အပင်များတွင် ဇင့် (သွပ်) ဓာတ်ချို့တဲ့ခြင်း
ဇင့်ဓာတ်သည် အပင်များကြီးထွားရန်နှင့် ဆစ်ကြားများ ရှည်ထွက်လာစေရန်အတွက် အရေးပါသော အနည်းလို အာဟာရဓာတ် တစ်မျိုးဖြစ်ပါသည်။ အနည်းလို အာဟာရဓာတ်ဖြစ်သော်လည်း ဇင့်ဓာတ်ချို့တဲ့မှု ပြင်းထန်ပါက သီးနှံများ၏ အထွက်နှုန်းနှင့် အရည်အသွေးကို ထိခိုက််စေနိုင်ပါသည်။ ဇင့်ချို့တဲ့မှုသည် သီးနှံနှင့် မြေအမျိုးအစားမရွေး ဖြစ်နိုင်ပါသည်။ ဇင့် ချို့တဲ့မှုအား စပါး၊ ဂျုံ၊ ပြောင်း စသောသီးနှံများတွင် အများဆုံးတွေ့ရတတ်ပါသည်။ ဇင့်ဓာတ်ချို့တဲ့ခြင်းသည် အက်ဆစ်ဆန်သောမြေနှင့် အယ်ကာလိုင်း ဆန်သောမြေ ၂ မျိုးစလုံးတွင် တွေ့ရတတ်ပါသည်။ ထို့နည်းတူ တီစူပါနှင့် ကော့ပါး (ကြေးနီ) ဓာတ်ပါသော မြေသြဇာများ အများအပြားသုံးစွဲခြင်းသည်လည်း ဇင့် ချို့တဲ့မှုကို ပိုမို ဆိုးရွားစေပါသည်။ ဇင့် ဓာတ်ချို့တဲ့ခြင်း လက္ခဏာသည် သီးနှံအမျိုးအစား အပေါ်မူတည်ပြီး သိသိသာသာကွဲပြားပါသည်။
အပင်များတွင် ဇင့် ဓာတ်ချို့တဲ့ပါက ယေဘူယျအားဖြင့် အောက်ပါ လက္ခဏာများကို တွေ့မြင်နိုင်ပါသည်။
- ကလိုရိုဖီး အစိမ်းရောင် ကွက်ကြားများ ဖြစ်ပေါ်နေခြင်း
- အပင် တစ်ရှုးများသေခြင်း
- အရွက်များ ကြေးရောင်သမ်းလာခြင်း
- အပင်များ ကြီးထွားမှု ရပ်တန့်ပြီး အပင်ပုနေခြင်း
- အပင်၏ ဆစ်ကြားများ တိုလာခြင်း
- အပေါ် အရွက်များတွင် အညိုရောင် အစက်များတွေ့ရခြင်း
- ပုံမှန်အတိုင်းမဟုတ်ဘဲ အရွက်များ သေးနေခြင်း
- အရွက်များ တွန့်လိမ်နေခြင်း စသည့် လက္ခဏာများ တွေ့မြင်ရမည် ဖြစ်ပါသည်။ အပင် အာဟာရချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာသော လက္ခဏာများမှာ ရောဂါကြောင့် ဖြစ်သော လက္ခဏာများနှင့် ဆင်တူသောကြောင့် သတိပြုရန်လည်း လိုအပ်ပါသည်။ အထူးသဖြင့် ဇင့် ဓာတ်ချို့တဲ့မှုသည် သံဓာတ်ချို့တဲ့ခြင်း၊ သံဆိပ်သင့်ခြင်းနှင့် ဗိုင်းရပ်စ်ရောဂါအချို့ တို့၏ လက္ခဏာနှင့် ဆင်တူလေ့ ရှိပါသည်။ ပတ်ဝန်းကျင် အခြေအနေများပေါ် မူတည်၍လည်း ဇင့် ဓာတ်ချို့တဲ့မှု ဖြစ်ပေါ်နိုင်ပါသည်။ ပတ်ဝန်းကျင်၏ အပူချိန်နိမ့်ခြင်း၊ အလင်းရောင်ရရှိမှုနည်းခြင်း၊ နေ့တာတိုခြင်း စသည်တို့ကလည်း ဇင့် ဓာတ်ချို့တဲ့ခြင်းနှင့် ဆက်စပ်မှုရှိကြောင်း သိရပါသည်။
မြေဆီလွှာတွင် ဇင့် ဓာတ်ချို့တဲ့ ရသည့် အကြောင်းအရင်း တစ်ချို့မှာ
- မြေဆီလွှာတွင် ဇင့် ဓာတ်ပါဝင်မှုနည်းခြင်း
- သဘာဝမြေသြဇာများ ပါဝင်မှုနည်းလွန်းခြင်း/ များလွန်းခြင်း
- အမြစ်ကြီးထွားမှုနည်းခြင်း
- မြေချဥ်လွန်းခြင်း
- မြေဆီလွှာ၏ အပူချိန်နည်းနေခြင်း
