အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သစ်ခွပင်များ တိုက်ခိုက်ခံရခြင်း

သစ်ခွပင်များ တိုက်ခိုက်ခံရခြင်း

လူသားတွေ ရောဂါဘယစွဲကပ်ပြီး နာမကျန်းဖြစ်သလိုပဲ အပင်တွေမှာလည်း ပိုး၊ ရောဂါ ကျရောက်ပြီး ထိခိုက်ပျက်စီးတတ်ပါတယ်။ သစ်ခွပင်တွေကို ထိခိုက်ပျက်စီးစေတာကတော့ မှို၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ အင်းဆက်ပိုးမွှားတွေသာ မကပဲ နေလောင်ခြင်း၊ ရေငတ်ခြင်းနဲ့ အအေးဒဏ် ခံရခြင်းတို့ကလည်း ထိခိုက်ပျက်စီး စေနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိအိမ်မှာ သစ်ခွပင်တွေ စိုက်ပျိုးထားတယ်၊ စိုက်ဖို့ ဝါသနာပါတယ် ဆိုရင်တော့ တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်လောက်တော့ အပင်တွေကို သေချာ စစ်ဆေးဖို့ လိုအပ်ပါတယ်။

မှို နှင့် ဘက်တီးရီးယား တိုက်ခိုက်ခြင်း

ဘက်တီးရီးယားနဲ့ မှို ကျရောက်ခြင်းဟာ ရေလောင်းများလို့ အပင်ရဲ့ အမြစ်ပုပ်တဲ့ ပုံစံနဲ့ ဆင်တူပါတယ်။ ဘက်တီးရီးယားနဲ့ မှိုကျရောက်ခြင်းရဲ့ လက္ခဏာတွေကို အရွက်တွေပေါ်မှာ တွေ့ရတတ်ပြီး တစ်ခါတစ်ရံ ပန်းပွင့်တွေမှာပါ တွေ့ရတတ် ပါတယ်။ အရွက်တွေပေါ်မှာ အညိုရောင် ခပ်ပျော့ပျော့ ပုံစံ (သို့မဟုတ်) အမည်းရောင် အစက်တွေ ပေါ်လာတတ်ပြီး အပင်အောက်ခြေက အရွက်တွေထိပါ ကူးစက်ကာ အညိုရောင်ပြောင်း (ခြောက်သွေ့တဲ့အထိ) ဖြစ်တတ်ပါတယ်။ အဲ့လိုပုံစံနဲ့ အမြစ်တွေကိုလည်း ကူးစက်နိုင်တာမို့ ပုပ်လာတဲ့နေရာကို အမြန်ဆုံးဖယ်ရှားနိုင်မှသာ တခြားအပင်တွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ပိုစိတ်ချရတာကတော့ အပင်ကိုထုတ်ပြီး ပျိုးခံအသစ်နဲ့ ပြန်စိုက်နိုင်ရင်တော့ ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အပင်ပုပ်တာ ကာကွယ်နိုင်ဖို့ ဘာမှ မဖြစ်ခင်ကတည်းက မှိုသတ်ဆေး ကြိုဖျန်းထားတာ အကောင်းဆုံးပါ။ စိုစွတ်တဲ့ မိုးရာသီလို အချိန်မျိုးမှာ အပင်ပုပ်နိုင်ခြေများပါတယ်။ တစ်ချို့ စိုက်ပျိုးသူတွေကတော့ အသစ်ချိုးဖဲ့ထားတဲ့ ပင်စည်လို နေရာမျိုးတွေမှာ မှိုရောဂါ မဝင်ရောက်နိုင်ဖို့အတွက် မှိုသတ်ဆေး ခပ်ပါးပါးဖြူးထားလေ့ရှိပါတယ်။

