မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေးမှုများရှိနေ
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက်။
ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် လာရောက်ဆွေးနွေးလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကူမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးသန့်စင်လွင်က ပြောသည်။
ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ဒီဇင်ဘာ ၁၇ ရက်က ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှုးချုပ် ဦးသန့်စင်လွင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
"အခုကတော့ မွေးမြူရေးကဏ္ဍနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့ လာဆွေးနွေးတာ ဖြစ်ပါတယ်။ မွေးမြူမှာက ငါးတို့၊ နို့နဲ့ နို့ထွက်ပစ္စည်းတို့ ဒါတွေမွေးမြူဖို့အတွက် ကျွန်တော်တို့ကို လာဆွေးနွေးတာဖြစ်ပါတယ်။" ဟု ညွှန်ကြားရေးမှုးချုပ် ဦးသန့်စင်လွင်က ပြောသည်။
မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍတွင် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နိုဝင်ဘာလအထိ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၅၀ ခု ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅၁၄ ဒဿမ ၉၃၆ သန်း ဝင်ရောက်ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
"သူတို့ ဆွေးနွေးတာကတော့ ဘယ်လို ခံစားခွင့်တွေရမလဲ၊ သူတို့လိုအပ်တဲ့ပစ္စည်းတွေကို တင်သွင်းလို့ရမလား။ သူတို့ရဲ့ ရင်းနှီးမှုပ်နှံမှုကို နိုင်ငံတော်က ဘယ်လိုအကာအကွယ်ပေးမလဲ စတဲ့ ဥပဒေဆိုင်ရာ အချက်အလက်တွေကို သိချင်လို့ လာဆွေးနွေးတာဖြစ်ပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ပေးထားချက်တွေကို ဆွေးနွေးလိုက်တာ ဖြစ်တယ်။" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကူမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။
လက်ရှိမြန်မာနိုင်ငံ၏ မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍတွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားပြီး ယင်းနိုင်ငံများမှာ စင်္ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်း၊ ကိုရီးယား၊ United Kingdom၊ ဗီယက်နမ်၊ နယ်သာလန်၊ မလေးရှား၊ ဂျပန်၊ အိန္ဒိယ၊ ဘရူနိုင်း၊ ဩစတြေးလျနှင့် အီတလီနိုင်ငံတို့ဖြစ်သည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026