ခရမ်းချဥ်ပင်မှာ ရောဂါကျရောက်နေတဲ့အခါ တွေ့ရတတ်တဲ့ လက္ခဏာ ၈ ခု အပိုင်း (၂)
အပိုင်း (၁) မှာတုန်းက ခရမ်းချဉ်မှာ ရောဂါကျနေရင် တွေ့ရတတ်တဲ့လက္ခဏာတွေထဲက
(၁) အရွက်ပေါ်မှာ အစက်အပြောက်များ တွေ့ရခြင်း
(၂) အရွက်များ အဝါရောင် ပြောင်းလာခြင်း
(၃) အရွက်ပေါ်မှာ မှိုမျှင်များတွေ့ရခြင်း
စတဲ့အချက်တွေကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ မဖတ်ရသေးရင် အောက်ကလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://greenwaymyanmar.com/posts/Tomato_Disease_Symptoms
အခု အပိုင်း(၂) မှာတော့ ကျန်တဲ့လက္ခဏာ (၅) ခုကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

(၄) အရွက်များ တွန့်လိပ်လာခြင်း
ခရမ်းချဥ်အပင်မှာ အရွက်တွေ တွန့်လိပ်လာခြင်းဟာလည်း ရောဂါကျရောက်နေခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့်လည်း အရွက်တွန့်လိပ်ခြင်းဟာ ရေလောင်းများခြင်း/နည်းခြင်း၊ အာဟာရဓာတ် ချို့တဲ့ခြင်း၊ အပူဒဏ်ခံရခြင်း တွေကြောင့်လည်း ဖြစ်ပေါ်နိုင်တယ်ဆိုတာ သတိပြုရမှာ ဖြစ်ပါတယ်။
အကယ်လို့ အရွက်တွေဟာ အဝါရောင်ပြောင်းပြီး တွန့်လိပ်လာမယ်၊ ကြီးထွားမှုရပ်တန့်သွားမယ်ဆိုရင်တော့ ၎င်းအခြေအနေဟာ ခရမ်းချဥ် အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ် (Yellow leaf curl virus) ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီရောဂါဟာ မြန်မာနိုင်ငံရဲ့ မိုးနှောင်းကာလ ခရမ်းချဥ်စိုက်ခင်းတွေမှာ ဆိုးဆိုးရွားရွား ကျရောက်လေ့ရှိတဲ့ ရောဂါဖြစ်ပြီး ယင်ဖြူကြောင့် ကူးစက်ပျံ့ပွားတာ ဖြစ်ပါတယ်။ တချို့သောရောဂါတွေဆိုရင် အပင်မှာရောဂါကျရောက်ပေမယ့်လည်း အသီးကိုတော့ ထိခိုက်တာမျိုး မရှိပေမယ့် အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ် ကျရောက်ခဲ့မယ်ဆိုရင်တော့ သီးနှံတစ်ပင်လုံးကို ထိခိုက်ပျက်စီးစေနိုင်တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ရောဂါကျရောက်နေတဲ့ အပင်တွေကို မီးရှို့ဖျက်ဆီးပစ်တာ အကောင်းဆုံးဖြစ်ပြီး ပေါင်းမြက်ရှင်းခြင်းနဲ့ ယင်ဖြူကျရောက်မှု ရှိ မရှိတို့ကို ပုံမှန် စစ်ဆေးသင့်ပါတယ်။
(၅) အရွက်များ ညှိုးနွမ်းလာခြင်း
ပုံမှန်အားဖြင့်တော့ အရွက်တွေ ညှိုးနွမ်းခြောက်သွေ့ပြီး ကြွေကျတာဟာ ပူပြင်းတဲ့ ရာသီဥတုမှာ တွေ့ရလေ့ရှိတဲ့ ရေဓာတ်ခမ်းခြောက်ရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ၎င်းလက္ခဏာဟာ ဖျူစေရီယမ် ပင်ညှိုးရောဂါ (fusarium wilt)၊ ဘက်တီးရီးယား ပင်ညှိုးရောဂါ (bacterial wilt) နဲ့ မှိုဖြူ ပင်ခြေပုပ်ရောဂါ (Southern blight) တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီရောဂါတွေ ကျရောက်တဲ့အခါမှာ အပင်ရဲ့ အမြစ်တွေဟာ အညိုရောင်ပြောင်းနေတာ၊ ဆွေးမြည့်ပျက်စီးနေတာ၊ မှိုတွေကျရောက်နေတာ စသည်ဖြင့် တွေ့ရှိနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကို ကာကွယ်နိုင်ဖို့အတွက် သီးနှံတစ်မျိုးတည်းကိုပဲ ဆက်တိုက်စိုက်ပျိုးတာမျိုး မပြုလုပ်ဘဲ သီးလှည့်စိုက်ပျိုးခြင်း စနစ်ကိုလည်း ကျင့်သုံးသင့်ပါတယ်။
ဒါ့အပြင် စိုက်ပျိုးရာသီ ကုန်သွားတဲ့အခါတိုင်းမှာလည်း စိုက်ခင်းတွေကို စနစ်တကျသန့်ရှင်းရေး ပြုလုပ်ပေးခြင်းဖြင့် ရောဂါတွေ ထပ်မံမပြန့်ပွားအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
(၆) အသီးပေါ်မှာ အစက်ပြောက်များ တွေ့ရခြင်း

