ကျောက်မှုန့်သုံးပြီး ဒီအကျိုးကျေးဇူး (၅) ချက်ကိုရယူပါ
ကျောက်မှုန့် (ဂျစ်ပဆန်) ဆိုတာဘာလဲ ?
ကျောက်မှုန့်ဟာ မြေသြဇာတစ်မျိုးဖြစ်ပြီး သီးနှံအတွက်လိုအပ်တဲ့ ကယ်လ်စီယမ် (ထုံးဓာတ်) နဲ့ ဆာလဖာ (ကန့်ဓာတ်) ဓာတ်ကို ထောက်ပံ့ပေးပါတယ်။ ကျောက်မှုန့်မှာ ကယ်လ်စီယမ်နဲ့ ဆာလဖာပါဝင်နေခြင်းဖြင့် အပင်ကြီးထွားမှုကို တိုးတက်စေပါတယ်။ အပင်တွေဟာ ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့နေမယ်ဆိုရင် အရွက်တွေရဲ့ထိပ်ဖျားတွေ တွန့်လိမ်နေတာမျိုး၊ ကြွတ်ဆတ်ပြီး အလွယ်တကူကျိုးလွယ်တာမျိုးနဲ့ နောက်ဆုံး အပင်ကြီးထွားမှု ရပ်တန့်သွားတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ဆာလ်ဖာဓာတ်ချို့တဲ့မယ်ဆိုရင်တော့ အရွက်နုတွေမှာ အဝါရောင်သန်းလာတာမျိုး တွေ့ရမှာဖြစ်ပါတယ်။ နိုက်ထရိုဂျင်ချို့တဲ့ပုံနဲ့ အနည်းငယ်ဆင်တူပါတယ်။
ကျောက်မှုန့် (ဂျစ်ပဆန်) ဟာ မြေဆီလွှာမှာ အငံဓာတ်တွေပျော်ဝင်ပျံ့နှံမှု (မြေငံခြင်း) ကို ဟန့်တားပေးနိုင်ပြီး ပျိုးခင်းများ၊ ဖန်လုံအိမ်စိုက်ခင်းများနဲ့ မြေယာပြုပြင်မှုများမှာလည်း အသုံးပြုနိုင်တဲ့ မြေသြဇာဖြစ်ပါတယ်။ ဒါကြောင့် ကျောက်မှုန့်ဟာ လယ်မြေများတွင်သာမက ဥယျာဉ်ခြံများတွင်ပါ အသုံးပြုနိုင်တဲ့ ဘက်စုံသုံးမြေသြဇာတစ်မျိုးဖြစ်ပါတယ်။ ကျောက်မှုန့်မြေသြဇာကို တောင်သူတွေအနေနဲ့ ပုံမှန်အားဖြင့် မြေခံမှာပဲအသုံးပြုကြပါတယ်။ ကျောက်မှုန့်မြေသြဇာကို မြေခံအဖြစ် တစ်ဧကကို (၃ - ၄) အိတ်အထိ ထည့်ပေးမယ်ဆိုရင်တော့ သိသာတဲ့ရလဒ်ကို တွေ့ရမှာပဲဖြစ်ပါတယ်။ လက်ရှိအခြေအနေနဲ့ မိမိစိုက်ခင်းအခြေအနေပေါ် မူတည်ပြီး လိုအပ်သလို နှုန်းထားပြောင်းလဲကာ အသုံးပြုသင့်ပါတယ်။ ကျောက်မှုန့်အသုံးပြုခြင်းဖြင့် မြေဆီလွှာရဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတုဂုဏ်သတ္တိများ တိုးတက်စေပြီး မြေဆီလွှာ တိုက်စားမှုကို လျော့ကျစေကာ အာဟာရဓာတ်များဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ယခုဆောင်းပါးမှာတော့ ကျောက်မှုန့် (ဂျစ်ပဆန်) အသုံးပြုခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး ၅ ချက်ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
