အုန်းခွံမျှင်ဖတ်/အုံးခွံခဲမြေနဲ့ စိုက်တဲ့ မိုက်ခရိုဂရင်းများကြီးထွားမှုနှင့် အာဟာရဖြစ်မှု
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၉၁)
စားမှိုစိုက်ပြီးပွားစာဆွေးများကို မိုက်ခရိုဂရင်း ရွက်မှန်စုံ ပျိုးပင်ပေါက်ခင်းများတွင် သုံးစွဲခြင်း (၁ဝ)
အုန်းခွံမျှင်ဖတ်/အုံးခွံခဲမြေ အခြေခံ မြေမဲ့ ကြီးထွားမီဒီယာ တွင်စိုက်သော မိုက်ခရိုဂရင်းများကြီးထွားမှုနှင့် အာဟာရဖြစ်မှု
မြေမဲ့ ကြီးထွားမီဒီယာရေမြှုပ်တွင်စိုက်သော မိုက်ခရိုဂရင်း အမျိုးမျိုးအလိုက် အာဟာရဓာတ် ပါဝင်မှု ကွဲပြားပုံ
မြေမဲ့မီဒီယာ တစ်မျိုးဖြစ်သော ရေမြုပ် သည် ခဲမြေပွ မှ ပြုလုပ်သည်။ အချို့ သည် အုန်းခွံအမျှင်ဖတ်နှင့် ပြုလုပ်သည်။ အာဟာရနှင့် လေကောင်းစွာရပြီး အစိုဓာတ် ထိမ်းနိုင်လျှင် ရိတ်သိမ်းချိန်စောသော မိုက်ခရိုဂရင်းများသည် အပင်ပေါက်ကောင်းသည်။ အာဟာရထိန်းသည်။
၁။ တရုတ်ကိုင်းလာအနီ မိုက်ခရိုဂရင်း

တရုတ် ကိုင်းလာ အနီ မိုက်ခရို ဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရဂရမ်

၂။ ပဲနံ့သာ မိုက်ခရို ဂရင်း

ပဲနံ့သာ မိုက်ခရို ဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ ဂရမ်

၃။ ပဲရာဇာ မိုက်ခရိုဂရင်း

ပဲရာဇာ မိုက်ခရို ဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ ဂရမ်

၄။ ပဲစိမ်း မိုက်ခရိုဂရင်း

ပဲတီစိမ်း မိုက်ခရိုဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရဂရမ်

၅။ နှမ်းနက် မိုက်ခရိုဂရင်း

နှမ်းနက် မိုက်ခရို ဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ ဂရမ်

၆။ ချဉ်ပေါင်ရိုးနီ မိုက်ခရိုဂရင်း

ချဥ်ပေါင် ရိုးနီ မိုက်ခရိုဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ ဂရမ်

မြေမဲ့ ကြီးထွားမီဒီယာ အုန်းခွံအမျှင်ဖတ်/ အုန်းခွံခဲမြေတွင်စိုက်သောမုံလာဥနှင့် မုံညင်း မိုက်ခရိုဂရင်း တွင် အာဟာရ ဓာတ်ပါဝင်မှု
၁။ မုံလာဥ မိုက်ခရို ဂရင်း

မုံလာဥ မိုက်ခရို ဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ (ဂရမ်)

