ငါးအမိုင်နို အားဆေး| လွယ်တယ် အစွမ်းထက်တယ် ကိုယ်တိုင်လုပ်လို့ရတယ်
ဒီနေ့ဗီဒီယိုမှာတော့ ဈေးကြီးတဲ့ ဓာတ်မြေဩဇာတွေ၊ ဟော်မုန်းဆေးတွေ ဝယ်စရာမလိုဘဲ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ "ငါးအမိုင်နိုအက်စစ်" (Fish Amino Acid) ပြုလုပ်နည်းကို လက်တွေ့ပြသပေးသွားမှာ ဖြစ်ပါတယ်။
ငါးအမိုင်နိုဟာ နိုက်ထရိုဂျင်ဓာတ် (N) ကြွယ်ဝတာကြောင့် အရွက်စားပင်တွေနဲ့ အပင်ငယ်တွေကို အရောင်စိမ်းပြီး လျင်မြန်စွာ ကြီးထွားစေပါတယ်။
🐟 ပါဝင်ပစ္စည်း အချိုးအစား:
ငါး (သို့) ငါးအညစ်အကြေး = ၁ ပိဿာ
ထန်းလျက် (သို့) သကာရည် = ၁ ပိဿာ (အချိုးအစား ၁ : ၁ ရောစပ်ပြီး တစ်လ အချဉ်ဖောက်ထားပါ)
🌱 သုံးစွဲနည်း:
ရေ (၅) ဂါလံလျှင် ငါးအမိုင်နို ဟင်းစားဇွန်း (၂) ဇွန်းနှုန်း ရောစပ်ပက်ဖျန်းပါ။
နံနက်ခင်း စောစော သို့မဟုတ် ညနေခင်းတွင် ဖျန်းပေးပါ။
မိတ်ဆွေတောင်သူများအနေနဲ့ စိုက်ပျိုးရေး ပြဿနာများရှိရင် Comment မှာ မေးမြန်းဆွေးနွေးနိုင်ပါတယ်။ ဗီဒီယိုလေးကို ကြိုက်နှစ်သက်ရင် Like ပေးပြီး မိတ်ဆွေတွေဆီ Share ပေးဖို့ မမေ့နဲ့နော်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ငါးအမိုင်နိုအက်စစ်
Sawdohhtoo
လွန်ခဲ့သော ၅ လ ကကြက်မောက်တို့ဒူးရင်းပင်တို့ကိုရော အပင်ရင်းမြေကြီးမှာကြွေးလို့ရလား အဲဒီငါးအမိုင်နိုအစ်စစ်အရည်က
ဟိန်းမင်းသူ
လွန်ခဲ့သော ၈ လ ကအပင်အားလုံးသုံးလို့ရလားဗျ
U U Chit Ko Pyay
လွန်ခဲ့သော ၉ လ ကငါးအမိုင်နိုကရလာပီဆိုရင်ရက်ရှည်လရှည်သိုလှောင်လို့ရပါသလား
nay thu
လွန်ခဲ့သော ၉ လ ကငှက်ပြေားသားတက်ကို နံနက်စေားစေားတူးပီး နုတ်နုတ်စဉ်းပါ ထန်းလျက်တစ်ပိသာ အရည်ကြိုအအေးခံထားပါ ပီးလျင် စတူရေားပီး နှပ်ထားပါ ယဉ်ကောင်မဝင်နိုင်အောင် ထားပါ တစ်လကြာလျှင် ငှက်ပြေားကျူလင်ရပါပီ ဆေးတစ်ပုံးကို ဇွန်းနှစ်ဆယ် ထဲ့ပါတယ် ကျွန်တော်ကတော့ ကုလားပဲ ပဲတီစိမ်း တော်တော်ကောင်းတယ် လက်တွေ့ပါ
Aung Kyi Lin
လွန်ခဲ့သော ၁၁ လ ကတစ်ခြားအပင်အားဆေးနဲ့ကောတွဲသုံးလို့ရလားဗျ
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာ မီးဖိုချောင်မှထွက်သောပြာကို ငြုပ်/ပြောင်းပင် တို့မှာ မြေသြစာအဖြစ် အသုံးပြု၍ရပါသလားဗျ ကောင်းကျိုး(သို့) ဆိုးကျိုးများ သိချင်ပါတယ်ဗျာ
ဦးနိုင်လင်းထွန်း • ဖြေကြားချက် 2 ခု
ဆင်းသုခစပါးစိုက်ခင်းကိုမြေဩဇာဘယ်လိုကြွေးရမလဲဆရာ။
U Win Zaw • ဖြေကြားချက် 3 ခု
မိုးရွာတာနိမ့်နေတဲ့နေရာတွေရေဝပ် ရေ ေမြာင်းကမလုပ်ထားမိဘူး အပင်ထိခိုက်နိင်ေြခရှိလား ရေခန်းသွားရင်ဆေးဖြန်းလို့ရပါသလား ဘာဆေးြဖန်ရပါသလဲ
Mg Seit • ဖြေကြားချက် 1 ခု
အီးအမ်အပြင်း(CEM)ကိုအပင်ကိုတိုက်ရိုက်ဖြန်းလို့ရလား။ရတယ်ဆိုရင်ရေနဲ့ဘယ်လောက်ရောစပ်ရမလဲပြောပြပေးပါ ကျေးဇူးတင်ပါတယ်။
မျိုးလှိုင် • ဖြေကြားချက် 4 ခု
မတ်ပဲ တစ်လနဲ့၂ရက်ပါ ကိုင်းသိပ်မထွက်လို့ Nအချိုးပါတဲ့ရွက်ဖျန်းအားဆေးဖျန်းလို့ရသေးလားဗျ
koHein Htet Soe • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
More from Thein Soe Min
အားလုံး
ဗီဒီယို
ပြောင်းမျိုးကောင်းမကောင်း ဘာတွေကြည့်လဲ?
29/10/2026
ရေငတ်သီးနှံ မရှိစေရ - ၁၆ နှစ်အရွယ် တောင်အာဖရိက ကျောင်းသူလေးရဲ့တီထွင်မှု
21/10/2026
ဂျပန်နိုင်ငံ၏ တန်ဖိုးအကြီးဆုံး သီးနှံမျိုးများ ခိုးယူစိုက်ပျိုးခံနေရ
16/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026