အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြုတ်ပိုး ဘာလို့ကျတာလဲ

ဖြုတ်ပိုး ဘာလို့ကျတာလဲ

Thein Soe Min
Thein Soe Min • Greenovator • 28/10/2019

ပိုးသတ်ဆေး အလွန်အကျွံ သုံးစွဲခြင်းက မိတ်ဆွေပိုးတွေကို သေစေနိုင်ပြီး စပါးဖြုတ်ညိုပိုးကို ဆိုးဆိုးရွားရွား ကျရောက်စေတတ်ပါတယ်။ ပုလဲမြေသြဇာ အလွန်အကျွံ သုံးစွဲခြင်းကြောင့်လည်း ပိုးမွှားကျရောက်တတ်ပါတယ်။ နောက်တစ်ခုက လယ်ကွက်ထဲမှာ စပါးပင်အရေအတွက် များများစိုက်ခြင်း (မျိုးစေ့နှုန်းထား များများကြဲခြင်း)၊လေဝင်လေထွက်နည်းသွားခြင်းကြောင့်လည်း ဖြုတ်ပိုးကျတတ်ပါတယ်။

ဘယ်လိုဖျက်ဆီးသလဲ (ဖျက်ဆီးပုံလက္ခဏာ)

- ဖြုတ်ညိုပိုးတွေဟာ စပါးပင်ရဲ့ပင်ခြေမှ အပင်ရည်ကို စုပ်ယူတဲ့အတွက် အပင်ကို အားနည်းသွားစေပါတယ်။

- ဖြုတ်ညိုနဲ့ ဖြုတ်ကျောဖြူတို့ရဲ့ စုပ်စားခြင်းကြောင့် စပါးရွက်ပေါ်မှာ လောင်မီးကျတဲ့ပုံစံမျိုး တွေ့ရပါတယ်။

- ဖြုတ်ညိုပိုးတွေဟာ တစ်ပင်မှတစ်ပင်လည်း ပြန့်ပွားတတ်ပါတယ်။

- မြက်တူပင်ပုနဲ့ ရွက်စုပ်တွန့်လိန် ဗိုင်းရပ်စ် ရောဂါတွေကိုလည်း ကူးစက်ပြန့်ပွားစေပါတယ်။

ကာကွယ်နှိမ်နင်းနည်း

✅စပါးခင်းထဲမှာ ဖြုတ်ပိုးကျနေပြီဆိုတာနဲ့ ရေထုတ်ရပါမယ်။ ဖြုတ်ပိုးတွေက ပူနွေးစွတ်စိုတဲ့ အနေအထားကို ကြိုက်နှစ်သက်ကြတဲ့အတွက် ရေထုတ်ခြင်း၊ လေကြောင်းခွဲခြင်းတွေကို ပြုလုပ်ပြီး ဖြုတ်ပိုးမကြိုက်တဲ့အခြေအနေတစ်ခုကို ဖန်တီးပေးရမှာဖြစ်ပါတယ်။

✅စပါးခင်းထဲမှာ အပင်ဦးရေတွေ ထူထပ်ပြီး စွတ်စိုနေတဲ့ အခြေအနေမျိုးဟာဆိုရင် ဖြုတ်ပိုးတွေ ရှင်သန်ပွားများဖို့ အကောင်းဆုံးပါပဲ။ လေကြောင်းခွဲလိုက်ခြင်းအားဖြင့် စပါးပင်တွေကြားက ရေခိုးရေငွေ့တွေကို နည်းသွားစေပြီး စိုထိုင်းဆတွေကိုလည်း နည်းသွားစေနိုင်ပါတယ်။

✅ဖြုတ်ပိုးတွေက ပင်ခြေနဲ့နီးတဲ့ ရေစပ်တွေမှာ နေထိုင်စားသောက်တတ်ကြတဲ့အတွက် ဆေးဖျန်းမယ်ဆိုရင်လည်း ပင်ခြေထိရောက်အောင် ဖျန်းပေးဖို့ လိုအပ်ပါတယ်ခင်ဗျာ။

⚠️ အဓိက သတိပြုရမှာကတော့ ပိုးမွှားရောဂါကျရောက်နေချိန်မှာ ပုလဲဓာတ်မြေသြဇာကို လုံးဝ အသုံးမပြုဖို့ပါပဲ။

Credit ရေတံခွန် တောင်သူပညာပေးအဖွဲ့

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

စပါးဖြုတ်ပိုး

စပါးဖြုတ်ပိုး

4
ဦးသော်ဇင်

ဦးသော်ဇင်

လွန်ခဲ့သော ၅ နှစ် က

ပစ်စလွန် ဆိုတဲ့ဆေးက ဖြုတ်အတွက်အရမ်းကောင်းပါ တယ် ဆေးဖြန်းပြီး 21 ရက်အထက်ကြာရှည်ခံတဲ့အပြင် သဘာ၀ မိတ်တွေပိုးတွေကိုလည်းမသေစေတဲ့အတွက် အကျိုးရှိစေပါတယ်

မောင် ဌေးလင်း

မောင် ဌေးလင်း

လွန်ခဲ့သော ၅ နှစ် က

ြဖုက်အတွက်ဘာဆေးကောင်းလဲ

Aung Myo

Aung Myo

လွန်ခဲ့သော ၅ နှစ် က

ဆေးဖြန့်သင်တယ်ဆိုရင် ဘာဆေးအကောင်းဆုံးလဲသိဘူးခဗျာ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၆ နှစ် က

စပါးတွေဒီနှစ်ပိုးကောင်းတွေစုပ်ထားဘာကြောင့်သာလဲမသိလို့ပြေါာပြပါအုံးဆရာတို့

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။