အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လီလီပန်းစိုက်ပျိုးနည်းသင်တန်းအခမဲ့တက်ကြမလား?

လီလီပန်းစိုက်ပျိုးနည်းသင်တန်းအခမဲ့တက်ကြမလား?

Green Way
Green Way • Greenovator • 07/12/2018

ပန်းမန်စိုက်ပျိုးသူများ။ဝါသနာရှင်များ ပန်းမန်ချစ်မြတ်နိုးသူများခင်ဗျား။

အကယ်ဒမီမင်းသားချောကိုလွင်မိုး(The Florist by The Yun Co.Ltd ၏ဥက္ကဌကိုမိုးလွင်) က ကျွန်တော့်ဆီကို မနေ့ကဖုန်းဆက်ပါတယ်။သူက အကိုကြီး ကျွန်တော်တို့ကုမ္ပဏီက ဟော်လန်နိုင်ငံကVan Den Bos Flower Bulbs B.V နှင့်ချိတ်ဆက်ပြီး လီလီပန်းဥတွေ တင်သွင်းရောင်းချစိုက်ပျိုးနေပြီး အခုလည်းအဲဒီကုမ္ပဏီက ပန်းပညာရှင်တစ်ဦး လာရောက်ပြီး လီလီပန်းစိုက်ပျိုးနည်းကို အခမဲ့လာရောက်သင်ကြားပေးမှာဖြစ်လို့ အကိုကြီးတို့ ပန်းအသင်းက တက်ချင်သူများကော။ အခြားစိတ်ဝင်စားသူ ပန်းဝါသနာရှင်များကိုလည်း သတင်းဖြန့်ဝေ ဖိတ်ကြားပေးပါရန် အကူအညီတောင်းပါတယ်။

တရက်တာသင်တန်းလို့လည်းသိရပါတယ်။ ၁၁.၁၂.၂၀၁၈ (နံနက်၉း၃၀နာရီမှာ သင်တန်းစတင်မယ်လို့လည်း သိရပါတယ်။ နေရာကတော့ ရှုမ်းပြည်နယ်။ ဟဲဟိုးလေယာဉ်ကွင်းထိပ်လို့ သိရပါတယ်။

နိုင်ငံခြားသားပညာရှင်ကိုယ်တိုင်လာသင်ပေးမယ်ဆိုတော့ အကျိုးရှိမှာပါ။ ကိုယ်သိချင်။မေးချင်တာတွေကိုလည်း တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်တဲ့ အခွင့်အရေးရမှာဆိုတော့ အကျိုးရှိမယ့်သင်တန်းဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ဒေါက်တာစောလွင်
ဥက္ကဌ
မြန်မာနိုင်ငံပန်းဝါသနာရှင်အသင်း

(ကိုလွင်မိုး၏ပူးတွဲပါစာ)
အသေးစိတ်မေးမြန်းချင်သူများကိုလွင်မိုးတို့၏ရုံးဖုန်းနံပါတ် ၀၉ ၇၇၅၃၃၃၃၅၇, ၀၉၉၆၄၁၁၄၄၄၇, ၉၆၄၁၁၄၄၄၈တို့ဆီစုံစမ်းမေးမြန်းနိုင်ပါတယ်။

Saw Lwin facebook page မှ ကူးယူဖော်ပြပါသည်။

koko

koko

လွန်ခဲ့သော ၁ နှစ် က

ရတယ်၀၉၆၉၇၀၂၉၁၇၅ဆက်သွယ်ပေးပါဗျ

sai aung

sai aung

လွန်ခဲ့သော ၃ နှစ် က

လီလီပန်မျိုးဥလိုချင်တယ်ဘယ်မှာရနိုင်မလဲ

ko De Khit

ko De Khit

လွန်ခဲ့သော ၄ နှစ် က

ပိုသိချင်ပါတယ်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။