၂။ မုံညင်း မိုက်ခရို ဂရင်း


တွေ့ရှိချက်
အုန်းခွံအမျှင်ဖတ် နှင့် ပြုလုပ်သည့် ရေမြုပ်တွင်စိုက်သော ပဲရာဇာ နှင့် ပဲနံ့သာ မိုက်ခရိုဂရင်းတွင် ပရိုတင်း ကြွယ်ဝသည်။ ၎င်း ၂ မျိုးသည် ပရိုတင်းနှင့် ကာဗိုဟိုက်ထရိတ် ပါဝင်မှုများသဖြင့် ကယ်လိုရီ မြင့်သည်။ မြေမဲ့ ကြီးထွားမီဒီယာ ရေမြှုပ်တွင် စိုက်သောချဥ်ပေါင် ရိုးနီ မိုက်ခရိုဂရင်းတွင် ပရိုတင်း ကြွယ်ဝသည် ဟု ဖော်ပြထားသည်။ မြေမဲ့ ကြီးထွားမီဒီယာ အုန်းခွံအမျှင်ဖတ်/ အုန်းခွံခဲမြေတွင်စိုက်သော မုံညင်း နှင့် မုံလာဥမိုက်ခရိုဂရင်းတွင် ကယ်လိုရီ ၂၄% နှင့် ၂၈% ပါဝင်သည်။
မြေမဲ့ ကြီးထွားမီဒီယာ ဂုံလှော်စ ၊ ဗာမီကျူလိုက် နှင့် အုန်းခွံမှင် ပေါ်တွင်စိုက် ထားသည် ပင်စိမ်း (အစိမ်းမျိုး) မိုက်ခရိုဂရင်း
အုန်းခွံအမျှင်ဖတ်/ အုန်းခွံခဲမြေ မြေမဲ့မီဒီယာကို အကျိုးရှိစွာသုံးပါ
အုန်းခွံအမှင်ဖတ်/ အုန်းခွံခဲမြေ မြေမဲ့မီဒီယာသည် အုန်းသီးအခွန် /အကာများမှ ပြုလုပ်သည်၊၁ဝဝ% အော်ဂဲနစ် ပစ္စည်းဖြစ်သည် သဘာဝ ပိုးသန့်ပြီးဖြစ်သည်။ ပေါ့သည်။ လေဝင်လေထွက် ကောင်းသည်။ အပင်ပေါက်ကောင်းစေသော အစိုဓာတ်ကို ထိန်းနိုင်သည်။ အုန်းခွံမျှင်ဖတ်သည် ခဲမြေပွနှင့် တွဲသုံးလျှင်ပို ကောင်းသည်။ အုန်းခွံခဲမြေသည် အုန်းခွံမျှင်ဖတ်ထက် ရေပိုထိန်းသည်။ အုံးခွံခဲမြေကိုပါလိုက်နှင့် တွဲသုံးလျှင် ပိုကောင်းသည်။ အုန်းခွံအမျှင်ဖတ်/ အုန်းခွံခဲမြေ မြေမဲ့မီဒီယာ နှင့် စိုက်လျှင် ဘန်း ၂ ထပ်အသုံပြုသင့်သည်။ အပေါ်ဗန်းသည် အပေါက်ပါရမည်။ အောက်ဗန်းသည် ရေထိမ်းရန် အပိတ်သုံးရမည်။ အုန်းခွံ ခဲမြေ ညီအောင်ထည့် ပြီး ရေဖြန်းသည် (အစိုဓာတ် ၆ဝ%) ရှိရမည်။ အပေါ်မှ မျိုးစေ့ဖြူးချသည်။ အုန်းခွံမျှင်၊ ဗာမီကျူလိုက် နှင့် ဂုံလှော်စ ပေါ်တွင်စိုက်သည့် တွေ့ရှိချက်တွင် ပင်စိမ်း မိုက်ခရိုဂရင်း ၃ မျိုး အနက် အုန်းခွံမျှင်ပေါ်တွင်စိုက်သော ပင်စိမ်း (အစိမ်းမျိုး) သည် အထွက်နှင့် ကလိုရိုဖီး ခိုင်မာစွာ ကောင်းသည်။ သို့ဖြစ်၍ တပိုင်တနိုင်စိုက်ပျိုးသူများ၊ ဝါသနာရှင်များသည် စျေးကြီးသော အခင်းများသုံးခြင်းထက် ဒေသအလိုက် ရနိုင်သော အော်ဂဲနစ် ပစ္စည်းဖြစ်သည့် သဘာဝအပင် ဘေးထွက်ပစ္စည်းများဖြစ်သော အုန်းခွံမျှင်၊ ဂုံလှော်စ များကိုသုံးရန် သင့်လျော်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 4 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....