စတီးဗီးယားမှာ ဂျတ်စ်မောနစ်အက်စစ်တိုးစေလို့ ရွက်ချိုဓာတ်ပိုကောင်းစေတဲ့ အေအမ်အက်မှို
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၄၅)
စတီးဗီးယားရွက်ချိုမှုန့်ပင်တွင် အေအမ်အက်မှိုသည် အရွက်ချိုဓာတ်အတွက် အားပေးသော ဂျတ်စ်မောနစ်အက်စစ် တိုးစေသည်။ အေအမ်အက်မှိုနှင့် ပြင်းအားနည်းသော ဖော့စဖိတ်ကို ဖြည့်စွက်သုံးပါက ရွက်ချိုဓာတ် အရည်အသွေးပိုကောင်းသည် (အပိုင်း၅)
ဘာကြောင့်ကောင်းသလဲ?
အပင်သည် အာဟာရဓာတ် စုပ်ယူမှုမှတဆင့် ထရိုင်ခုန်းထုထည်နှင့် ဒုတိယအစာ ချေဖျက်သော ပစ္စည်းများထုတ်သည်။ မှိုအတွက် ကာဗွန်သိုလှောင်မှု ကောင်းစေသည်။ အေအမ်အက်မှိုနှင့် ဖော့စဖိတ်ကို ဖြည့်စွက်သုံးခြင်းဖြင့် ဖော့စဖိတ် ထရန်စပို့တာများ ပိုထုတ်သည်။ အပင်အတွက် အကျိုးပြုအား ကောင်းစေသည်။ ပတ်ဝန်းကျင်ကို မထိခိုက်သော ဂေဟစနစ်မိတ်ဖက် သဟဇီဝနဖြစ်စဥ် ဖြစ်သည်။
ဘာကြောင့်အသုံးပြုသင့်သလဲ?
အော်ဂဲနစ်စစ်စစ် စတီးဗီးယားရွက်ချိုမှုန့် ထုတ်ရာတွင်သုံးနိုင်သည်။ အင်အော်ဂဲနစ် မြေသြဇာများလျှော့ချသုံးစွဲနိုင်သောနည်းဖြစ်သဖြင့် အော်ဂဲနစ်စစ်စစ် စတီးဗီးယား ရွက်ချိုမှုန့် ထုတ်လုပ်နိုင်သော လမ်းကြောင်းတခုဖြစ်သည်။
ဘယ်အရည်အသွေးတွေမှာ ကောင်းလာသလဲ?
(၁) ထရိုင်ခုန်းထုထည်နှင့် ဒုတိကအစာချေဖျက်သော ပစ္စည်းများတိုးလာစေမှု

(၂) အေအမ်အက်မှို R. fasciculatus ထိုးသွင်းပင်တွင် ဂျတ်စ်မောနစ်အက်စစ်တိုးခြင်း

အေအမ်အက်မှို Rhizophagus fasciculatus ထိုးသွင်းလျှင် စုစုပေါင်းကာဗိုဟိုက်ဒရိတ် တိုးပါက ဂျတ်စ်မောနစ်အက်စစ် တိုးသည်။
(၃) အေအမ်အက်မှို Rhizophagus fasciculatus ထိုးသွင်းလျှင် ထရိုင်ခုန်းထုထည်တိုးခြင်း

ဖိုက်တိုဟော်မုန်းများထဲမှ ဂျတ်စ်မောနစ်အက်စစ်သည် စတီးဗီးယားအပင်နှင့် အခြားအပင်များတွင် ထရိုင်ခုန်းထုထည်နှင့် ဒုတိယအစာချေဖျက်သော ပစ္စည်းများ တိုးလာစေမှုတွင် ဆက်နွှယ်နေသည်။
(၄) စုစုပေါင်းကာဗိုဟိုက်ဒရိတ်တိုးခြင်း

အေအမ်အက်မှို ထိုးသွင်းပင်တွင် စုစုပေါင်းကာဗိုဟိုက်ဒရိတ်တိုးပါက ဂျတ်စ်မောနစ် အက်စစ် တိုးသည်။
အေအမ်အက်မှို၏ ဖြန်ဖြေမှုအရ အပင်မှဒုတိကအစာချေဖျက်သော ပစ္စည်းများ တိုးလာစေမှုတွင် အာဟာရဆိုင်ရာနှင့် အာဟာရမဲ့အရ ဆက်နွှယ်နေသော ဇီဝကမ္မ ဖြစ်စဥ်ဖြစ်သည်။
(၅) အညွန့်ခြောက်အလေးချိန်တိုးခြင်း

အေအမ်အက်မှိုတွင် Rhizophagus fasciculatus ထိုးသွင်းလျှင် အညွန့်ခြောက် အလေးချိန်တိုးစေသည်။
အေအမ်အက်မှို၏ သဟဇီဝနဖြစ်စဥ်တွင် အပင်မှ ဒုတိယအစာချေဖျက်သောပစ္စည်းများ တိုးလာစေမှုသည် အာဟာရတိုးစေခြင်းနှင့် အာဟာရမဲ့အရ ဆက်နွှယ်နေသော ဇီဝကမ္မ ဖြစ်စဥ် ဖြစ်သည်။
သုံးသပ်ချက်
အေအမ်အက်မှိုနှင့် ဖြည့်စွက်အာဟာရဖျော်ရည်၊ ပိုတက်စီယမ်ဟိုက်ဒရိုဂျင်ဖော့စဖိတ် KH2PO4 ပြင်းအား (၂ဝဝ မိုက်ခရိုအမ်) ထက်မြင့်ပါက စတီးဗီးယားအရသာ အချိုဓာတ် ပေးသော စတီးဗီရိုဆိုက် (စတီးဗီရောဂလိုက်ကိုဆိုဒ်)၏ ဂျတ်စ်မောနစ်အက်စစ်% နှင့် ထရိုင်ခုန်းထုထည် ကျဆင်းလာသည်။ ထို့ကြောင့် အေအမ်အက်မှိုနှင့် ဖြည့်စွက် ဖော့စဖိတ်ပြင်းအားနည်းနည်းသာ သုံးရန်လိုအပ်သည်။ ပူးတွဲအသုံးချခြင်းသည် အရေးကြီးဆုံးသော စတီးဗီးယားရွက်ချိုမှုန့် အရည်အသွေးဖြစ်သည့် စတီဗီရိုဆိုက် တိုးစေမှုကို ဆက်လက်ဖော်ပြပါမည်။
တိုးတက်လာသော နည်းပညာနှင့်အတူ တွေ့ရှိချက်များအရ အလားတူ အခြေခံအချက်များကို အခြားသီးနှံများတွင်လည်း သုံးနိုင်ကြောင်းနှင့် အေအမ်အက်မှိုသည် ကုန်ကျစရိတ်သက်သာသည့် မြေဆွေးများနှင့် ပူးတွဲသုံးခြင်း အကျိုးပြုမှုကို ဆက်လက် ဖော်ပြပါမည်။
ကိုးကား
Mandal S. et al., Arbuscular mycorrhiza enhances the production of stevioside and rebaudioside-A in Stevia rebaudiana via nutritional and non-nutritional mechanisms. Applied Soil Ecology 72:187-194. DOI:10.1016/j.apsoil.2013.07.003
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024