ငါးအမိုင်နိုအက်ဆစ်၏ အကျိုးပြုပုံများ
ငါးအမိုင်နိုအက်ဆစ်ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ ပြုလုပ်ပုံကလည်းရိုးရှင်းလွယ်ကူပြီး ကုန်ကျစရိတ်သက်သာတဲ့ သဘာဝအသီးအပွင့်အားဆေးတစ်မျိုးဖြစ်သလို မြေဩဇာအဖြစ်လည်းသုံးနိုင်ပါတယ်။ ဒါပေမယ့် သူ့ကိုသုံးလိုက်ရင် အပင်အတွက် ဘယ်လောက်ထိအကျိုးပြုသလဲ၊ အပင်ထဲမှာ ဘယ်လိုလုပ်ဆောင်တာလဲဆိုတာကိုတော့ ဇဝေဇဝါဖြစ်တတ်ကြပါတယ်ဗျ။ ဒါကြောင့် အကျိုးပြုပုံနဲ့ပတ်သက်ပြီး ဆွေးနွေးသွားချင်ပါတယ်ဗျ။
ငါးအမိုင်နိုအက်ဆစ်ဆိုတာဘာလဲ
- ငါးအမိုင်နိုအက်ဆစ်ဆိုတာကတော့ ငါးမှရတဲ့ ခေါင်း၊ ကြေးခွံ၊ အရိုး စတဲ့စွန့်ပစ်ပစ္စည်းအားလုံးကို ထန်းလျက်/သကြားကြမ်း/တင်လဲရည် တမျိုးမျိုးနဲ့ပေါင်းစပ်ပြီး ရရှိလာတဲ့အရည်ကိုယူရတဲ့ အပင်အားဆေးတစ်မျိုးဖြစ်ပါတယ်။
ဘာတွေ အကျိုးရှိစေသလဲ?
- မြေဩဇာအနေနဲ့သုံးမယ်ဆိုရင် မြေကြီးဖွဲ့စည်းပုံကောင်းစေပြီး အာဟာရဓာတ်ကို တိုးစေပါတယ်။ ငါးအမိုင်အက်ဆစ်က မြေကြီးကိုမွစေပြီး အဏုဇီဝပိုးကောင်လေးတွေနဲ့ တီကောင်တွေကိုရှင်သန်စေတာကြောင့် သန်စွမ်းတဲ့မြေကြီးအဖြစ် ဖန်တီးပေးပါတယ်။
- အပင်တွေရဲ့ အမြစ်တွေ၊ အရွက်တွေ ဖွံ့ဖြိုးမှုအားကောင်းစေပြီး အပင်ပေါက်လေးတွေအတွက် အစာချက်လုပ်မှုလုပ်ငန်းစဉ်ကို ကူညီပေးပါတယ်။ ငါးအမိုင်နိုဖြန်းပေးခြင်းက သိသိသာသာနဲ့အရွက်တွေစိမ်းလာတာကို တွေ့ရမှာပါဗျ။
- အပင်တွေမှာ stress factors လို့ခေါ်တဲ့ အပူချိန်မြင့်ခြင်း၊ အစိုဓာတ်အလွန်မြင့်ခြင်းဒဏ်တွေကို ခံနိုင်ရည်မရှိပါဘူး။ ဒါပေမယ့် ငါးအမိုင်နိုအက်ဆစ်ဖြန်းပေးမယ်ဆိုရင်တော့ ဒီလိုဖြစ်ခြင်းကို ထိန်းညှိပေးရုံသာမက ဖြစ်ပြီးသားအပင်တွေကို ဖြန်းပေးမယ်ဆိုရင်လည်း ပြန်လည်ကောင်းမွန်လာစေပါတယ်။
- ပန်းပွင့်မှုအားကောင်းစေသလို ဝတ်မှုံတွေအညှာင့်ပေါက်မှုကိုလည်း တိုးစေတာကြောင့် အသီးတည်မှုလည်းကောင်းစေပါတယ်။ ဒါ့ကြောင့် သီးနှံပင်တွေအရည်အသွေးကောင်းစေရုံသာမကပဲ အထွက်နှုန်းကိုပါ တိုးလာစေပါတယ်။
- ငါးအမိုင်နိုအက်ဆစ်ဖြန်းပေးခြင်းက သီးနှံပင်ရဲ့စွမ်းဆောင်ရည်ကို ကောင်းမွန်စေပြီး တချို့ဆားပေါက်မြေတွေမှာတောင် ရှင်သန်နိုင်စေပါတယ်။
အပင်ထဲမှာဘယ်လို လုပ်ဆောင်တာလဲ?
