အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်ပါတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်

တစ်ပါတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်

Nyi Thway
Nyi Thway • Greenovator • 24/02/2018

ဒီအပတ်တော့ ဝယ်လက်အကြီးဆုံး တရုတ်နိုင်ငံရဲ့ ရိုးရာနှစ်သစ်ကူးအားလပ်ရက်ရှည်နဲ့တိုက်ဆိုင်နေတော့ ရော်ဘာဈေးက ဆိတ်ငြိမ်နေတယ်ဆိုရမယ်။ 

အရှေ့တောင်အာရှရဲ့ တိုင်ယာအဆင့်ရော်ဘာဈေးကို အရိပ်ထိုးလေ့ရှိတဲ့ တိုကျိုရဲ့ Tokyo Commodity Exchange or TOCOM တစ်ခုတည်းဖွင့်ပါတယ်။ ဒီဈေးကွက်မှာ ပြီးခဲ့တဲ့အပတ်အကုန်တုန်းက ရော်ဘာဈေးဟာ ရှစ်လအတွင်းအနိမ့်ဆုံးဖြစ်နေရာက တနင်္လာနေ့မှာ စပြီး အပေါင်းလက္ခဏာပြပါတယ်။ ဒေါ်လာနဲ့ယှဉ်တဲ့ ယန်းငွေဈေးကျနေတာကြောင့်ပါပဲ။ ယန်းငွေဈေးကျရင် ယန်းငွေနဲ့ဈေးသတ်မှတ်တဲ့ ကုန်စည်တွေကို ဒေါ်လာလိုအခြားငွေကြေးနဲ့ ဝယ်တဲ့အခါ ဈေးသက်သာပါတယ်။ ဈေးပေါတော့ အဝယ်လိုက်တယ်။ ဒီတော့ ဈေးတက်ပါတယ်။ ဒီလိုနဲ့ ယန်းငွေအားပျော့တဲ့ အကြောင်းနဲ့ပဲ အင်္ဂါနဲ့ ဗုဒ္ဓဟူးတို့မှာပါ ဆက်လက် အပေါင်းလက္ခဏာပြပါတယ်။ 

ရော်ဘာဈေးကို လွှမ်းမိုးတဲ့ ရေနံဈေးကိုကြည့်ရင်တော့ အမေရိကန်ရဲ့ အရံရေနံနည်းနေလို့ သူတို့ရဲ့ ရေနံစိမ်းက ၂ ပတ်အတွင်း အမြင့်ဆုံးကိုရောက်သွားတယ်။ ရေနံဈေးတက်ရင် ရော်ဘာဈေးကလိုက်တက်ရမှာဖြစ်ပေမယ့် ဒေါ်လာဈေးတက်တော့ ဘရန့်ရေနံဈေးက ကျနေပြန်တာကြောင့် ရေနံဈေးရဲ့ အကျိုးသက်ရောက်မှုက သိပ်မရှိလှဘူး။

တနင်္လာနေ့မှစလို့ ၃ ရက်ဆက်တိုက် TOCOM ဈေးကွက်တခုတည်း ကစားနေပါတယ်။ ကြာသပတေးနေ့ကျတော့ တစ်ပတ်တာ နှစ်သစ်ကူးပိတ်ရက်ရထားတဲ့ ရှန်ဟိုင်းရဲ့ Shanghai Foreign Exchange or SHFE က ပြန်ဖွင့်လာပါတယ်။ 

ရော်ဘာကြီးသုံးကြီးဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က သူတို့ရဲ့ ၂၀၁၈ ရဲ့ ပထမ ၃ လအတွင်း ရော်ဘာ အိတ်စပို့ တန်ချိန် ၃၅၀၀၀၀ လျှောချမှုကြောင့် သေချာပေါက် ကျိန်းသေ ဈေးပြန်တက်ရမယ်လို့ ပြောနေတယ်။ ဈေးပြန်တက်မည့်အချိန်အခါကိုလည်း တရုတ်နှစ်သစ်ကူးအားလပ်ရက်အပြီးမှာလို့ ခန့်မှန်းထားတော့ ဒီရက်ပိုင်းက စိတ်ဝင်စားစရာပါ။ ဒါပေမယ့် စပြန်ဖွင့်တဲ့ ကြာသပတေးနေ့မှာတော့ တက်တော့တက်တယ်။ နည်းနေသေးတယ်။ ယွမ် ၄၀ တက်ပြီး ၁၂၅၀၀ ယွမ်/တန်ဈေးနဲ့ပိတ်သွားတယ်။ ဒါကလည်း အားလပ်ရက်ရှည်ကြီးပြီးနောက်ပြန်ဖွင့်တဲ့အခါ ကုန်သည်တွေမစုံလင်သေးတာရယ်။ အာရုံသိပ်မလာသေးလို့ရယ်ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီနေ့သောကြာနေ့မှာတော့ အတက်ကြမ်းတယ်ဆိုရမလား၊ ကြီး ၃ ကြီး ခန့်မှန်းသလိုများဖြစ်နေပြီလားမသိဘူး။ ဈေးအပိတ်မှာ ၃၆၅ ယွမ်တက်ပြီး ၁၂၈၅၀ ယွမ်/တန်ဈေးနဲ့ ပိတ်သွားပြီဖြစ်တယ်။ 

ကြီး ၃ ကြီး ခန့်မှန်းချက်ကို ပင့်တင်ပေးမယ့် ပြောပြစရာ နောက်သတင်းတစ်ခုရှိနေသေးတယ်။ ဥရောပသမဂ္ဂ European Union - EU က ရော်ဘာကို အလွန်အရေးကြီးကုန်ကြမ်း Critical Material  အဖြစ် စာရင်းထည့်လိုက်ပြီဆိုတဲ့ သတင်းပါ။ 

အလွန်အရေးပါသော ကုန်ကြမ်းဆိုတာ ရရှိနိုင်မှု အလျဉ်ပြတ်လပ်သွားနိုင်လောက်အောင် အန္တရာယ်ရှိတဲ့ကုန်ကြမ်းမျိုးကို ဆိုလိုတယ်။ တပြိုင်နက်တည်းမှာ EU ရဲ့စီးပွားရေးအတွက် အရေးပါမှုမြင့်မားတဲ့ ကုန်ကြမ်းမျိုးကိုဆိုလိုတယ်။ ရော်ဘာက သူတို့ဥရောပအတွက် တကယ်ပဲ ဒီအချက်နဲ့ကိုက်ညီနေပြီ။ 

ဥရောပတိုင်ယာနှင့်ရော်ဘာထုတ်လုပ်သူများအသင်း European Tyre and Rubber Manufacturers' Association ၏ အထွေထွေအတွင်းရေးမှူး ဖာဇီလက် စီနာရက်က ဒီသတ်မှတ်ချက်ကြောင့် ဥရောပရော်ဘာလုပ်ငန်းရဲ့ ယှဉ်ပြိုင်မှုကို ပြင်းထန်စေမယ်လို့ပြောပါတယ်။ သဘောက ရဘို့ခက်လာမယ့် သဘာဝရော်ဘာကို အလုအယက်ဝယ်စုကြတော့မယ်ဆိုတဲ့သဘောပဲ။ လက်ရှိ ဟီဗီးယားအပင်ကရတဲ့ ရော်ဘာကိုအစားထိုးဘို့ကလည်း မလွယ်သေးဘူးဆိုတော့လေ။ 

ညီသွေး

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။