ငါး၊ ကြက်၊ ဘဲ၊ ဝက် တို့အတွက် မွေးမြူရေးဇုန်များ အကောင်အထည်ဖော်ပေးသင့်ဟုဆို
နိုင်ငံတော်အနေဖြင့် ငါးနှင့် ကြက်၊ ဘဲ၊ ဝက် တွဲဖက်မွေးမြူခြင်းကိစ္စရပ်ကို ဖြေရှင်းနိုင်ရန်အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်းတို့အတွက် သီးသန့်ဇုန်များ အကောင်အထည်ဖော်ပေးသင့်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ငါးနှင့် ကြက်၊ ဘဲ၊ ဝက် တွဲဖက်မွေးမြူခြင်းကြောင့် ရရှိလာသောငါးများတွင် ဆေးယဉ်ပါးရောဂါရှိမရှိ စစ်ဆေးမည့် အဖွဲ့စည်းတစ်ခု ဖွဲ့စည်းရမည်ဖြစ်ပြီး ယင်းမွေးမြူရေးစနစ်နှင့် ပတ်သက်၍လည်း သုတေသနပြုလုပ်ပေးရမည်ဖြစ်ကြောင်း သိရသည်။
"ဒါကို နိုင်ငံတော် အစိုးရအနေနဲ့ စဉ်းစားပေးရမယ်။ သူများနိုင်ငံမှာ မကျင့်သုံးတဲ့စနစ်ကို မြန်မာနိုင်ငံမှာ ဘာလို့ကျင့်သုံးခွင့်ပြုတာလဲ။ ကျင့်သုံးခွင့်ပေးတဲ့သူမှာရော တာဝန်မရှိဘူးလား။ ဘာကြောင့် ခွင့်ပြုသလဲ။ သူတို့ကတော့ ကြက်မွေးမြူမဲ့ မြေနေရာမရလို့ပြော တယ်။ အဲ့ဒါဆိုရင် ဇုန်တွေပေးပါ။ ကြက်ဆို ကြက်မွေးတဲ့ဇုန်တစ်ခု ထောင်ပေးလိုက်ပါ။ ဒါဆိုရင် ကြက်ကို သီးသန့်မွေးမယ်။ ငါးကိုလည်း သီးသန့်မွေးမြူတဲ့စနစ်ကို အစိုးရကနေ ဖော်ဆောင်ပေးလိုက်ရင် ဒီပြဿနာကို အကုန်လုံးဖြေရှင်းပြီးသား ဖြစ်သွားမယ်လို့ မျှော်လင့်ပါတယ်။ " ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်းဒုဥက္ကဌ ဒေါက်တာတိုးနန္ဒာတင်ကပြောသည်။
ငါးကန်တွင် ကြက်၊ ဘဲ၊ ဝက် အစည်ရှိသည့် တိရစ္ဆာန်များ တွဲဖက်မွေးမြူခြင်းသည် နိုင်ငံတကာကျင့်စဉ်နှင့် ညီညွတ်ခြင်းမရှိသဖြင့် ကမ္ဘာ့တိရစ္ဆာကျန်းမာရေး အဖွဲ့ (OIE)၊ International Atomic Energy Agency (IAEA) တို့မှလည်း ယင်းစနစ်အပေါ် ကန့်ကွက်မှုများရှိကြောင်း သိရသည်။
၂၀၁၀ ခုနှစ်မှ စတင်၍ တရုတ်နိုင်ငံတွင် ငါးနှင့် ကြက်၊ ဘဲ၊ ဝက် စသည်တို့ တွဲဖက်မွေးမြူခြင်းမပြုရန်အတွက် အမိန့်စာထုတ်ပြန်၍ တားမြစ်ခဲ့ခြင်းဖြစ်သည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026