မီးသွေးကို အပင်နဲ့ စိုက်ခင်းတွေမှာ အသုံးပြုနိုင်တဲ့ နည်းလမ်းများ
မီးသွေးဆိုတာ အိမ်တိုင်းမှာ အနည်းနဲ့အများဆိုသလို မရှိမဖြစ် ဆောင်ထားရလေ့ရှိတဲ့ သဘာဝလောင်စာတစ်မျိုး ဖြစ်ပါတယ်။ မီးသွေးကို လောင်စာအနေနဲ့သာမက အပင်တွေစိုက်ပျိုးရာမှာလည်း အသုံးပြုကြလေ့ရှိပါတယ်။ များသောအားဖြင့်တော့ ရှားစောင်းလက်ပက်၊ နှင်းဆီ၊ ပိန်းပန်းနဲ့ အခြားသော အလှစိုက်ပန်းပင်တွေမှာ ထည့်သွင်းကြတာ ဖြစ်ပါတယ်။
ဒီလိုမျိုးမီးသွေးကို အပင်တွေ စိုက်ပျိုးရာမှာ ထည့်သွင်း အသုံးပြုလေ့ရှိကြပေမယ့် ၎င်းရဲ့ အာနိသင်တွေနဲ့ အကျိုးပြုပုံတွေကိုတော့ အတော်များများ သတိမပြုမိကြတာ များပါတယ်။ ဒါ့ကြောင့် ယခုဆောင်းပါးမှာတော့ မီးသွေးရဲ့ အသုံးဝင်တဲ့နည်းလမ်းအချို့နဲ့ အကျိုးပြုပုံတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
မြေဆီလွှာနဲ့ အပင်များအတွက် အသုံးဝင်ခြင်း
မီးသွေးဟာ မြေဆီလွှာနဲ့ အပင်တွေအတွက် အလွန်အသုံးဝင်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ သိပ်သည်းဆနည်းတဲ့ မီးသွေးကြောင့် မြေဆီလွှာရဲ့ ရေစိမ့်ဝင်နိုင်မှုနဲ့ လေဝင်လေထွက်တွေကို ပိုမိုကောင်းမွန်စေနိုင်တာ ဖြစ်ပါတယ်။
အပင်တွေအတွက် ဆိုရင်လည်း မီးသွေးမှာ ပိုတက်စီယမ်ဓာတ် မြင့်မားစွာပါဝင်နေတဲ့အပြင် ဖော့စဖောရပ်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်ဓာတ်တွေ ပါဝင်နေတာကြောင့် အာဟာရဓာတ် အစားထိုးပစ္စည်းနေနဲ့ အသုံးပြုနိုင်တာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အပင်တွေ စိုက်ပျိုးတဲ့အခါ မီးသွေးကို မြေဆီလွှာထဲမှာ ထည့်သွင်း အသုံးပြုမယ်ဆိုရင် မြေဆီလွှာရဲ့ ချဥ်/ ငန် ဓာတ်တွေကို သမမျှတအောင် ကူညီပေးနိုင်တာ ဖြစ်တဲ့အတွက် အလွန်အသုံးဝင်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။
ပန်းပင်တွေစိုက်ပျိုးရာမှာ ရေဝပ်တာမျိုး မဖြစ်စေဘဲ ရေဆင်းအားကောင်းစေဖို့အတွက် ပုံမှန်အားဖြင့် အိုးရဲ့အောက်ခြေမှာ ကျောက်စရစ်ခဲတွေ ထည့်လေ့ရှိကြပါတယ်။ ၎င်ကျောက်စရစ်ခဲတွေရဲ့ နေရာမှာ မီးသွေးကိုလည်း အစားထိုးအသုံးပြုနိုင်ပါတယ်။ မီးသွေးကို အသုံးပြုခြင်းဖြင့် ရေဆင်းအားကောင်းစေသလို မြေဆီလွှာရဲ့ အစိုဓာတ်ကိုလည်း ထိန်းပေးထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မီးသွေးကို ကောက်ရိုးနဲ့ သစ်ရွက်ခြောက်တို့လိုပဲ မြေဖုံးရာမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ မြေဖုံးရာမှာ အသုံးပြုခြင်းဖြင့် အစိုဓာတ်ကို ထိန်းပေးနိုင်သလို ပေါင်းမြက်တွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် မြေဆွေးပြုလုပ်တဲ့အခါ သဘာဝစွန့်ပစ်ပစ္စည်းတွေကို ထည့်သွင်းအသုံးပြုရတာကြောင့် တခါတရံမှာ မြေဆွေးပုံကနေ အနံ့ဆိုးတွေ ထွက်ရှိတတ်ပါတယ်။ ၎င်းအခြေအနေမျိုးမှာ အနံ့ဆိုးတွေကို သက်သာစေဖို့အတွက် မီးသွေးမှုန့်အနည်းငယ်ကို မြေဆွေးပုံရဲ့အပေါ်မှာ ဖြူးပေးလို့ရပါတယ်။ မီးသွေးမှုန့်အနည်းငယ်ကို မြေဆွေးထဲမှာ ထည့်ပေးခြင်းဖြင့် ကာဗွန်ပါဝင်မှုကိုလည်း တိုးစေမှာ ဖြစ်ပါတယ်။
အပင်မှ အဆိပ်ဖြစ်စေနိုင်တဲ့ ဓာတ်များအား ဖယ်ရှားပေးနိုင်ခြင်း
ဥပမာအနေနဲ့ ပြောရရင် သစ်ကြားသီးပင် (အမည်းမျိုး) တွေဆိုရင် Juglone လို့ ခေါ်တဲ့ အဆိပ်ရှိတဲ့ ဟော်မုန်းဓာတ်တစ်မျိုးကို ထုတ်လေ့ရှိပါတယ်။ သစ်ကြားသီးပင်ကနေ အရွက်တွေ ကြွေကျတဲ့အခါ ၎င်းဓာတ်တွေဟာ အရွက်ကနေတဆင့် မြေဆီလွှာထဲကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။ အဲ့ဒီဟော်မုန်းဓာတ်တွေဟာ အရွက်တွေထဲမှာသာမက အသီးနဲ့ အကိုင်းအခက်တွေထဲမှာပါ ရှိနေတာဖြစ်ပါတယ်။ ၎င်းဟော်မုန်းဓာတ်တွေ မြေဆီလွှာထဲရောက်ရှိတဲ့အခါ သစ်ကြားသီးပင်ရဲ့ ပတ်ဝန်း ကျင်မှာရှိတဲ့ အခြားသော အပင်တွေရဲ့ ရှင်သန်နိုင်စွမ်းကို ထိခိုက်စေတာ ဖြစ်ပါတယ်။
အထူးသဖြင့် (Solanaceous) မျိုးရင်းဝင် သီးနှံပင်တွေဖြစ်ကြတဲ့ ငရုတ်၊ ခရမ်းချဥ်၊ ခရမ်းသီး စတဲ့ အပင်တွေဆိုရင် Juglone လို့ ခေါ်တဲ့ ဟော်မုန်းဓာတ်ကို ခံနိုင်ရည်မရှိကြပါဘူး။ ဒီလိုအခြေအနေမျိုးမှာ မီးသွေးကို မြေမျက်နှာပြင်ပေါ် ဖြန့်ပြီးချပေးနိုင်သလို မီးသွေးအမှုန့်ကို ရေနဲ့ရောပြီး အပင်ပတ်ဝန်းကျင် မြေဆီလွှာရဲ့ပေါ် ပက်ဖျန်းပေးတာမျိုး ပြုလုပ်ပေးခြင်းဖြင့် အဆိပ်ဓာတ်တွေကို လျော့နည်းလာအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
ပေါင်းသတ်ဆေး အာနိသင်များကို လျှော့ချပေးနိုင်ခြင်း
ပေါင်းသတ်ဆေးတွေ အသုံးပြုခြင်းဟာ မြေဆီလွှာကို ထိခိုက်ညစ်ညမ်းစေပါတယ်။ ပေါင်းသတ်ဆေးတွေဟာ အဓိကနှိမ်နင်းလိုတဲ့ ပေါင်းပင်တွေကို သေစေနိုင်ပေမယ့် ၎င်းတို့ရဲ့ ဓာတ်ကြွင်းအာနိသင်တွေက မြေဆီလွှာထဲမှာ နှစ်ပေါင်းများစွာကြာအောင် တည်ရှိနေနိုင်တာ ဖြစ်ပါတယ်။ ပေါင်းသတ်ဆေးအများအပြား အသုံးပြုထားတဲ့ နေရာတွေမှာ သီးနှံတွေစိုက်ပျိုးမယ်ဆိုရင်လည်း သီးနှံတွေရဲ့ ကြီးထွားရှင်သန်နိုင်မှုကို ထိခိုက်စေမှာဖြစ်ပါတယ်။ အကယ်လို့ မိမိရဲ့ စိုက်ခင်းမှာ Isoxaben (သို့မဟုတ်) Oryzalin စတဲ့ ပေါင်းသတ်ဆေးတွေ အသုံးပြုဖို့ ရည်ရွယ်ထားတယ်ဆိုရင် သီးနှံပင်တွေ မစိုက်ပျိုးခင်ကတည်းက မြေဆီလွှာထဲကို မီးသွေး ကြိုတင်ထည့်ပေးထားသင့်ပါတယ်။ မီးသွေးထည့်ပေးခြင်းဖြင့် မြေဆီလွှာထဲမှာ ရှိနေတဲ့ ပေါင်းသတ်ဆေး အာနိသင်တွေကို လျော့ချပေးနိုင်မှာ ဖြစ်ပြီး အပင်တွေကြီးထွားဖို့အတွက်လည်း အထောက်အကူ ပြုပေးနိုင်မှာ ဖြစ်ပါတယ်။
ပိုးသတ်ဆေး အာနိသင်များကို လျော့နည်းစေနိုင်ခြင်း
ပိုးသတ်ဆေးတွေကို အများအပြား အသုံးပြုခြင်းဟာ မြေဆီလွှာ၊ ရေနဲ့ သက်ရှိတွေအပေါ် ထိခိုက်ညစ်ညမ်းစေပါတယ်။ မြေဆီလွှာမှာ ပိုးသတ်ဆေးတွေ တဖြည်းဖြည်းနဲ့ စုပုံလာမယ်ဆိုရင် အကျိုးပြုတဲ့ အဏုဇီဝသက်ရှိတွေကိုလည်း ထိခိုက်နိုင်မှာ ဖြစ်ပါတယ်။ မီးသွေးရဲ့ စုပ်ယူမှုကောင်းတဲ့ အရည်အသွေးနဲ့ ၎င်းရဲ့ အဆိပ်အတောက်မရှိတဲ့ သဘာဝတို့ပေါင်းစပ်ပြီး အန္တရာယ်ရှိတဲ့ ပိုးသတ်ဆေးတွေရဲ့ အာနိသင်ကို ပျက်ပြယ်သွားအောင် လျော့နည်းသွားအောင် ပြုလုပ်ပေးနိုင်တာ ဖြစ်ပါတယ်။ လက်တွေ့နည်းလမ်းအရ ပြောရရင် ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲထားတဲ့ စိုက်ခင်းငယ်တွေကို သန့်စင်စေဖို့အတွက် ရေ ၁ ဂါလံနဲ့ မီးသွေးမှုန့် ၁ ပေါင်ခန့် တို့ကို ရောစပ်ပြီး မြေဆီလွှာကို ပက်ဖျန်းပေးနိုင်ပါတယ်။ စိုက်ခင်း အကျယ်အဝန်းပေါ်မူတည်ပြီး ပမာဏထပ်တိုး အသုံးပြုနိုင်ပါတယ်။
ဇင်ထူးနိုင်
Ref:
https://balconygardenweb.com/
https://www.itsmartenviro.co.id/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပိုတက်စီယမ်
PyaneSone
လွန်ခဲ့သော ၁ နှစ် ကဒူးရင်းတို့ ပိနွဲတို့တွေမှာလည်းသုံးလိုရလားဗျ မျာများထည့်ရင်ရော ဆိုးကျိုးရှိနိုင်လား
ဇွဲခန့် ပိုင်
လွန်ခဲ့သော ၃ နှစ် ကစပါးခွံပြာ က မည်းနက်နေအောင် လုံးလုံးလောင်ကျွမ်း နေတဲ့ ပြာလား၊?
ဇင်ထူးနိုင်
လွန်ခဲ့သော ၃ နှစ် ကထင်းမီးသွေးနဲ့ စပါးခွံပြာမှာ ပိုတက်စီယမ်ဓာတ် များစွာပါဝင်တာဖြစ်လို့ အဲ့တာတွေ အသုံးပြုရင် အာဟာရဓာတ်တွေ ရနိုင်ပါတယ်
မန်သစ်ခိုင်
လွန်ခဲ့သော ၃ နှစ် ကပိုတက်ဆီယမ်းများများပါေအာင်ဘာထင်းမီးေသွးသံုးရမလဲအကို
Nay Min Oo
လွန်ခဲ့သော ၃ နှစ် ကဖွဲပြာကကြက်သွန်ပင်တွက်ဘယ်လိုအကျိုးပြုပါသလဲ
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026