လက်တွေ့ကျကျ ရွှေခရုကာကွယ်နည်း ပေါင်းချုပ်
ဉာဏ်များတဲ့ ကျူးကျော်မျိုးစိတ်တစ်မျိုးဖြစ်တဲ့ ရွှေခရုကို နှိမ်နင်းဖို့က ရိုးရှင်းလွယ်ကူမနေတာတော့ အမှန်ပါပဲ။ ပတ်ဝင်းကျင်အနေအထား၊ ရာသီဥတု၊ ရေထိန်းချုပ်နိုင်မှု၊ စပါးပင်အရွယ်အစား၊ အခြားလက်ခံပင်တွေရှိမရှိ စတာတွေအများကြီးကို ချင့်ချိန်ပြီးလုပ်ရတာမို့ ကာကွယ်နည်းတစ်မျိုးတည်းနဲ့ (အထူးသဖြင့် ဓာတုဆေးသုံးနည်း) ထိရောက်ဖို့ခက်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကာကွယ်နည်းအစုံ ဖော်ပြထားတာမို့ သင့်တော်ရာ နည်းလမ်းတစ်ခုထက် ပိုသုံးဖို့လည်း အကြံပြုပါရစေ။
၁။ ဘဲများကို အသုံးပြုခြင်း
ဘဲတွေမှာ အငမ်းမရ တွေ့ကရာစားသုံးတတ်ကြတဲ့ အမူအကျင့်တွေရှိကြပါတယ်။ အဲဒီထဲမှာမှ ဘဲငန်းတွေက အကြီးထွားမြန်တဲ့ မျိုးသစ်တွေကို ပိုစားသုံးနိုင်ကြပါတယ်။ သူတွေက ခရုငယ်တွေကို စားသုံးကြတာကြောင့် သုံးသင့်တဲ့နည်းလမ်းတစ်ခုပါ။ ပေါင်းကိုလည်း နှိမ်နင်းပြီးသားဖြစ်တာမို့ အသုံးပြုသင့်တဲ့နည်းလမ်းတစ်ခုလို့ အကြံပြုချင်ပါတယ်။
၂။ သဘာဝသားရဲတွေသုံးခြင်း
သဘာဝသားရဲလို့ပြောလိုက်ရင်တော့ ခရုစုပ်ငှက်ကို အရင်ဆုံးပြေးမြင်မယ်ထင်ပါတယ်။ အရေအတွက်နည်းလာပြီဖြစ်တာမို့ တောင်သူများအနေနဲ့ ခရုစုပ်ငှက်တွေ ထိန်းသိမ်းစောင့်ရှောက်သင့်ပါနေပါပြီ။ သူတို့ရဲ့ အစာက ခရုဖြစ်တာမို့ ရှိနေပေးဖို့ပဲလိုပါတယ်။ နောက်တစ်မျိုးကတော့ ငါးကြင်းနဲ့ငါးခူကလည်း ခရုတွေကို စားသုံးကြပါတယ်။ စပါး-ငါး တွဲဖက်စိုက်နည်းစနစ်ကလည်း ဝင်ငွေလမ်းကြောင်းအသစ်တစ်ခုထပ်ရနိုင်တာမို့ တောင်သူတွေ စဉ်းစားသင့်တဲ့ နည်းပညာတစ်ခုလည်း ဖြစ်ပါတယ်။
၃။ ဝါးတိုင်ထောင်ပြီး ခရုဥတွေကို ဖျက်ဆီးခြင်း
ခရုရဲ့ သဘာဝက ရေနဲ့လွတ်တဲ့ အမြင့်တစ်နေရာကို တက်ဥလေ့ရှိပါတယ်။ ဥလိုက်ရင်လည်း ဥပေါင်း ရာထောင်ချီရှိပါတယ်။ ပေါက်လာမယ့် ခရုတစ်ထောင်ကို လိုက်ရှင်းရမယ့်အစား ထောင်နဲ့ချီတဲ့ဥမြုံကို ဖျက်ဆီးရတာ ပိုလွယ်တာမို့ ဒီနည်းက ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ လိုက်လုပ်ဖို့ပဲ လိုပါတယ်။
၄။ ကောက်ယူဖျက်ဆီးခြင်း