- ငါးအမိုင်နိုအက်ဆစ်က အပင်တွေရဲ့ အင်ဇိုင်းတွေထဲကို တိုက်ရိုက်ပျော်ဝင်နိုင်တာကြောင့် အပင်တွေရဲ့ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေတာမို့ အထွက်နှုန်းတွေကောင်းပြီး မြန်မြန်ရင့်မှည့်စေတာပါ။
- အပင်တွေက ငါးအမိုင်အက်ဆစ်ကပေးတဲ့ ပရိုတင်းဓာတ်ကို တိုက်ရိုက်စုပ်ယူနိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် အဏုဇီဝပိုးကောင်တွေကနေတဆင့် ပြန်လည်စစ်ထုတ်ပေးတဲ့ အမိုင်နိုအက်ဆစ် Amino acids အမျိုးမျိုးကိုမှ အပင်က စုပ်ယူနိုင်တာမျိုးပါ။
- ငါးအမိုင်နိုအက်ဆစ်က စတိုမာတာ (Stomata) လို့ခေါ်တဲ့ အရွက်မှာရှိတဲ့လေရှူပေါက်လေးတွေ ပွင့်ခြင်းပိတ်ခြင်းကို ကူညီပေးတာမို့ အပင်ရဲ့အစိုဓာတ်ကို မျှတစေတာပါဗျ။
- အဲ့လိုနည်းနဲ့ အဏုဇီဝပိုးတွေကို များစွာတိုးပွားလာစေတာကြောင့် ငါးအမိုင်အက်ဆစ်ကျွေးတဲ့မြေကြီးတွေဟာ ကျန်းမာသန်စွမ်းပြီး ရေနဲ့ အာဟာရဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါကြောင့် ငါးအမိုင်နိုအက်ဆစ်ကို မြေဩဇာအနေနဲ့လည်းသုံးကြတာပါ။
အခုလို သီးနှံပင်တွေအတွက်သာမက အလှစိုက်ပင်တွေအတွက်ပါ ကောင်းကျိုးများစွာပေးတဲ့ ငါးအမိုင်နိုအက်ဆစ် သဘာဝအသီးအပွင့်အားဆေး ကို အသုံးပြုကြဖို့လည်း အကြံပြုလိုပါတယ်ဗျ။
Ref; https://doraagri.com/product/fish-amino-acid-fertilizer/
hhtp://www.maximumyield.com/amino-acids/2/1483
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ငါးအမိုင်နိုအက်စစ်
အကြောင်းအရာ 2
ငါးအမိုင်နို
min thant
လွန်ခဲ့သော ၄ နှစ် ကငါးအမိုင်နို ကို မနက်ပိုင်း လောင်းရတာလား ညနေ ဘက်လောင်းရတာလားဗျ
Ko Aung
လွန်ခဲ့သော ၄ နှစ် ကရပါတယ်ဗျ ထန်းလျက်၂ပိဿ ရေ၂လီတာ ကျို စစ်ယူပြီး FAAထည်းထည့်ပါ အဖုံး လေလုံအောင်ပိတ်ပါ(လေမလုံခဲ့လို့ လောက်ထွက်တာပါ)၅ရက်ဆိုရပါပြီ။
ကိုစိုး
လွန်ခဲ့သော ၅ နှစ် ကငါးအမိုင်နို ငါး၂ပိသာလုပ်ထားတာအကောင်ကြနေလို့ ထန်းလျှက်ထပ်ထည့်ရင်အဆင်ပြေနိုင်လားဗျ
moezaw
လွန်ခဲ့သော ၅ နှစ် ကပဲတီစိမ်းမကြဲခင်မြေပြင်ကိုပက်ဖျန်း လိုဘရပါလား
မေဇင်ထွန်း
လွန်ခဲ့သော ၅ နှစ် ကဆောင်းပါးထဲက အဝါရောင်စာသားတွေကို နှိပ်ကြည့်ရင် ပြုလုပ်နည်းရော သုံးစွဲနည်းရော လေ့လာလို့ရပါတယ်
ဆက်စပ်မေးခွန်းများ
ငရုပ်အပင်တွေ အသီး သီးချန်မှာသေတာဘာလို့လဲ
Myo Sat Aung • ဖြေကြားချက် 0 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 3 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 2 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 4 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ထွန်းရာဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....