ပဲစဉ်းငုံအသစ်များ ဝယ်လက်များလာမှုကြောင့် ရက်ပိုင်းအတွင်း ဆက်တိုက်ဈေးမြင့်လာ
ဇန်နဝါရီလလယ်ပိုင်းတွင် စတင်ပေါ်ထွက်လာသည့် ပဲစဉ်းငုံအသစ်များ မန္တလေးဈေးကွက်သို့ အဖွင့်ဈေး ကျဆင်းစွာ ဝင်ရောက်လာသော်လည်း ဖေဖော်ဝါရီ ၁ ရက်တွင် ဝယ်လက်များလာမှုကြောင့် ဈေးပြန်မြင့်တက် လာကြောင်း မန္တလေးဈေးကွက်မှ သိရသည်။
အိန္တိယနိုင်ငံမှ အဝယ်ရပ်နားထားသဖြင့် ဈေးကျဆင်းနေသော ပဲစဉ်းငုံသည် ယခုနှစ်ထွက်ပေါ်ချိန်၌ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀ နှုန်းဖြင့် အဖွင့်ဈေးကျဆင်းကာ ဝင်ရောက်လာသော်လည်း ယခုဖေဖော်ဝါရီ ၁ ရက်တွင် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နှင့် နီပေါနိုင်ငံမှ ဝယ်ယူမှုကြောင့် ကျပ် ၃၇၀၀၀ နှုန်းအထိ ရောက်ရှိလာပြီး ဖေဖော်ဝါရီ ၃ ရက်တွင် ကျပ် ၄၀၀၀၀ ထိ မြင့်တက်လာကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) ကပြောသည်။
“အားလုံးစိတ်ဝင်စားနေတဲ့ ပဲစဉ်းငုံဈေးတက်ရတဲ့ အကြောင်းက မနှစ်က အရှုံးနဲ့ကြုံတွေ့ခဲ့ရတဲ့ လှောင်သမား တွေ အချင်းချင်း ဈေးညှိပြီးဝယ်ကြတယ်။ နောက်တစ်ချက်က အိန္ဒိယမှာလည်း မနှစ်ကလို အထွက်နှုန်း မကောင်းဘူးလို့ ကြားရတဲ့အတွက် ကြိုတင်ဝယ်ယူမှုနဲ့အတူ တခြားနိုင်ငံတွေကလည်း ဝယ်ယူမှုတွေ ရှိလာတော့ ဈေးတက်လာတာပါ။ ဒီအတိုင်းဆို အရှုံးပေါ်လို့ စိတ်ဓာတ်ကျပြီး ပဲစိတ်ကုန်လို့ အမည်ပြောင်းပေးထားတဲ့ ပဲစဉ်းငုံသီးနှံကတော့ တောင်သူနဲ့ကုန်သည်တွေအတွက် အဓိကအားထားရတဲ့ သီးနှံဖြစ်လာဖို့ မျှော်လင့်ချက် ရောင်ခြည် သန်းလာပြီလို့ ဆိုနိုင်ပါတယ်” ဟု ၎င်းကပြောသည်။
ပဲစဉ်းငုံသည် ရာသီဥတုဒဏ်ခံနိုင်ပြီး စိုက်ပျိုးရန်လွယ်ကူသည့် သီးနှံဖြစ်သည့်အပြင် ပိုးသတ်ဆေးနှင့် ဓာတ်မြေ ဩဇာ သုံးစွဲမှုစရိတ် သက်သာသောကြောင့် အိန္ဒိယမှ အဝယ်ရပ်နားထားသော်လည်း မြန်မာတောင်သူများ အနေ ဖြင့် စိုက်ပျိုးမှုကို လျှော့ချခြင်းမရှိကြောင်း သိရသည်။
Source - မင်းထက်အောင် (ကြေးမုံ သတင်းစာ)
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026