ရေကြီးမှုကြောင့် ငါး၊ ပုစွန်မွေးမြူရေးကန်များ ပျက်စီးဆုံးရှုံးပါက အစိုးရမှ ငါးသားပေါက်ထောက်ပံ့မည်
ရေကြီးရေလျှံမှုကြောင့် ငါး၊ ပုစွန်မွေးမြူရေးကန်များ ထိခိုက်ပျက်စီးဆုံးရှုံးပါက ယင်းမွေးမြူရေးတောင်သူများသို့ အစိုးရမှ ငါးသားပေါက်များ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်၍ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ ပျက်စီးဆုံးရှုံးမှုအား အချိန်နှင့်တပြေးညီ တင်ပြရန်လိုအပ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
လက်ရှိ အထက်မြန်မာပြည်တွင် ဧရာဝတီမြစ် ရေကြီးရေလျှံမှုသည် အောက်မြန်မာပြည်သို့ ရောက်ရှိလာနိုင်ခြင်းကြောင့် တိုင်းဒေသကြီးအစိုးရအနေဖြင့် စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြို့နယ်ဦးစီးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ဗီနိုင်းများကပ်ကာ ရေကြီးရေလျှံခြင်းကို ကြိုတင်ကာကွယ်ရန်လည်း အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
"တကယ်လို့ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာလို့ရှိရင် ကျွန်တော်တို့ဘက်က လုပ်ပေးနိုင်တဲ့အတိုင်းအတာက ငါးသားဖောက်တွေ အခမဲ့ဖြန့်ဖြူးပေးနိုင်မယ့် အခြေအနေကို သားပေါက်စခန်းတွေမှာ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ နိုင်ငံတော်မှာရှိတဲ့ စခန်းတွေက တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ ငါးကန်တွေအားလုံးကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ အဲ့ဒီတော့ အမှန်တကယ် ဆုံးရှုံးတဲ့သူတွေအတွက် ငါးလုပ်ငန်းအဖွဲ့ချုပ်ရယ် ကျွန်တော်တို့ ဌာနရယ် ကျေးရွာအုပ်ချုပ်မှူးအပိုင်းရယ် မြို့နယ်အုပ်ချုပ်မှုရယ် ပူးပေါင်းပြီးတော့ ကျွန်တော်တို့ ကူညီထောက်ပံ့သွားမှာဖြစ်ပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးလှဝင်းက ပြောသည်။
မြန်မာနိုင်ငံအောက်ပိုင်းဒေသများဖြစ်သော ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ ထူးကဲဒီရေမြင့်တက်ခြင်း၊ အထက်မြန်မာပြည်မှရေများစီးဆင်းလာခြင်းတို့ကြောင့် သြဂုတ်လမှ စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နိုင်သဖြင့် ငါး၊ ပုစွန်မွေးမြူရေးကန်များအနေဖြင့် ရေကြီးရေလျှံမှုများကြောင့် ဆုံးရှုံးနစ်နာမှုများမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် လိုအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ငါး၊ ပုစွန်မွေးမြူ ရေးလုပ်ငန်းရှင်များသည် ဆုံးရှုံးနစ်နာမှုနည်းပါစေရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဈေးကွက်ဝင်ငါးများဖြစ်ပါက ငါးကန်များဖော်ခြင်း၊ ငါးကန်ဘောင်များ မြင့်တင်ခြင်း၊ ပိုက်များဖြင့် အကာအရံပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း သိရသည်။
"ရေကြီးရေလျှံမှုဖြစ်ရင် ဘာတွေဆုံးရှုံးနစ်နာနိုင်မလဲဆိုတော့ ရေကြီးတာကိုအကြောင်းပြုပြီး ငါးမွေးတဲ့ကဏ္ဍ ခဏရပ်တန့်သွားမယ့် သဘောရှိတယ်။ ငါးမွေးမြူတာအရှိန်ကျသွားပြီး ငါးထုတ်လုပ်မှုလည်း အရှိန်ရပ်တန့်သွားမယ့် သဘောရှိတယ်။ ငါးထုတ်လုပ်မှုကဏ္ဍမှာ ရေကြီးတာက အဟန့်အတားတစ်ခု လာဖြစ်နေတယ်။ ဒီနှစ်မှာ ထုတ်လုပ်မှုလျှော့ပြီး ငါးဈေးကောင်းတဲ့ အခြေအနေမှာ ရေကြီးတဲ့ပြဿနာ ထပ်ပေါင်းဆင့်လိုက်ရင် ငါးထုတ်လုပ်မှုက ပိုကျဆင်းသွားပြီး ငါးဈေးတွေလည်း ပိုပြီးတက်လာမယ့်အကြောင်းရှိတယ်။ ငါးမွေးတောင်သူတွေအနေနဲ့ ဆုံရှုံးနစ်နာမှုနည်းအောင် ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ထားဖို့လိုပါတယ်။" ဟုမြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
ယင်းကဲ့သို့ ရေကြီးမှုကြောင့် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် ပျက်စီးဆုံးရှုံးမှုများပြားသော်လည်း ၂၀၁၇ ခုနှစ် တွင် ရေကြီးနစ်မြှုပ်မှုဖြစ်ပွားသောဒေသ နည်းပါးသဖြင့် ငါး၊ ပုစွန်မွေးမြူ ရေးကန်များ ပျက်စီးဆုံးရှုံးမှုနည်းပါးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် တိုင်းဒေသကြီး ၅ ခု၌ ငါးမွေးမြူရေးကန်ဧကပေါင်း (၃၄၇ ၂၀)၊ ရခိုင်ပြည်နယ်၌ ပုစွန်ကန်ဧကပေါင်း (၅၈၆၀၀) ကျော်ရှိ ၍ ကျပ် ၅၀ ဘီလီယံဝန်းကျင် ထိခိုက်ပျက်စီးဆုံးနစ်နာမှုရှိခဲ့ကြောင်းသိရသည်။
ထို့အပြင် ၂၀၁၈ ခုနှစ်တွင် ရေကြီးနစ်မြှုပ်မှုကြောင့် ငါး/ပုစွန်မွေးမြူရေးကန် ပျက်စီးဆုံးရှုံးမှုမှာ ရန်ကုန်တိုင်းဒေသကြီးရှိ ကွမ်းခြံကုန်းမြို့နယ်တွင် ဧကပေါင်း ၁၀၄၄ ဧက၊ ကော့မှူးမြို့နယ်တွင် ဧက ၆၄ ဧက၊ ပဲခူးတိုင်းဒေသကြီးရှိ ပဲခူးမြို့နယ်တွင် ဧကပေါင်း ၁၂၉၁ ဧက၊ ညောင်လေးပင်မြို့နယ်တွင် ဧက ၃၅ ဧကနှင့် ကရင်ပြည်နယ်တွင် ဧကပေါင်း ၈၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....