပုံစံမျိုး ဖြစ်နေတာ” 

🐄 ပေါင်ပုပ်၊ လက်ပုပ် ရောဂါဆိုသည်မှာ နွား၏ ပေါင်ရင်း၊ လက်ရင်းများ၌ ရောင်ပြီး ပုပ်လာသည့်ရောဂါတစ်မျိုးဖြစ်ပါတယ်။

🐄  ‘ ကျွဲ၊ နွားများတွင် အဖြစ်များသည့် ပေါင်ပုပ်၊ လက်ပုပ် ရောဂါအကြောင်း’ ဆိုပြီး ဦးဇော်(dof) က ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို Green Way မှာ ဖော်ပြဖူးပါတယ်။

အခု ဒီရောဂါပြန်ဖြစ်နေတဲ့အတွက် ဒီဆောင်းပါးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

အောက်ကလင့်ခ်ကနေဖတ်ရှုနိုင်ပါတယ်။

https://greenwaymyanmar.com/posts/hand_rot_of_cattle

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။