အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်ဥခွံကို ဘယ်လိုသုံးမလဲ

ကြက်ဥခွံကို ဘယ်လိုသုံးမလဲ

ကြက်ဥစားပြီးတိုင်း ကြက်ဥခွံတွေကို လွင့်ပစ်လေ့ရှိပါသလား။ လွင့်ပစ်လေ့ရှိတယ်ဆိုရင်တော့ မလုပ်တော့ပါနဲ့။ ကြက်ဥခွံကို သုံးလို့ရတဲ့နေရာတွေရှိသလို သုံးလိုက်တဲ့အတွက်လည်း အကျိုးရှိပါတယ်။ ဘယ်လိုပုံစံမျိုး သုံးလို့ရလဲဆိုတာ ဆက်ဖတ်ကြည့်ပါအုံး။

၁။ မြေသြဇာ

ကြက်ဥခွံကို မြေသြဇာအဖြစ် အသုံးပြုနိုင်ပါတယ်။ ကြက်ဥခွံတွေကိုချေပြီး အပင်အောက်ခြေမှာပုံထားမယ်ဆိုရင် အပင်အတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို ရရှိမှာဖြစ်ပါတယ်။ အပင်စစိုက်စဉ်ကတည်းက ကြက်ဥခွံကိုတစ်ခါတည်းထည့်ပေးမယ်ဆိုရင် အပင်ကြီးထွားမှုအတွက် အထောက်အကူဖြစ်စေပါတယ်။ အရွယ်ရောက်ပြီးတဲ့ အပင်တွေမှာတော့ နှစ်ပတ်ခြားတစ်ကြိမ်ခန့် အသုံးပြုနိုင်ပါတယ်။ ကြက်ဥခွံတွေကို အပင်တွေမှာသုံးမယ်ဆိုရင် ပိုးမွှားကျရောက်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကြက်ဥခွံ၏ ကြမ်းရှသောထောင့်များကြောင့် ခရု၊ ပတ်ကျိများ ကျရောက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ အိမ်မှာစိုက်ထားတဲ့ပန်းအိုးထဲကို ကြောင်များဝင်ရောက်နိုင်ပါတယ်။ ကြက်ဥခွံထည့်ထားမယ်ဆိုရင် ကြောင်အန္တရာယ်ကို ကာကွယ်ပြီးသားလည်းဖြစ်ပါတယ်။ မြေဆွေးပုံးထဲကိုလည်း ကြက်ဥခွံထည့်ပြီး ပြုလုပ်နိုင်ပါတယ်။ မြေဆွေး၏ ချဉ်ငံဓာတ် (pH) ကိုထိန်းညှိပေးပါတယ်။

၂။ ပျိုးအိတ်

ကြက်ဥကို ထက်ခြမ်းမခွဲပဲ အပေါက်ဖောက်ပြီး သုံးထားမယ်ဆိုရင် ပျိုးအိတ်အဖြစ် သုံးနိုင်ပါတယ်။ ကြက်ဥခွံထဲကို မြေတစ်ဝက်လောက်ထဲပြီး မျိုးစေ့ထည့်၍ ရေအနည်းငယ်ဖျန်းကာ ပျိုးပင်စိုက်နိုင်ပါတယ်။ နောက်ပြီး ကြက်ဥထည့်တဲ့ကဒ်ထဲမှာ ကြက်ဥခွံတွေကိုပြန်စီထည့်ပြီး ပျိုးပင်စိုက်နိုင်ပါတယ်။

၃။ ကြက်စာ

ကြက်တွေမွေးထားမယ်ဆိုရင်တော့ ကြက်စာအနေနဲ့ ပြန်သုံးလိုရပါတယ်။ ကြက်မတွေက ဥဥဖို့ ကယ်လ်ဆီယမ်ဓာတ်လိုအပ်ပါတယ်။ ကြက်ဥခွံမှာ ကယ်လ်ဆီယမ်ဓာတ်ပါဝင်တဲ့အတွက် မှုန့်ညက်နေအောင်ထောင်းပြီး ကြက်စာနဲ့ရောကျွေးနိုင်ပါတယ်။ ဒါပေမဲ့ ပမာဏအနည်းငယ်ပဲသုံးသင့်ပါတယ်။

ဖြိုးသဥ္ဇာကျော်

ကိုးကား

https://www.thespruce.com/uses-for-egg-shells-1389039

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)

 

Thein Soe

Thein Soe

လွန်ခဲ့သော ၆ နှစ် က

အပင်တွေမှာဖျန်းလို့ရမလားခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။