အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပေါင်းမြက်ကြောင့် စပါးအထွက်လျော့နည်းမှု မဖြစ်စေရေး

ပေါင်းမြက်ကြောင့် စပါးအထွက်လျော့နည်းမှု မဖြစ်စေရေး

Soe Myint
Soe Myint • Greenovator • 05/04/2019

စပါးအထွက်ကောင်းဖို့ အဖျက်အဆီးကင်းရပါမည်။ အဖျက်အဆီးတွင် ပေါင်းမြက်က တော်တော်ဆိုးသည်။ ပေါင်းမြက်ကြောင့် စပါးအထွက် သာမက အရည်အသွေးပါ ကျဆင်းတာတွေ မြင်တွေ့နေရသည်။

စပါးစိုက်ပျိုးရာတွင် ပျိုးထောင်ကောက်စိုက်ခြင်းနှင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းဟူ၍ ရှိသည်။ ယခုအခါ လုပ်သားရှားပါးမှုကြောင့် တိုက်ရိုက်အစေ့ချ ကြဲပက်စိုက်ပျိုးတာတွေ များလာသည်။ ပျိုးထောင်ကောက်စိုက်စပါးခင်းသည် တိုက်ရိုက်အစေ့ချစိုက် စပါးခင်းထက် ပေါင်းပင်ကို ပို၍ ယှဉ်ပြိုင်ကြီးထွားနိုင်သည်။ တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်းသည် စပါးနှင့် ပေါင်းပင်တို့ ပြိုင်တူယှဉ်ပြိုင်ကြီးထွားသဖြင့် ပေါင်းမြက်ဖျက်ဆီးမှု ပိုမိုဆိုးရွားစေပါသည်။

ပေါင်းပင်၏ဆိုးကျိုးများ

ပေါင်းပင်သည် နေရောင်ခြည်၊ အပင်အာဟာရနှင့် ရေတို့ကို စပါးပင်နှင့် ယှဉ်ပြိုင်ရယူစားသုံးသည်။ ပေါင်းပင်က ဤသို့ အပြိုင်ကြီးထွားနေလျှင် စပါးပင်ညံ့ဖျင်း၍ စပါးထွက်လျော့နည်းစေနိုင်သည်။

ပေါင်းပင်သည် နိုက်ထရိုဂျင်မြေသြဇာ၏ အာနိသင်ကိုလျော့ပါးစေသည်။ စပါးခင်းကို ပေါင်းမသင်နိုင်ပါက နိုက်ထရိုဂျင်မြေသြဇာ များများထည့်လေ  စပါးထွက်နည်းလေဖြစ်မည်။ ပေါင်းပင်သည် ထည့်လိုက်သော နိုက်ထရိုဂျင်မြေသြဇာကို စပါးနှင့် ယှဉ်ပြိင်လုယူစားသုံးလို့ ဖြစ်ပါသည်။

ဘက်စုံ ပေါင်းမြက်ကာကွယ်နှိမ်နင်းနည်း

စပါးခင်းတွင် တမန်းညက်အောင် ထွန်ယက်ပေးခြင်းသည် ပေါင်းနှိမ်နင်းနည်းတစ်မျိုး ဖြစ်သည်။ ညက်ညက်မထွန်သည့်အပြင် ကြမ်းတုံးဖြင့်လည်း ညီအောင်ညှိမပေးလျှင် ရေနေမညီပဲ ပေါင်းပင်များ ပေါက်စေနိုင်သည်။

ပေါင်းပင်နှိမ်နင်းရာတွင် လက်ဖြင့်ပေါင်းလိုက်ခြင်းသည် လွယ်ကူသော်လည်း အချိန်ကုန်သည်။ တမန်းနှိုးပေါင်းသင်ကရိယာဖြင့် ပေါင်းလိုက်ခြင်းမှာ လက်ဖြင့်ပေါင်းလိုက်ခြင်းထက် အလုပ်တွင်၍ ခရီးရောက်သည်။ တမန်းနှိုးပေါင်းသင်ကိရိယာသုံးနိုင်ရန် အတန်းလိုက်စိုက် ရန်လိုသည်။ တမန်းနှိုး ပေါင်းလိုက်ကိရိယာမသုံးမီ လယ်ထဲမှရေကို အနေတော်ဖြစ်အောင် ထုတ်ပေးရမည်။ 

ရေကို စနစ်တကျထိန်းသိမ်းပေးခြင်းဖြင့်လည်း ပေါင်းနှိမ်နင်းနိုင်သည်။ ပေါင်းမျိုးစေ့အများစုသည် ရေအောက်၌ အပင်စတင်မပေါက်နိုင်ကြပါ။ လယ်ကွက်တွင် ရေနှစ်လက်မမှ လေးလက်မအထိ လှောင်ထားခြင်းဖြင့် မြက်နှင့်မုန်ညှင်းမျိုးအချို့ကို ကာကွယ်နိုင်ကြောင်းသိရသည်။

တိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးရာ၌ မျိုးစေ့နှုန်းများစွာ အသုံးပြုခြင်းဖြင့်လည်း ပေါင်းနှိမ်နင်းနိုင်သည်။ အပင်စိပ်စိပ်စိုက်ခြင်းတစ်မျိုး ဖြစ်သည်။ စပါးပင်စိပ်လွန်းလျှင် အလင်းရောင် ကောင်းစွာမရသဖြင့် ပေါင်းစေ့များ အပင်မပေါက်နိုင်ပါ။ ပေါင်းနည်းပါးသွားနိုင်ပါသည်။

ပေါင်းပင်များကို ပေါင်းသတ်ဆေးဖြင့်လည်း နိမ်နင်းနိုင်သည်။ ပေါင်းသတ်ဆေးသုံးစွဲရာတွင် ဆေးအမျိုးအစား၊ ဆေးနှုန်းထား၊ ဆေးဖျန်းရမည့် အချိန်တို့ကို မှန်ကန်စွာဆောင်ရွက်ရန်လိုသည်။

ပေါင်းပင်များကို နှိမ်နင်းရာတွင် နှိမ်နင်းနည်းတစ်မျိုးတည်း ဆောင်ရွက်ခြင်းဖြင့် ထိရောက်သည့်ကာကွယ်မှုကို မပေးနိုင်ပါ။ စပါးစိုက်ပျိုးရန် မြေပြုပြင်သည်မှစ၍ စပါးအပင်ပွားစည်းမှုကာလ ကုန်ဆုံးသည်အထိ ဘက်စုံပေါင်းမြက်ကာကွယ်နှိမ်နင်းနည်းစနစ်ကို ကျင့်သုံး၍ စပါးအထွက် မလျော့နည်းစေရေး ဆောင်ရွက်ရန် လိုအပ်ပါသည်။

ဆင်းသီဟ

 

 

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။