အထက်မှာ ဖော်ပြခဲ့တဲ့ လက္ခဏာတွေကို သတိမပြုမိဘဲ အသီးပေါ်မှာ ရောဂါကျရောက်မှ စပြီးသတိပြုမိတယ်ဆိုရင်တော့ နောက်ကျနေပြီလို့ ပြောလို့ရပါတယ်။ အထူးသဖြင့် မှဲပြောက်စွန်းရောဂါ (anthracnose) နဲ့ ခရမ်းချဥ် ပျော့ပုပ်ရောဂါ (buckeye rot) လို့ခေါ်တဲ့ ရောဂါတွေ ကျရောက်ခဲ့မယ်ဆိုရင် အသီးတွေကို တဖြည်းဖြည်းနဲ့ ပုပ်လာစေမှာဖြစ်ပါတယ်။ ဒီရောဂါ ၂ မျိုးစလုံးဟာ အသီးပေါ်မှာ သေးငယ်တဲ့ အစက်အပြောက်လေးတွေကနေ တဖြည်းဖြည်းနဲ့ ကြီးထွားလာပြီး အသီးတစ်ခုလုံးကို ထိခိုက်ပျက်စီးစေမှာ ဖြစ်ပါတယ်။
နောက်ထပ် အသီးပေါ်မှာ တွေ့ရတဲ့ ရောဂါတစ်မျိုးကတော့ အသီးထိပ်ပုပ်ရောဂါ (Blossom-end rot) ဖြစ်ပါတယ်။ တစ်ချို့ကတော့ အသီးဖင်မဲပုတ်တယ်လို့လည်း ခေါ်ဆိုကြပါတယ်။ အဓိကအားဖြင့် ခရမ်းချဥ်သီးပေါ်မှာ ရေစိုနာကွက် ဖြစ်ပေါ်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ တခြားရောဂါတွေနဲ့ မတူတဲ့အချက်က အသီးထိပ်ပုပ်ရောဂါဟာ အင်းဆက်ပိုးမွှားတွေနဲ့ ရောဂါပိုးတွေကြောင့် ဖြစ်တာမျိုး မဟုတ်ပါဘူး။ အထူးသဖြင့် အသီးထိပ်ပုပ်တဲ့ လက္ခဏာဟာ ပူပြင်းခြောက်သွေ့တဲ့ အခြေအနေမှာ ကယ်လ်စီယမ်ဓာတ် မညီမျှခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဇီဝကမ္မဆိုင်ရာ ချို့ယွင်းမှု တစ်ခုဖြစ်ပါတယ်။
(၇) ပင်စည်များ အမည်းရောင်ပြောင်းလာခြင်း
ခရမ်းချဥ်အပင်မှာ ပင်စည်အမည်းရောင် ပြောင်းလာတာကို တွေ့ရခြင်းဟာ ရောဂါကျရောက်နေခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အဓိကအားဖြင့် ဘက်တီးရီးယား ပင်စည် ပျော့ပုပ်ရောဂါ (Bacterial stem rot) နဲ့ Pith necrosis (Pseudomonas corrugate) ရောဂါတွေ ကျရောက်တာကြောင့် ဖြစ်ပါတယ်။
အကယ်လို့ ဒီရောဂါတွေ ကျရောက်နေတဲ့အချိန်မှာ အသီးတွေဖြစ်ပေါ်လာခဲ့မယ်ဆိုရင်လည်း နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ပုပ်လာမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ နိုက်ထရိုဂျင် မြေဩဇာတွေကို အလွန်အကျွံကျွေးတဲ့အခါမှာလည်း ပင်စည်တွေ အမည်းရောင်ပြောင်းလာတာမျိုး ဖြစ်ပေါ်တတ်တဲ့အတွက် အာဟာရဓာတ်တွေကို သင့်တင့်မျှတအောင် ကျွေးပေးဖို့ လိုအပ်ပါတယ်။
(၈) ကြီးထွားမှု ရပ်တန့်သွားခြင်း
ခရမ်းချဥ်အပင်ရဲ့ အရွက်တွေ ဒါမှမဟုတ် အသီးတွေ ကြီးထွားမှု ရပ်တန့်သွားတာက ရောဂါကျရောက်နေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ထို့နည်းတူ အာဟာရချို့တဲ့ခြင်း (သို့မဟုတ်) ရေပေးသွင်းမှု မမှန်ကန်ခြင်း တို့ကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ ရောဂါများစွာတို့ဟာ အပင်ရဲ့ ကြီးထွားမှုတွေကို ရပ်တန့်စေနိုင်တာ ဖြစ်ပါတယ်။ ခရမ်းချဥ်အပင်မှာ ကျရောက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါတွေဟာလည်း အပင်ရဲ့ အာဟာရစုပ်ယူမှုကို အနှောင့်ယှက်ဖြစ်စေပြီး အပင်တွေကို ပုညှက်စေတာ ဖြစ်နိုင်ပါတယ်။
ဇင်ထူးနိုင်
Ref:
https://www.backyardboss.net/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Thu Win
လွန်ခဲ့သော ၃ လ ကခရမ်းချဉ်ပင်တွေမှာအရွက်တွေလိပ်တွန့်နေလို့ဘာဆေးသုံးရမလည်း
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကဘာဆေးသုံးရမလဲ
u kyi aye
လွန်ခဲ့သော ၄ နှစ် ကရွက်လှပန်း
ကိုထက်ကောင်းမိုး
လွန်ခဲ့သော ၄ နှစ် ကok
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026