တစ်ဦးတစ်ယောက်တည်းလုပ်ရင်တော့ ခက်သယောင်ရှိပေမယ့် လူညီရင် တကယ်ထိရောက်တဲ့နည်းလမ်းပါ။ အဖွဲ့အစည်းနဲ့ သေချာတိုင်ပင်ပြီး တစ်ပြိုင်တည်းလုပ်နိုင်ရင် အကျိုးကျေးဇူးများလှပါတယ်။ ရလာတဲ့ခရုတွေကို ပေပါထဲကို ထည့်ပြီး သကာရည်နဲ့နှပ်ထားလိုက်ရင် အစွမ်းထက် အပင်အားဆေး ခရုအမိုင်နိုပါ လက်ဆောင်ထပ်ရနိုင်ပါသေးတယ်။
၅။ သွင်းရေအဝမှာ စောင့်ဖမ်းမယ်
ရွှေခရတွေက စပါးခင်းထဲကို ရေစီးလမ်းကြောင်းကနေ အဓိက ရောက်လာကြပါတယ်။ ဒီအချက်ကို သိပြီဆိုရင် စိုက်ခင်းထဲကို ဝင်တဲ့ရေအဝင်ဝ(ကတွတ်ပေါက်) ကနေ စောင့်ဖမ်းနိုင်ပါတယ်။ ရေကတွတ်ပေါက်ဝမှာ ငါးဖမ်းပိုက်အစိပ်ကို ပိတ်ထားလိုက်မယ်ဆိုရင် ရွှေခရုတွေက ပိုက်ကို မဖြတ်နိုင်တာကြောင့် စိုက်ခင်းထဲကို အလွယ်တကူမရောက်နိုင်တော့ပါဘူး။
၆။ ကန်သင်းဘေး ရေပတ်မြောင်းတူးခြင်း
ခရုတွေရဲ့ နောက်အမူအကျင့်တစ်ခုက ရေစပ်စပ်ထက် ရေများတဲ့နေရာတွေကို အနေများကြပါတယ်။ စပါးစိုက်ခင်းရဲ့ ပတ်လည်ကို တစ်ပေအကျယ် ၆လက်မနက် ပတ်တူးထားလိုက်ပြီး စိုက်ခင်းကို ရေတိမ်တိမ်ပဲ ထားလိုက်ရင် ခရုတွေက ရေမြောင်းထဲကို ရွှေ့နေကြတဲ့အချိန် ဖမ်းလို့ရပါပြီ။ စပါး-ငါး စိုက်နည်းစနစ်မှာလည်း ရေပတ်မြောင်းတူးတာမို့ တွဲလုပ်လို့ရပါတယ်။
၇။ မျှားစာနဲ့ ဆွဲဆောင်ခြင်း
ရေပတ်မြောင်းထဲမှာ ခရုဖမ်းဖို့ပြင်ထားတဲ့နေရာမှာ ရွှေခရုတွေ စားကောင်းသောက်ကောင်းတွေနဲ့ မျှားခေါ်တဲ့နည်းလို့ မြင်ယောင်ကြည့်လိုက်ပါ။ ပိန်းရွက်တို့ သင်္ဘောရွက်တို့ကို ကြိုက်တာမို့ ဒီအရွက်တွေ ချထားလိုက်မယ်ဆို ရွှေခရုတွေလာစားတဲ့အချိန် စောင့်ဖမ်းလို့ရပါပြီ။

၈။ ပထမရက် ၃၀မှာ ရေလျှော့ထားခြင်း
ရွှေခရုက ရေနည်းရင် ရေမရှိရင် လှုပ်ရှားသွားလာမှုကျတာ အစားစားနှုန်းကျတာတွေ ဖြစ်ပါတယ်။ စိုက်ပြီး ပထမ ရက် ၃၀ အတွင်းမှာ ရေထုတ်ထားလိုက်ခင်းက ခရုတွေရဲ့ မျိုးပွားမှုစက်ဝန်းကို အနှောက်ယှက်ပေးရာရောက်တာမို့ ရွှေခရုကို နှိမ်နင်းရာရောက်ပါတယ်။ ဒါကြောင့် ခြောက်တစ်ခါစိုတလှည့်စိုက်နည်းကလည်း အသုံးဝင်ပါတယ်။ ဒီနည်းကတော့ ရေကို လိုသလိုထိန်းချုပ်နိုင်တဲ့ စပါးခင်းအတွက်တော့ အသုံးဝင်နိုင်ပါတယ်။
၉။ သက်တမ်းရင့်ပျိုးပင်သုံးခြင်း