- မြေကြပ်ခြင်း၊ ရေစိမ့်ဝင်နိုင်မှု အားနည်းခြင်း
- မြေဆီလွှာတွင် ဖော့စဖောရပ်စ် (တီစူပါ) ဓာတ် ပါဝင်မှုများနေခြင်း စသည်တို့ကြောင့် ဖြစ်လေ့ရှိပါသည်။
ဇင့် ဓာတ်သည် အပင်ကြီးထွား ဖွံ့ဖြိုးရန်အတွက် အရေးပါသော အနည်းလို အာဟာရဓာတ် တစ်မျိုးဖြစ်ပါသည်။ သီးနှံများအပေါ်မူတည်ပြီး ဇင့် ဓာတ်လိုအပ်မှုကွဲပြားသော်လည်း အနည်းလို အာဟာရဓာတ် ဖြစ်သောကြောင့် ၂၀ မီလီဂရမ်မှ ၁၀၀ မီလီဂရမ် ပမာဏသည် ယေဘူယျအားဖြင့် အပင်အားလုံးအတွက် သင့်တော်သော ပမာဏဖြစ်ပါသည်။ မိမိ၏မြေတွင် ဇင့် ဓာတ်ချို့တဲ့နေပါက ဇင့်ဆာလဖိတ်၊ ဇင့်အောက်ဆိုက် ပါဝင်သော မြေသြဇာများ ထည့်သွင်းကာ ပြုပြင်နိုင်ပါသည်။ ယေဘူယျအားဖြင့် ၁ ဧကလျှင် ၄၀ ကီလိုဂရမ် ထည့်သွင်းပေးသင့်ပါသည်။ သို့သော် သီးနှံနှင့် မိမိစိုက်ခင်း အခြေအနေများ မူတည်ပြီး ပမာဏပြောင်းလဲ အသုံးပြုရမည် ဖြစ်ပါသည်။ မြေငံနေသော စိုက်ခင်းများတွင် ဇင့် ဓာတ်ချို့တဲ့ပါက ပြုပြင်နိုင်ရန် ခက်ခဲပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းမြေများတွင် ဇင့် မြေသြဇာထည့်ပေးသော်လည်း အပင်မှ မစုပ်ယူနိုင်သောကြောင့်ဖြစ်ပါသည်။
အချို့သောစိုက်ခင်းများတွင် ဇင့် ဆာလဖိတ်ကို ရွက်ဖျန်းအနေဖြင့် သစ်သီးပင်များနှင့် စပျစ်စိုက်ခင်းများတွင်လည်း အသုံးပြုလေ့ရှိကြပါသည်။ ထို့အပြင် ဇင့်ကို မျိုးစေ့များ ကုသရန်နှင့် ပျိုးပင်များ ရွှေ့ပြောင်းမစိုက်မီ အမြစ်များကို စိမ်ရာတွင်လည်း အသုံးပြုကြပါသည်။ မိမိစိုက်ပျိုးမည့် မျိုးစေ့များ ချမစိုက်ခင်နှင့် ရွှေ့ပြောင်းမစိုက်ခင် ကာလ ကပင် စိုက်ခင်းနှင့် ပျိုးခင်းများတွင် သဘာဝမြေသြဇာများ အသုံးပြုခြင်းဖြင့်လည်း ဇင့်ဓာတ်ချို့တဲ့မှုကို သက်သာစေနိုင်ပါသည်။ သီးနှံ မစိုက်သော ကာလများတွင် စိုက်ခင်းကို ရေလွှမ်ထားခြင်းဖြင့်လည်း ဇင့်ဓာတ်ချို့တဲ့မှုကို ကုသနိုင်ကြောင်း သိရပါသည်။
ဇင်ထူးနိုင်
ကိုးကားချက်
- https://en.wikipedia.org/wiki/Zinc_deficiency_(plant_disorder)
- http://www.knowledgebank.irri.org
- https://www.smart-fertilizer.com/articles/zinc-in-plants/
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကဘာဆေးသုံးရင်အဆင်ပြေမလဲဆရာတို့အညွှန်းလေးပေးကြပါ
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကအပင်တွေ သိပ်ကြီးဘူးဖြစ်နေတယ်ဗျာ
khs
လွန်ခဲ့သော ၅ နှစ် က%
john chang bawm
လွန်ခဲ့သော ၅ နှစ် ကနှစ်လပိုင်း မှာ စိုက်လို့ရလာ ဆရာ
ဆက်စပ်မေးခွန်းများ
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026