World Antimicrobial Awareness Week(WAAW) အထိမ်းအမှတ်အဖြစ် ပဋိဇီ၀ဆေး ယဉ်ပါးမှုဆိုင်ရာ အသိပညာပေး အွန်လိုင်းဆွေးနွေးပွဲကျင်းပမည်
World Antimicrobial Awareness Week(WAAW) အထိမ်းအမှတ်အဖြစ် မွေးမြူရေးကဏ္ဍအတွက် ပဋိဇီ၀ဆေးယဉ်ပါးမှုဆိုင်ရာ အသိပညာပေး အွန်လိုင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာ၀န်များအသင်းကဦးဆောင်၍ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်မှ (၂၄) ရက်အထိ ရက်သတ္တပတ်ကို ကမ္ဘာလုံးဆိုင်ရာ ပဋိဇီ၀ဆေးယဉ်ပါးမှု အသိပညာပေးရေးရက်သတ္တပတ် (World Antimicrobial Awareness Week - WAAW)အဖြစ် သတ်မှတ်၍ အသိပညာပေးဟောပြောပွဲများကို ကမ္ဘာတစ်၀န်းလုံးတွင် ဆောင်ရွက်လျက်ရှိပြီး၊ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် နိုဝင်ဘာလ (၂၁) ရက်၊ စနေနေ့ နံနက် ၈:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအချိန်တွင် အွန်လိုင်းဆွေးနွေးပွဲကျင်းပမည် ဖြစ်သည်။
ကမ္ဘာတစ်ဝှမ်းမှာ ပဋိဇီဝဆေးအလွန်အကျွံသုံးစွဲမှုတွေကြောင့် ပဋိဇီဝဆေးယဥ်ပါးမှုဖြစ်ပေါ်ပြီး ပြည်သူ့ကျန်းမာရေးအန္တရာယ်တွေ ကြုံတွေ့နေပါတယ်။ ဒါ့ကြောင့် ပဋိဇီဝဆေးယဥ်ပါးမှုအန္တရာယ်ကို သတိမူမိစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီအွန်လိုင်းဆွေးနွေးပွဲလေးကို ကျင်းပတာပါ။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်က ဆရာ၊ ဆရာမတွေ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တာ၀န်ရှိသူတွေ၊ ပုဂ္ဂလိကကဏ္ဍက တာ၀န်ရှိသူတွေ ပါဝင်ဟောပြောမှာဖြစ်တဲ့အတွက် တကယ်အကျိုးရှိမယ့်ဆွေးနွေးပွဲတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေကိုလည်း ဝင်ရောက်နားထောင်စေချင်ပါတယ်။
ဟု မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာ၀န်များအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာတင်ငွေ က ပြောသည်။
အဆိုပါ အွန်လိုင်းဆွေးနွေးပွဲ ဖြစ်မြောက်စေရန် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း(ဗဟို)မှ ဦးဆောင်၍ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသည့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ အာရှ တိရစ္ဆာန်ဆေးကုဆရာ၀န်များအဖွဲ့ချုပ် (Federation of Asian Veterinary Association - FAVA) တို့နှင့်အတူ ပြည်တွင်းရှိ အစိုးရအဖွဲ့အစည်းများဖြစ်သည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ပူးပေါင်းအားဖြည့်ထားကြောင်း သိရသည်။
ဒီ WAAW အထိမ်းအမှတ် အသိပညာပေးအွန်လိုင်းဆွေးနွေးပွဲ (Webinar) ကို မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာ၀န်များအသင်းက အဓိက ဦးဆောင်ကျင်းပတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့လည်း ပူပေါင်းပါဝင်အားဖြည့်ထားပါတယ်။ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အသင်း၀င်တွေအပြင် မြန်မာတစ်နိုင်ငံလုံးမှာရှိကြတဲ့ မွေးမြူရေးလောကသားတွေ၊ တခြားစိတ်ပါဝင်စားသူတွေနဲ့ သတင်းမီဒီယာတွေကိုလည်း တက်ရောက်ဖို့အတွက် ဖိတ်ကြားလိုပါတယ်။ ဆွေးနွေးပွဲကို မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ရဲ့ Facebook စာမျက်နှာဖြစ်တဲ့ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ဖေ့ဘုတ်ပေ့ချ် မှာလည်း တိုက်ရိုက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။
ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အကြံပေး ဒေါက်တာသက်ခိုင်က ပြောသည်။
စိတ်ပါဝင်စား၍ ဆွေးနွေးပွဲတက်ရောက်လိုသူများအနေဖြင့် အောက်ဖေါ်ပြပါ link တွင် ဝင်ရောက်ကြည့်ရှု၍ တက်ရောက်နိုင်ကြောင်း သိရသည်။
https://us05web.zoom.us/j/88498947776
Meeting ID: 884 9894 7776
Passcode: mva2020
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022