အခုခေတ်ထဲမှာ ပျိုးပြီးစိုက်တဲ့သူကတော့ နည်းလာပြီ။ စပါးပျိုးစိုက်တဲ့အခင်းသမားတွေကတော့ ဒီနည်းသုံးနိုင်ပါတယ်။ ပျိုးသက်ရင့်တဲ့ စပါးပင်ကို ရွှေခရုက သိပ်မကြိုက်ပါဘူး။ ဒီနည်းကတော့ စပါးအထွက်တိုးနည်းလမ်းတွေနဲ့ ဆန့်ကျင်သလိုဖြစ်ပေမယ့် ရွှေခရုဖျက်ဆီးတာကြောင့် ဆုံးရှုံးနိုင်ခြေနဲ့ ချိန်ဆလုပ်ဖို့ အကြံပြုလိုပါတယ်။
၁၀။ အပင်အခြေခံ ခရုသတ်ဆေး
အချို့အပင်တွေက ခရုတွေကို အဆိပ်သင့်တဲ့ ဒြပ်ပေါင်း (ပါဝင်ပစ္စည်း) တွေ ပါဝင်ပါတယ်။ တောင်သူတွေသိပြီးဖြစ်တဲ့ တမာ (အရွက်ရော အစေ့ရော)၊ ဘိစပ်ရွက်၊ မရိုးပင်တွေက ကြိတ်ယူလို့ရတဲ့ အရည်တွေမှာ ဒီအဆိပ်တွေ ပါပါတယ်။ ဒီကြိတ်ရည်တွေကို စပါးခင်းထဲက ရေထဲကို ပက်ဖြန်းပြီး ခရုသတ်ဆေးအနေနဲ့ သုံးနိုင်ပါတယ်။
၁၁။ ဓာတုခရုသတ်ဆေး
ဈေးကွက်ထဲမှာတော့ တရားဝင်ဖြန့်ချီကြတဲ့ ခရုသတ်ဆေးတွေ အများကြီးရှိပါတယ်။ ဒါတွေကို အသုံးပြုမယ်ဆိုရင် အချိန်ကိုက်သုံးနိုင်မှ ပေးရတဲ့ပိုက်ဆံနဲ့ တန်မှာဖြစ်ပါတယ်။ ဓာတုဆေးဖြန်းမယ်ဆိုရင်တော့ ရွှေခရုတွေ လှုပ်ရှားတက်ကြွစွားအချိန်၊ စိုက်ပျိုးပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ရေကို သေချာထိန်းချုပ်ပြီး ဖြန်းပေးပါ။ ပြီးရင်တော့ စိုက်ခင်းရေကတွတ်ပေါက်မှာ ရွှေခရုတွေထပ်မဝင်အောင် ပိုက်နဲ့ သေချာသာ ပိတ်ထားဖို့ လိုအပ်နေဦးမှာဖြစ်ပါတယ်။
အသေးစိတ်ထပ်သိချင်ရင်တော့ အစိမ်းရောင်လမ်းရဲ့ အမေးအဖြေကဏ္ဍကနေ မေးပေးကြဖို့ တိုက်တွန်းပါရစေ။ ရွှေခရုဖျက်ဆီးမှုမှ ကင်းပြီး သီးနှံအထွက်ကောင်းကြပါစေ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ရွှေခရု
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
U Saw
လွန်ခဲ့သော ၁ နှစ် ကစိုက်ပျိုးရေးပညာရှင် ဦးတင်ထွန်း က ကွန်မန့်မှာ ဖြေထားပါတယ်
Chanthy
လွန်ခဲ့သော ၁ နှစ် က@KoKoLay ကြိတ်ပြီး ရေဝင်ပေါက်ကနေ အစက်ချထားလိုက်တာပဲ။ တစ်ကွက်ကို ၂ လီတာလောက်ထည့်တယ်
phyo
လွန်ခဲ့သော ၁ နှစ် ကကွမ်းပင်တွေရောဂါကျနေလိုဘယ်လို့လုပ်ရမလဲဗျ
ဦးတင်ထွန်း
လွန်ခဲ့သော ၁ နှစ် ကမယ်ဇယ်ဆီကိုရေတစ်လီတာတစ်ဇွန်းနဲ့ဆပ်ပြာဆီ၂ဇွန်းရောပြီးသမအောင်ရောဖြန်းပြီးသုံးရင်ရပါတယ်
ဦးတင်ထွန်း
လွန်ခဲ့သော ၁ နှစ် ကမယ်ဇယ်ကြိတ်ဖတ်ကသဘာဝခရုသတ်ဆေးပါ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Thein Soe Min
အားလုံး
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026