တစ်ပါတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက် သုံးသပ်ချက်
တနင်္လာနေ့မှာ အရှေ့တောင်အာရှရဲ့ တိုင်ယာအဆင့်ရော်ဘာဈေးကို အရိပ်ထိုးလေ့ရှိတဲ့ တိုကျိုက ကုန်စည်ဒိုင် TOCOM မှာ ဈေးပိတ်ချိန်၌ ၁.၇% ကျပြီးဈေးပိတ်သွားတယ်။ အကြောင်းရင်းတွေဖြစ်တဲ့ ယန်းဈေးဟာ ဒေါ်လာနဲ့ယှဉ်တဲ့အခါ တက်လာတာရယ်။ ရေနံဈေးကျတာရယ်။ ကမ္ဘာ့ စတော့ရှယ်ယာဈေးတွေကျတာရယ် ပေါင်းဆုံသွားတာပါ။ ယန်းဈေးတက်ရင် ရော်ဘာဈေးကျပြီး၊ ရေနံဈေးကျတော့ ရော်ဘာဈေးပါလိုက်ကျပါတယ်။ ယန်းဈေးနဲ့ ရော်ဘာဈေးဆက်စပ်ပုံက သိကြပြီးသားဖြစ်နေပြီ။ ရေနံဈေးနဲ့ ဆက်စက်ပုံက ရေနံဈေးကျတော့ ရေနံကထုတ်လုပ်တဲ့ ရော်ဘာတု synthetic rubber (ဗျူတာဒိုင်အင်း butadiene ) ဈေးကျပါတယ်။ ဗျူတာဒိုင်အင်းက တိုင်ယာလုပ်ရာမှာ သဘာဝရော်ဘာနဲ့ ထက်ဝက်ခန့်ရောစပ်ရတဲ့ ပစ္စည်းဖြစ်နေတယ်။ သူဈေးကျတော့ သူ့ကို အဝယ်များပြီး သဘာဝရော်ဘာအဝယ်နည်းပါမယ်။ ဒီတော့ ဈေးမလိုက်ဘူး၊ ကျတော့တာပါပဲ။
နောက်တခါ TOCOM က လှမ်းကြည့်နေရတဲ့ SHFE ကတက်ပေမယ့် မဆိုသလောက် တစ်တန်မှ ယွမ် ၄၀ သာတက်တော့ TOCOM ခမျာလိုက်မတက်နိုင်ရှာဘူး။
အင်္ဂါနေ့မှာတော့ ရှန်ဟိုင်းရဲ့ SHFE ကျတာမှ စိုက်နေတော့၊ TOCOM ကလိုက်ကျပြန်တယ်။ SHFE က ဘယ်လောက်တောင် ကျသွားလဲဆိုရင် ၄၂၅ ယွမ်တောင်ကျသွားတယ်။ ရေနံဈေးကလည်း ပျော့နေတော့ TOCOM လည်း တောင့်ခံမနိုင်တော့ဘူး။ ၃ ယန်းအကျနဲ့ ၁၉၃.၇ ယန်း/ကီလိုဂရမ် ဈေးဖြစ်ပြီး ပိတ်သွား တော့တယ်။ ရေနံဈေးက ကျလိုက်သမှ ပုံလျက်သားပဲ။ ပြီးခဲ့တဲ့နေ့ကအဆက် ဆက်ကျတာပါ။ ဝေါလမ်းမမှာ မှတ်ပုံတင်ခဲ့သမျှ နေ့တွင်းချင်း အကြီးဆုံး ကျဆင်းမှုတွေရဲ့ လှုပ်နှိုးမှုနဲ့ ကမ္ဘာ့ငွေကြေးဈေးကွက်တွေ ပြိုဆင်းခ လို့လည်း တကြောင်းပေါ့။
ဗုဒ္ဓဟူးနေ့မှာတော့ ၂ ရက်တာ ကျနေတဲ့ TOCOM ဟာ ဈေးအပိတ်မှာ ၁.၈ ယန်း ပြန်တက်သွားတယ်။ ယန်းဈေးပြန်ကျသွားလို့ရယ်၊ အရင်နေ့တွေက အကြီးအကျယ်ကျနေတဲ့ ရေနံဈေးကလည်း ပြန်တက်လာတယ်။ ဒီတော့ စတော့ရှယ်ယာတွေလည်း ပြန်တက်လာတာလည်းပါတယ်။ ဒါပေမယ့် SHFE တော့ ယွမ် ၁၂၀ အကျနဲ့ ဈေးပိတ်နေတုန်း။
ကြာသပတေးနေ့ဈေးပိတ်တော့လည်း ၃.၂ ယန်းကျပြီး ၁၉၂.၃ ယန်း/ကီလိုဂရမ် ဈေးနဲ့ပိတ်သွားတယ်။ သောကြာနေ့နံနက် ဈေးပြန်အဖွင့်မှာတော့ ယန်း ၁၉၀ အောက်ဈေးနဲ့ ဖွင့်တော့တယ်။ ၁၈၉.၅ ယန်း/ ကီလိုဂရမ် တဲ့။
