မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၆)
ဇီဝမြေသြဇာထုတ်ရန် အရေးကြီးသော အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုမျိုးစ အပိုင်း - ၁
အပင်စိုက်ရာတွင်မျိုးကောင်းမျိုးသန့်မျိုးစေ့ ရရှိရေးသည် အရေးကြီးသကဲ့သို့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှိုကို အသုံးပြုပါကလည်း မှိုမျိုးစေ့သည်အရေးကြီးသည်။ အကျိုးပြုမှုကောင်းသော အေအမ်အက်ဖ်မှိုမျိုးစေ့များအကြောင်းကို တပိုင်တနိုင် စိုက်ပျိုးရေး တောင်သူများ ကိုယ်တိုင်နားလည်စေရန် ဖေါ်ပြလိုပါသည်။
ဘယ်လို အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုမျိုးစေ့တွေလဲ
၁.၁ အမြစ်တွင်အာဘာစကူလာမိုက်ကိုရိုက်ဇာမှို စွဲကပ်မှု နှင့် စပိုး ဖြစ်ပေါ်ပုံအရ အမျိုးအစားခွဲခြားမယ်ဆိုရင်..
၁.၁ (က) Glomus spp. အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုဆောက်တည်ပုံ
အမြစ်ကောတက်ဆဲလ်လွှာတလျှောက်တွင် မှိုမျှင်များ ဖြောင့်တန်းစွာ ပျံ့နှံ့သည်။ ‘H’ ပုံကိုင်းဖျာသည်။ ရှေ့ရှုရာ ၂ ဘက်သို့ ပျံ့နှံ့သည်။ ဆေးစွဲအား ကောင်းသည် ။ ဗက်စီကယ် (Vesicle) ဘဲဥပုံ ဖြစ်ပြီး အမြစ်၏ ကောတက်ဆဲလ် ၂ ခုကြားတွင်ဖြစ်ပေါ်သည်။ ကြာရှည်တည်နေသည်။ ဖွံ့ဖြိုးလာပါက နံရံထူလာပြီး အလွှာများ ဖြစ်ပေါ်လာသည်။ မှိုမျှင်များ၏ ထိပ်ပိုင်းဖူယောင်လာပြီး စပိုး ဖြစ်လာသည်။
၁.၁ (ခ) Acaulospora spp. အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုဆောက်တည်ပုံ
အမြစ်တွင်းသို့ ထိုးဖောက်နေရာရှိ မှိုမျှင်သည် ကိုင်းဖြာသဏ္ဍာန်ရှိသည်။ ကောတက်ဆဲလ်လွှာအပြင်ရှိ မှိုမျှင်များသည် ပုံသဏ္ဍာန် မမှန် ကိုင်းဖြာသည်။ ကွင်းပုံ၊ ရစ်ခွေပုံ ဖြစ်သည်။အမြစ်တွင်းရှိ မှိုမျှင်များသည် နံရံပါးသည်၊ ဆေးစွဲအားနည်းသည်။ တန်းစီနေသော လစ်ပစ်အစက်များက ထင်ရှားသည်။ ဆဲလ်ကြားနေ ဗက်စီကယ်များသည် ဆီပြောက်များနှင့်ပြည့်နေသည်။ ဖွံ့ဖြိုးလာပါက ဖူးယောင်လာသည်။ မှိုမျှင်များ၏ထိပ်ပိုင်းစပိုး ထုတ်သောအိတ်မှ စပိုးဖြစ်လာသည်။ နံရံလွှာများစွာ ပါသည်။
၁.၁ (ဂ) Scutelloaspora spp. အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို ဆောက်တည်ပုံ
ကွင်းပုံ မှိုမျှင်များသည် အမြစ်တွင်းသို့ ထိုးဖေါက်နေရာတွင်များစွာတွေ့ရသည်။ မှိုမျှင်သည် ကိုင်းဖြာ ပုံစံသည် Acaulospora နှင့်တူသည်။ ကောတက် ဆဲလ်လွှာရှိ မှိုမျှင်များသည် နံရံထူသည်၊ ဆေးစွဲအား ကောင်းသည် ။ဆဲလ်ကြားနေ ဗက်စီကယ်များကို အမြစ်ထဲတွင် တွေ့ ရလေ့ မရှိပါ။
တံမျက်စည်းပုံ အာဘာစကူးများသည်Glomus တွင်တွေ့ရသည်များထက်ပိုရှည်သည်၊ ပိုထူသည်။ အာဘာစကူးများသည် ရှည်လျားကွေ့ကောက်နေသဖြင့် အစည်းပုံသဏ္ဍာန် ဖြစ်နေသည်။ Substanding hyphae မှိုမျှင်များ၏ ထိပ်ပိုင်း ဖူးယောင်လာပြီး စပိုးဖြစ်လာသည်။ ဆဲလ်တွင်းလွှာများပါပြီး မျိုးပွားဒိုင်းလွှာ (germination shield) ပါရှိသည်။
၁.၁ (ဃ) ) Gigaspora spp အာဘာစကူလာ မိုက်ကိုရိုက်ဇာမှိုဆောက်တည်ပုံ
မိုက်ကိုရိုက်ဇာမှိုများစွဲကပ်ပုံသည်Scutelospora နှင့်တူသည်။ မှိုမျှင်များသည် နံရံထူသည်။
တပိုင်တနိုင် စိုက်ပျိုးရေး တောင်သူများအနေဖြင့် ဤအာဘာစကူလာမိုက်ကိုရိုက်ဇာမှိုမျိုးစေ့ ၄ မျိုး သိထားလျှင် လုံလောက်ပါပြီ။
ကိုးကား
၁။ မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာ စကူလာ မိုက်ကို ရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
Arbuscular Mycorrhizal Fungi
ဦးခင်ရှိန်
လွန်ခဲ့သော ၄ နှစ် ကတောင်သူလက်လှမ်းမမှီပါ
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024