အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အော်ဂဲနစ်၊ အင်အော်ဂဲနစ် မြေဩဇာများနဲ့ တွဲသုံးသင့်တဲ့ အေအမ်အက်မှို (၃)

အော်ဂဲနစ်၊ အင်အော်ဂဲနစ် မြေဩဇာများနဲ့ တွဲသုံးသင့်တဲ့ အေအမ်အက်မှို (၃)

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၄၃)

စတီးဗီရားရွက်ချိုမှုန့်ပင်၏ အရွက်ထွက်အားကောင်းစေသော ဇီဝနှိုးဆွမြေသြဇာ အေအမ်အက်ဖ်မှိုကို အော်ဂဲနစ်မြေသြဇာ၊ အင်အော်ဂဲနစ်မြေသြဇာများဖြင့် တွဲသုံးပါ (အပိုင်း ၃)

ဒေသမျိုးအေအမ်အက်ဖ် ဇီဝနှိုးဆွမြေသြဇာဖြစ်စေ၊ ထိုးသွင်းအေအမ်အက်ဖ် ဇီဝနှိုးဆွမြေသြဇာဖြစ်စေ  အော်ဂဲနစ်၊ အင်အော်ဂဲနစ်မြေသြဇာများနှင့်တွဲသုံးပါက စတီးဗီရားရွက်ချိုမှုန့်ပင် အရွက်ထွက်အား ကောင်းစေသည်။

အေအမ်အက်ဖ်မှို၏ အပင်ကိုအကျိုးပြုသော အကြောင်းရင်းဖြစ်သည့် ဇီဝကမ္မဖြစ်စဥ်

အေအမ်အက်ဖ်မှိုကထုတ်သော ဟိုမုန်းဓာတ်သည် ပူးတွဲသုံးသော အင်အော်ဂဲနစ်မြေသြဇာများ၏ အပင်အကျိုးပြုစွမ်းရည်ကို နှိုးဆော်သည်။ သို့ဖြစ်၍ အေအမ်အက်ဖ်မှိုနှင့် ဖော့စဖိတ်ကို ဖြည့်စွက် သုံးခြင်းတွင် ဖော့စဖိတ်ထရန်စပို့တာများ ပိုထုတ်သဖြင့် အပင်ကို အကျိုးပြုအား ကောင်းစေသည်။

စတီးဗီရားရွက်ခြောက်တွင် ပါဝင်သော အာဟာရဓာတ်များ (မီလီဂရမ်/ဂရမ်)

စတီးဗီရားရွက်ခြောက်တွင်ပါဝင်သော အာဟာရဆိုင်ရာ မင်နရယ် (မီလီဂရမ်/ဂရမ်)

အေအမ်အက်ဖ်မှိုနှင့် ဖော့စဖိတ်ကို ဖြည့်စွက်သုံးခြင်းက ဘယ်လိုအကျိုးကျေးဇူးများရသလဲ..?

၁။ တစ်ပင်တွင်ပါဝင်သော အရွက်စို အလေးချိန်(ဂရမ်)အများဆုံးဖြစ်ခြင်း

၂။ အရွက်ထဲတွင်ပါသော ဖော့စပရပ် % တိုးလာခြင်း

၃။ အရွက်ထဲတွင်ပါသော မဂ္ဂနီဆီယမ် % တိုးလာခြင်း

အကျိုးကျေးဇူးအပေါ် ဆက်စပ်သုံးသပ်ချက်

ကိုးကား

Ahsan F. et al., Nutritional and Medicinal Properties of Stevia Rebaudiana. Curr Res Diabetes Obes J 13(4) July 16, 2020

Sarmiento-López LG. et al., 2020. Photosynthetic performance and stevioside concentration are improved by the arbuscular mycorrhizal symbiosis in Stevia rebaudiana under different phosphate concentrations. PeerJ 8:e10173 http://doi.org/10.7717/peerj.10173

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။