အကျချည့်ဖြစ်နေတော့ ပြန်တက်ဘို့လည်း ကြိုးစားလုပ်ဆောင်နေတာ ကြားရတယ်။ ရော်ဘာကြီး ၃ ကြီးဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့စုပေါင်းပြီး ရော်ဘာတင်ပို့မှုလျှော့ချကြဘို့ကြိုးစားနေတာ ကြားကြမှာပေါ့။ သူတို့က ၃ လအတွင်း မတ်လကုန်အထိ တန် ၃၅၀၀၀၀ လျှော့ချဘို့ ကတိပြုထားကြတယ်။ ဈေးကွက်မှာ ရော်ဘာနည်းသွားရင် ဈေးပြန်တက်မယ်ဆိုတဲ့ အယူအဆနဲ့ပေါ့။
အခုတစ်ခါ မနေ့က သတင်းမှာ ထိုင်းတစ်နိုင်ငံတည်း ရော်ဘာအထွက်ကိုလျှော့ချဘို့ စီမံနေတယ်လို့ ကြားရတယ်။ ဒီတစ်ခါတော့ ရော်ဘာပင်တွေကိုခုတ်ပစ်ပြီး လျှော့ချမလို့လုပ်တာ။ ရော်ဘာပင်ကို ခြစ်သက် ၂၅ နှစ်လို့ သူတို့ ထားတယ်။ ၂၅ နှစ်ဆို ပုံမှန်ခုတ်တယ်။ အခု ၂၅ နှစ်မပြည့်မီ စောပြီးခုတ်ဘို့ ဆော်ဩတယ်။ အဲလိုလုပ်ရင် (မခုတ်မနေရမဟုတ်) အစိုးရက ၁ ရိုင်(ထိုင်းမှာသုံးတဲ့ မြေတိုင်းယူနစ်၊ ၁ ရိုင်= ဝ.၃၉၅ ဧက ရှိတယ်။ ၁ ဧကမှာ ၂ ရိုင်ခွဲ နည်းနည်းကျော်တယ်။) ကို ဘတ် ၄၀၀၀ ထောက်ပံ့မယ်။ ဒီအတွက် အစိုးရက ဘတ်ငွေ ဘီလီယံ ၈၀ (ဒေါ်လာ ၂.၅ ဘီလီယံ) လျာထားတယ်။ ဒီလိုခုတ်ပြီး ဧပြီလအကုန်မှာ ၅% အထွက်လျော့အောင် လုပ်ကြမယ်။ ဒီပမာဏ လျော့ဘို့ဆိုရင် တစ်နှစ်ကို ရိုင် ၄၀၀၀၀၀ (ဧက ၁၅၀၀၀၀ ကျော်) ခုတ်ရမယ်။ အစိုးရက အစီအစဉ်မှာပါတဲ့ တောင်သူတွေကို အပေါ်မှာပြောခဲ့သလို ငွေထောက်ပံ့ခြင်းအပြင် ခုတ်လိုက်တဲ့ရော်ဘာပင်က ပင်စည်ကို ရော်ဘာသားသစ်လုပ်ပြီး၊ ကိုင်းဖျားကိုင်းနားကို သစ်သားစ (rubber wood pellet) တွေအဖြစ် ထုတ်လုပ်မယ်တဲ့။ တစ်နှစ်ကို သစ်သားစ တန်ချိန် ၈ သန်းခန့် ထွက်မယ်လို့ မှန်းထားတယ်။ သစ်သားစကို သုံးတာက Biomass လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေမှာ လောင်စာအဖြစ်သုံးတာ။ ဒီလိုစက်ရုံက ဂျပန်မှာများ တော့ အစိုးရက ဂျပန်စက်ရုံတွေကို ဒီသစ်သားစတွေတင်ပို့ဘို့ ချိတ်ဆက်ထားပေးတယ်။ သစ်သားစတွေ များလွန်းတော့ ပြည်တွင်းမှ EGAT- Electric Generating Authority of Thailand ကိုလည်း Biomass power plant တွေ တည်ခိုင်းထားတယ်။ အခုဆို EGAT က အရှေ့မြောက်ခရိုင်တစ်ခုမှာ စက်ရုံတစ်ရုံ စတည်ဘို့ လုပ်နေပြီ။ သူတို့ဒီလောက်လုပ်ပေးနေတာတောင် ရော်ဘာဈေးတက်၏ မတက်၏ဆိုတာတော့ ကျနော်တို့က စောင့်ကြည့်ရုံမျှသာ။
ညီသွေး
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Nyi Thway
အားလုံး