အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျွဲ၊ နွား၊ သိုး၊ ဆိတ် တင်ပို့ရောင်းချမှုဈေးကွက် ပြန်လည်ကောင်းမွန်မည့် အလားအလာရှိနေ

ကျွဲ၊ နွား၊ သိုး၊ ဆိတ် တင်ပို့ရောင်းချမှုဈေးကွက် ပြန်လည်ကောင်းမွန်မည့် အလားအလာရှိနေ

    ပြည်တွင်းပြည်ပသို့ ကျွဲ၊ နွား၊ သိုး၊ ဆိတ် တင်ပို့ရောင်းချမှုဈေးကွက် ပြန်လည်ကောင်းမွန်မည့် အလားအလာရှိနေကြောင်း မြန်မာနိုင်ငံ ကျွဲ၊ နွား၊ သိုး၊ ဆိတ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

ကျွဲ၊ နွားနဲ့ပတ်သက်ပြီး ဈေးကွက်ကတော့ စတင်လှုပ်ရှားနေပြီ။ ရှေ့လဆန်းမှာ ဈေးကွက်အလားအလာကောင်းဖို့လည်း ရှိနေပါတယ်။ အခုလောလောဆယ်မှာက ရက်အနည်းငယ်စောနေသေးတယ်။ အဆင်ပြေမယ်ဆိုရင်တော့ ပြည်ပဝင်ငွေရဖို့ လမ်းကြောင်းတွေ ရှိလာမှာပါ။

ဟု မြန်မာနိုင်ငံ ကျွဲ၊ နွား၊ သိုး၊ ဆိတ် တင်ပို့ရောင်းချသူများအသင်း၏ ဒုတိယဥက္ကဌ ဦးထက်သူအောင်က ပြောသည်။

    နယ်စပ်လမ်းကြောင်းများမှ အိမ်နီးချင်းနိုင်ငံတချို့ထံ တင်ပို့ရောင်းချခဲ့ကြသည့် ဆိတ်အရှင်တင်ပို့မှုဈေးကွက်သည်လည်း ယခုနောက်ပိုင်းတွင် ပြန်လည်ကောင်းမွန်လာနိုင်သည့် အလားအလာများရှိကြောင်း သိရသည်။

ကျွဲ၊ နွားနဲ့ပတ်သက်ပြီး ဈေးကွက်လိုအပ်ချက်ရှိသလို ဆိတ်ဈေးကွက်ကလည်း အတူတူပါပဲ။ ငွေအနည်းအများတော့ ကွာနိုင်တာပေါ့။ အခုကာလအတွင်းဆိုတော့ လမ်းကြောင်းတွေတော့ အကုန်မပွင့်သေးပေမယ့်လည်း စည်းကမ်းလေးနဲ့သွားလာရင်တော့ ရပါတယ်။

ဟု ဦးထက်သူအောင် က ဆက်လက်ပြောသည်။

    Covid-19 ကာလအတွင်း ပြည်ပတင်ပို့မှုတချို့ ရပ်ဆိုင်းခဲ့သည့်အပြင် စားသောက်ဆိုင်၊ ဟိုတယ်၊ ခရီးသွားလုပ်ငန်းများ လည်ပတ်မှုအားနည်းသဖြင့် ပြည်တွင်းအသားဈေးကွက်မှာလည်း ပုံမှန်ထက်အေးစက်ခဲ့သည်။ ထို့ကြောင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ခြံရှင်များအနေဖြင့် လုပ်သားစရိတ်၊ အစာဖိုး ကုန်ကျစရိတ်များအတွက် ခက်ခဲစွာဖြေရှင်းခဲ့ရကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

2
Tin htun

Tin htun

လွန်ခဲ့သော ၄ နှစ် က

ကျွဲဈေးကဘယ်တောကောင်းသလဲ

Ko Zaw

Ko Zaw

လွန်ခဲ့သော ၅ နှစ် က

ဟုပ်ကဲ့ပါ နွားစျေးကွက်ပြန်လည်ကောင်မွန်မှ အဆင်ပြေမှာပါ ကျနော်ဆီမှာက အသီနှံကလည်မရ နွားတွေကိုပဲရောင်းစားနေရတာ စျေးကွက်ကမကောင်းတော့ တောင်သူတွေအဆင်မပြေဘူးဗျ

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။