အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပန်းသီးပင်မှာ ကျရောက်တတ်တဲ့ သံချေးရောဂါ

ပန်းသီးပင်မှာ ကျရောက်တတ်တဲ့ သံချေးရောဂါ

ဒီရောဂါ ဖြစ်ပွားစေတဲ့သက်ရှိကတော့ Gymnosporangium clavipes ဆိုတဲ့ မှိုကြောင့်ဖြစ်ပြီး ဒီမှိုဟာ ကျွန်တော်တို့ရဲ့ပန်းသီးပင်တွေကို တိုက်ခိုက်ဖို့အတွက် လက်ခံပင်လိုအပ်တာလည်း ဖြစ်ပါတယ်။ 

ဥပမာအားဖြင် ဥယျာဥ်စိုက်ခင်းတွေမှာ ပန်းပွင့်တဲ့ quince ချုံပင် (Chaenomeles speciosa) ကဲ့သို့ နှင်းဆီမျိုးရင်းဝင်အပင်တွေကို စိုက်ပျိုးထားမယ်ဆိုရင် အဲ့ဒီအပင်တွေက ရောဂါလက်ခံပင်အနေနဲ့ ရှိနေမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ၎င်းအပင်တွေကနေတဆင့် ပန်းသီးပင်တွေဆီကို ပျံ့နှံ့သွားမှာဖြစ်ပါတယ်။

ဒီရောဂါရဲ့ လက္ခဏာဟာ အပင်ရဲ့အရွက်တွေပေါ်မှာ သံချေးအစက်အပြောက်တွေ တွေ့ရှိရမှာဖြစ်ပြီး ပန်းသီးတွေပေါ်မှာလည်း လည်း ပုံသဏ္ဍာန်မမှန်ခြင်းနဲ့ အရောင်စွန်းထင်းခြင်းတို့ကို တွေ့ရမှာ ဖြစ်ပါတယ်။   အကယ်လို့ ရောဂါလက်ခံပင်တစ်မျိုးကို စိုက်ပျိုးထားမယ်ဆိုရင်တော့ ၎င်းအပင်ကနေတဆင့် ရောဂါသယ်ဆောင်ပျံ့နှံ့လာပုံ လက္ခဏာတွေကို ရှာဖွေစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ နွေဦးပေါက်မှာ သံချေးအဖုအလုံးတွေကနေ လိမ္မော်ရောင် သံချေးတက်နေတဲ့ "ကန်တော့ပုံသဏ္ဍာန်" လက္ခဏာတွေ့ရမှာဖြစ်ပြီး ၎င်းတို့ကနေ မှိုစပိုးတွေထုတ်ပြီး ပန်းသီးပင်တွေကို တိုက်ခိုက်မှာ ဖြစ်ပါတယ်။ 

Cedar-Quince သံချေးရောဂါကို ခံနိုင်ရည်ရှိတဲ့ မျိုးတွေကတော့

  • Redfree
  • William’s Pride
  • Freedom စတာတွေ ဖြစ်ကြပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။