အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒိုချက်ကင်းသဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း

ဒိုချက်ကင်းသဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း

Green Way
Green Way • 02/02/2023

ဒိုချက်ကင်းသဘာဝမြေဩဇာပြုလုပ်ရာတွင် အဆင့် ၂ ဆင့် ရှိပါသည်။

  • (၁) ဒိုချက်ကင်းမွေးမြူခြင်း
  • (၂) ဒိုချက်ကင်းအသုံးပြုပြီး သဘာဝမြေဩဇာပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။

(၁) ဒိုချက်ကင်းမွေးမြူခြင်း

  • ဝါးရုံတောများအောက်တွင်ကြွေနေသော သက်တမ်း (၁-၂) နှစ်ခန့်ရှိ ဝါးရွက်ကြွေများ၊ ဆွေးမြေ့စ ပြုနေသော ဝါးရွက်များရှိပါသည်။ ထိုဝါးရွက်များကိုဖယ်ပြီး အပေါ်ယံမြေဆီလွှာ ၆ လက်မခန့်ကို အချင်း (၂.၅) လက်မ (သို့) ၃ လက်မခန့်အဝိုင်းအဖြစ် တူးဆွချေမွထားရမည်။
  • ရေ ၁ ပုံး (သို့) ၃-၄ ဂါလံခန့် ကို တင်လဲရည် ၁ ပုလင်းနှင့် ရောစပ်ထားရမည်။
  • ၎င်းနောက် ဖွဲနုနှင့်ထိုမြေများကို အတူရော၍ အထဲသို့ ရေ+တင်လဲရည်အရော ကို လောင်းထည့်ပြီး သမအောင် ပေါက်ပြားဖြင့် မွှေပေးရမည်။
  • သမသွားသည့်အခါ ဝါးရွက်များဖြင့်ပြန်ဖုံးကာ မြွေရေခွံအိတ်စများနှင့်ဖုံး၍ ၃ ညအိပ် ထားရမည်။
  • မိုးတွင်းကာလတွင် ရေမဝင်စေရန် ဂရုစိုက်ရမည်။
  • ၃ ညအိပ်ထားပြီး ၄ ရက်မြောက်တွင် အဖြူရောင်မှိုဒိုချက်ကင်းများထွက်နေသည်ကို တွေ့ရှိရမည်။ လက်ဖြင့်စမ်းကြည့်ပါက အပူချိန် (၆၀ - ၇၀ ဒီဂရီ) ရှိသည်ကို တွေ့ရပါမည်။ အနံ့ချိုမွှေး၍ စူးရှပါက ကောင်းမွန်သည့်ဒိုချက်ကင်းဖြစ်ပါသည်။
  • ယင်းဒိုချက်ကင်းကို ကြုံး၍ အိတ်ထဲတွင် ထည့်ယူထားရပါမည်။

(၂) ဒိုချက်ကင်းအသုံးပြုပြီး သဘာဝမြေဩဇာပြုလုပ်ခြင်း

လိုအပ်သည့်ကုန်ကြမ်းပစ္စည်းများ

  • (၁) နွားချေး၊ ဝက်ချေး၊ တိရစ္ဆာန်ချေးများ
  • (၂) ကောက်ရိုး
  • (၃) စပါးခွံ

ပြုလုပ်နည်း

  • စပါးခွံကို ၆ လက်မ ပတ်လည်ခန့်နှင့် အမြင့် ၆ လက်မရှိအောင် မြေပေါ်တွင် ဖြန့်ခင်းပေးပြီး ရေဖျန်းပေးပါ။
  • ယင်းစပါးခွံပေါ်သို့ နွားချေး၊ တိရစ္ဆာန်ချေးများကို ၆ လက်မခန့် ဖျန်းပေးပါ။
  • နွားချေးပေါ်တွင် မွေးမြူထားသော ဒိုချက်ကင်းကို လက်နှင့်ဆယ်ဆုပ်ခန့် ဖြူးပေးရပါမည်။ ထို့နောက် ရေဖျန်းပေးပါ။
  • ၎င်းနွားချေး+ဒိုချက်ကင်းအလွှာပေါ်မှ ကောက်ရိုး၊ ပြောင်းရိုး၊ ပေါင်းမြက်များ ဖြန့်ခင်းပြီးနောက် ပြားသွားစေရန် လူဖြင့်နင်းပေးပါ။
  • ယင်း ၃ လွှာပေါင်းကို ၁ ထပ်ဟုခေါ်ပြီး အထပ်တစ်ထပ်စီတိုင်းကို ရေဖျန်းပေးရပါမည်။ ဤသို့အားဖြင့် အထပ် ၄-၅ ထပ်၊ အမြင့်အားဖြင့် ၅ ပေခွဲ - ၆ ပေ ခန့်ရောက်အောင်ပုံပြီး နောက်ဆုံး အထပ်ပေါ်တွင် စပါးခွံဖြင့် ဖုံးအုပ်ပေးပါ။ ထိုကဲ့သို့ မြေဩဇာ ၁ ပုံအတွက် ရေ ၃ ပေပါခန့် လိုအပ်မည် ဖြစ်ပါသည်။
  • အပုံကို အထက်အောက်သမအောင်မွှေပြီး ၆-၈ လက်မထုဖြန့်ခင်းလိုက်၊ ရေလောင်းလိုက် လုပ်ပေးရပါမည်။
  • ၃-၄ ပတ်ကြာပါက အပုံ၏အပြင်ပိုင်းနှင့်အတွင်းပိုင်း ဓာတ်ပြုမှုညီသွားစေရန် အတွင်းသား၊ အပြင်သား ပြောင်းထုတ်ပေးရပါမည်။
  • နောက် ၃-၄ ပတ်အကြာတွင် ယင်းကဲ့သို့ပင် အတွင်းအပြင် တစ်ကြိမ်ထပ်ပြောင်းပေးရပါမည်။
  • ယင်းကဲ့သို့ ၂ ခါ အပုံပြောင်းပြီးနောက် ၃-၄ ပတ်အကြာတွင်တော့ ဒိုချက်ကင်းသဘာဝမြေဩဇာကို ရရှိပြီး စိုက်ခင်းတွင် ထည့်သွင်းအသုံးပြုနိုင်ပြီဖြစ်ပါသည်။

(စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှထုတ်ဝေသည့် 'သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းများလက်စွဲ' စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်)

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

2
U Aung San Lwin

U Aung San Lwin

လွန်ခဲ့သော ၃ နှစ် က

ဒေါ်ချက်ကင်မြေသြဇာလုပ်ရင် တစ်ခါတည်းမွှေပြိးမှ ပုံလို့ရလားဗျ

ထူးကိုကို

ထူးကိုကို

လွန်ခဲ့သော ၃ နှစ် က

မြေသြဇာပုံရာတွင်အလျားဘယ်လောက်အနံဘယ်လောက်ပုံရင်အဆင်ပြေနိုင်မလဲဗျာ

You

ဆက်စပ်မေးခွန်းများ

ပန်းပွင့်တေဒီလိုဖစ်သွားပါဗျာ

ကိုချမ်း • ဖြေကြားချက် 2 ခု

မိုးရွာနေတာ ၄ရက်မြောက်​ေန့ပါခါးရိ မြစ်ပုပ် လည်လိမ်စပီးတွေ့နေရပါပီဆရာ ဆေးက၃ကြိမ်၄ကြိမ်လောက်လိုက်ရတော့မှာပါ သိချင်တာက ဘယ်ဆေးအတွဲတေကို ဘယ်နှစ်ရက်ခြားလိုက်ရမလဲ ပီးတော့ တွဲလိုက်လို့ရမည့်ဆေးတေကိုတွဲပေးပါ မိုးကရပ်ဖို့မမြင်သေးလို့ပါဆေးတွေက ကော့ပါးကာဆူမင်အတွဲ ဖိုစ့်တိုင်းအလူမီနီယမ် မက်တယ်လဇီး ပါရာကိုစတိုဗင် အဲ့တာတေရှိပါတယ်ဘယ်ကနေစဖျန်းရမယ်ကိုမသိတော့လို့ပါ

sithuaung • ဖြေကြားချက် 1 ခု

မိုးများ အောက်တက်များပြီး အပင်ကစိမ့်စွဲနေသလိုဖြစ်နေတာ အပင်အကြီးမြန်စေချင်တာပါ TBI 9 မိုလို့ပါ အဲ့တာဘာဆေးသုံးရမလဲ ခင်ဗျာ။တစ်ချို့အပင်တွေကလဲ အညွှန့်တွေလိပ်ပြီးမတက်ဘူးဖြစ်နေတယ်ဗျာ။ဆေးနည်းကောင်းလေးညွန်ပေးပါ။

ကိုနိုင်လင်းထက် • ဖြေကြားချက် 1 ခု

စပါးပင်များကိုနွားသေးနင့်စပါးခွံပေါင်းခံရေရောသုံးရင်ရမလားပေါင်းခံရေမရင်စက်ဖွဲပြာကိုရေစိမ်ပြီးရလာတဲ့စစ်ရေနဲ့ရောသုံးရင်အဆင်ပြေမဘးလားဆရာ။

U Win Zaw • ဖြေကြားချက် 1 ခု

မတ်ပဲ စိုက်ပီးသား ၁လခွဲလောက်ရှိပီး မိုးရွာတော့ အားဆေး မထိုးတတ်ဘူး ဖစ်နေတယ် ဓာတ်ဆား ပတ်လို့ အဆင်ပြေပါ့မလားဗျ

Sa Paing Ko Ko Win • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။