ဗိုင်းရပ်စ် တိုက်ခိုက်ခြင်း

သစ်ခွပင်တွေမှာ ဗိုင်းရပ်စ် တော်တော်များများ တိုက်ခိုက်ခံရနိုင်ပါတယ်။ အရွက်နဲ့ အပွင့်တွေပေါ်မှာ အစင်းကြောင်း ပေါ်လာတာမျိုးတွေ၊ အရွက် အရောင်ပြောင်းတာတွေ၊ အမည်းရောင် အစက်အပြောက် ပေါ်လာတာတွေ၊ ကွင်းပုံစံ ပေါ်လာတာတွေ စတဲ့ လက္ခဏာတွေဟာ ဗိုင်းရပ်စ် တိုက်ခိုက်ခြင်း ခံရတာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ အရွက်ရဲ့ အောက်မျက်နှာပြင်မှာသာ တွေ့ရတတ်တာမို့ သေချာ စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒီလိုပုံစံမျိုးတွေ တွေ့ရပြီဆိုရင် အပင်ကို သီးခြားခွဲထုတ်ထားဖို့ လိုအပ်ပါတယ်။ ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကာကွယ်နိုင်ဖို့ အတွက် သစ်ခွခြံထဲမှာ သုံးတဲ့ အပင် ဖြတ်/ ညှပ်တဲ့ ကိရိယာတွေကို မသုံးခင်နဲ့ သုံးပြီးတိုင်းမှာ ပိုးသတ်ပေးဖို့ လိုအပ်ပါတယ်။ အပင်တွေမှာ ဗိုင်းရပ်စ် ဆိုးဆိုးရွားရွား ကျရောက်နေပြီဆိုရင်တော့ ချက်ချင်း လွှင့်ပြစ်လိုက်တာဟာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

အင်းဆက်နှင့် ပိုးမွှားများ တိုက်ခိုက်ခြင်း

သစ်ခွ ပင်တွေမှာ ခရု၊ ပက်ကျိ၊ ပျ၊ ပိုးစေးနဲ၊ မွှားပင့်ကူ၊ ခူ၊ ကျိုင်းပိုး စတဲ့ အင်းဆက် ပိုးမွှားတွေ တိုက်ခိုက်ဖျက်ဆီးလေ့ရှိပါတယ်။ ပိုးတွေဟာ ပင်စည်နဲ့ အရွက်ကြားက နေရာကို တိုက်ခိုက်လေ့ရှိပြီး လူမမြင်နိုင်တဲ့ အရွက်ရဲ့ အောက်ဘက်ကိုလည်း တိုက်ခိုက်ပါတယ်။ များသောအားဖြင့် စုပ်စားတဲ့ပိုးတွေ ကျလေ့ရှိပါတယ်။ ကျိုင်းပိုး တွေကြောင့်ဖြစ်တဲ့ အကြေးကွက်တွေ အရွက်မှာ တွေ့ရမယ်ဆိုရင်တော့ တမာပိုးသတ်ဆေး (သို့မဟုတ်) တမာဆီ ကို ဂွမ်းစနဲ့ စိမ်ပြီး အသာလေးပွတ်ပေးမယ်ဆိုရင်ပဲ ပျောက်သွားနိုင်ပါတယ်။ မွှား ပင့်ကူတွေကြောင့် ဖြစ်တဲ့ အဖြူရောင် အဖုတွေကိုတော့ miticide (မီတီဆိုဒ်) လို့ခေါ်တဲ့ ပိုးသတ်ဆေးမျိုးနဲ့ ကာကွယ် နှိမ်နင်းနိုင်ပါတယ်။ ခရုနဲ့ ပက်ကျိတွေကိုတော့ metaldehyde (မက်တယ်ဒီဟိုက်) ဆိုတဲ့ အရည်နဲ့ မျှားပြီးဖမ်းနိုင်သလို၊ ကောက်ယူလွှင့်ပစ်တာမျိုးလည်း လုပ်နိုင်ပါတယ်။

သစ်ခွပင်များ တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ကြပါစို့.......

ဇင်ထူးနိုင်

ကိုးကားချက်

- http://www.orchidfetish.com/disease.html

- Brighten Up Your Life with Orchids by Eric Simon

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။