စျေးကွက် ချိတ်ဆက်ပေးမယ့် အစိမ်းရောင်လမ်း ဗားရှင်းအသစ်
ဗားရှင်းအသစ်ရဲ့ ထူးခြားချက်(၃)ချက်
အစိမ်းရောင်လမ်းရဲ့ ဗားရှင်း အသစ် (၃.၅.၀) မှာ တောင်သူတွေခက်ခဲနေတဲ့ စျေးကွက်ပြဿနာအတွက် ဒီဗားရှင်းက အဖြေတစ်ခုဖြစ်ဖို့ အစိမ်းရောင်လမ်းအဖွဲ့သားတွေက ကြိုးပမ်းထားပါတယ်။
ဘာတွေလဲဆိုတော့….
၁။ အသိပေးစာပို့ပေးခြင်း
ဒီတစ်ချက်က အစိမ်းရောင်လမ်းမှာပဲရနိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုလည်းဖြစ်ပါတယ်။ သင့်ရဲ့ အရောင်းအဝယ်ပို့စ်တွေအတွက် ထိရောက်မှုရှိစေဖို့ပါ။ နှမ်းစိုက်တဲ့တောင်သူက နှမ်းနက်ရောင်းချင်ပါတယ်ဆိုတဲ့အကြောင်းတင်တဲ့အခါ ဆော့ဝဲထဲက နှမ်းဝယ်တဲ့သူတွေဆီ အသိပေးစာ ပို့ပေးမှာပါ။ ပဲတီစိမ်းမျိုးလိုချင်လို့ အဝယ်ပို့စ်တင်လိုက်တဲ့အခါမှာလည်း ပဲစိုက်တဲ့တောင်သူတွေဆီ အသိပေးစာပို့ပေးမှာပါ။ ဒီလိုဝန်ဆောင်မှုကို အစိမ်းရောင်လမ်းဗားရှင်းအသစ်မှာ ရနိုင်မှာဖြစ်ပါတယ်။
၂။ စိတ်ကြိုက်ထည့်နိုင်မယ့် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်
အရောင်းအဝယ်လုပ်ချင်ပေမယ့် ဖုန်းမကောင်းတာ၊ ဖုန်းနဲ့အချိန်ပြည့်မရှိတာက အဟန့်အတားမဖြစ်စေဖို့ ဒီတစ်ချက်ကို ထည့်သွင်းစဉ်းစားထားပေးတာပါ။ ကိုယ် ကကွင်းအလုပ်တွေနဲ့မအားရင် ဖုန်းလက်ခံဖြေကြားပေးမယ့်သူရဲ့ နံပါတ်ကို ထည့်လို့ရပါသေးတယ်။ လူငယ်တွေအနေနဲ့လည်း စျေးကွက်မှာ ပိုမိုပါဝင်လာနိုင်ပြီး တောင်သူမိဘတွေကို ကူညီနိုင်စေဖို့ ရည်ရွယ်ထားတဲ့ လုပ်ဆောင်ချက် အသစ်လေးလည်းဖြစ်ပါတယ်။
၃။ အမေးအဖြေနဲ့ အရောင်းအဝယ်မှာ အချင်းချင်းစကားပြောနိုင်ပြီ
ဒါကတော့ အသုံးပြုသူတွေတောင်းဆိုထားတဲ့ လုပ်ဆောင်ချက်ပါ။ ရောင်းဝယ်ညှိနှိုင်းဖို့ပဲဖြစ်ဖြစ်၊ ပညာရှင်တွေနဲ့ အမေးအဖြေမှာ စကားပြောချင်လို့ပဲဖြစ်ဖြစ်၊ နာမည်လေးကို နှိပ်လိုက်တာနဲ့ စာတိုပို့နိုင်ပြီဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်မှုတွေအသစ်တွေနဲ့ စျေးကွက်ချိတ်ဆက်နိုင်မယ့် အစိမ်းရောင်လမ်းဗားရှင်းအသစ်ကို အခမဲ့ အသုံးပြုနိုင်ပါပြီ။
Play storeမှာ update မြှင်ပြီး စတင်ချိတ်ဆက်နိုင်ပါပြီ။
ဒီလင့်တွေကလည်း တိုက်ရိုက်ရယူနိုင်ပါတယ်။
ဆော့ဝဲလ်ရယူရန်- http://dl.greenwaymyanmar.com/
ဆော့ဝဲလ်ရယူရန် (Huawei App Gallery) ဟွာဝေး ဖုန်းများအတွက်-
http://appgallery.cloud.hauwei.com/ag/n/app/C102559487
iOS userတွေကလည်း seller-buyer linkage ကို ဒီwebsiteမှာ www.zaytangyi.com ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။
နန်းသန္တာခိုင်
လွန်ခဲ့သော ၅ နှစ် ကဆော့ဝဲလ် ယူလို့မရ
ကိုသိန်ဝင်း
လွန်ခဲ့သော ၅ နှစ် ကကိုသိန်ဖေ၀၉၆၉၁၅၈၉၈၄၀
စောရွှေမင်း
လွန်ခဲ့သော ၅ နှစ် ကupdate လုပ်ပြီးပီ သုံးရက်လောက်က ဒီဗားရှင်းမဟုတ်ဘူးလား
စစ်တောင်းမင်းသား
လွန်ခဲ့သော ၅ နှစ် ကမတ်ပဲစျေးဘယ်လောက်ရနိုင်ပီလဲ
Hlaing Zawoo
လွန်ခဲ့သော ၅ နှစ် ကပြည်တွင်း စျေးကွက်ကောင်း တစ်ခု ဖြစ်ပေါ် လာတော့မည်
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....