၁။ ကယ်လ်ဆီယမ်နဲ့ ဆာလဖာဓာတ်ကို ထောက်ပံ့ပေးနိုင်ခြင်း
ကျောက်မှုန့်မှာ ကယ်လ်ဆီယမ်နဲ့ ဆာလ်ဖာဓာတ်တွေပါဝင်ကြောင်း အထက်မှာ မျှဝေပေးခဲ့ပြီးဖြစ်ပါတယ်။ ကယ်လ်ဆီယမ် (ထုံး) ဓာတ်ဟာဆိုရင် အပင်တွေရဲ့ ဆဲလ်နံရံတွေထူထပ်လာအောင် ပြုလုပ်ပေးပြီး အမြစ်နဲ့ အရွက်များကြီးထွားစေကာ အာဟာရဓာတ်များစုပ်ယူရာမှာ ကူညီပေးနိုင်ပါတယ်။ ဆာလဖာ (ကန့်) ဓာတ်ဟာဆိုရင်တော့ အင်ဇိုင်းနဲ့ ဗီတာမင်များဖွံ့ဖြိုးလာစေရန်၊ မျိုးစေ့များ အောင်မြင်ဖြစ်ထွန်းရန်နှင့် အအေးဒဏ်ခံနိုင်ရန် ကူညီပေးနိုင်ပါတယ်။
၂။ မြေဆီလွှာကို ကောင်းမွန်စေပြီး အလူမီနီယမ်အဆိပ်သင့်မှုကို ကာကွယ်ပေးနိုင်ခြင်း
ကျောက်မှုန့် (ဂျစ်ပဆန်) အသုံးပြုခြင်းရဲ့ ကောင်းကျိုးတွေကတော့ မြေဆီလွှာရဲ့ ချဉ်ငံကိန်းကို ထိန်းညှိပေးနိုင်ပြီး အလူမီနီယမ်ဓာတ်အဆိပ်သင့်ခြင်းကို ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ အလူမီနီယမ်အဆိပ်သင့်မယ်ဆိုရင် အပင်ရဲ့ ဆဲလ်ရှည်ထွက်ခြင်းနဲ့ ဆဲလ်ကွဲပွားခြင်းများကို ထိခိုက်နိုင်ပြီး အမြစ်ဟာ ရေနဲ့ အာဟာရဓာတ်တွေကို မစုပ်ယူနိုင်တော့ဘဲ နောက်ဆုံးမှာ အပင်ရဲ့ကြီးထွားမှုကိုပါ ထိခိုက်မှာ ဖြစ်ပါတယ်။ မြေခံမှာအသုံးပြုလိုက်တဲ့ ကျောက်မှုန့်ဟာဆိုရင် မြေဆီလွှာထဲ စိမ့်ဝင်သွားပြီးနောက် အမြစ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးကာ အပင်ကိုလည်း ရှင်သန်ကြီးထွားစေပါတယ်။
၃။ မြေဆီလွှာ၏ ဖွဲ့စည်တည်ဆောက်ပုံအား တိုးတက်စေခြင်း
ကျောက်မှုန့်ဟာ အမြစ်ကြီးထွားဖို့အားပေးသလိုပဲ မြေဆီလွှာထဲမှာ လေဝင်လေထွက်ကောင်းလာအောင်လည်း ကူညီပေးပါတယ်။ ကယ်လ်စီယမ် - မဂ္ဂနီဆီယမ် အချိုးမညီမျှသောမြေများမှာ ကျောက်မှုန့်အသုံးပြုခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ မြေသားဖွဲ့စည်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကျောက်မှုန့်ဟာ မြေဆီလွှာရဲ့ အဏုဇီဝဆိုင်ရာကိစ္စရပ်များကို သဘာဝအတိုင်း ပြန်လည်ဖြစ်ပေါ်စေပြီး မြေဆီလွှာတည်ဆောက်မှုကို တိုးတက်စေပါတယ်။
၄။ ရေစိမ့်ဝင်မှုနဲ့ ရေထိန်းစွမ်းအား ပိုမိုကောင်းစေခြင်း
ကျောက်မှုန့်အသုံးပြုခြင်းဖြင့် မြေဆီလွှာတွင် ရေစိမ့်ဝင်မှုကောင်းစေပါတယ်။ ဆိုဒီယမ်ဓာတ် မြင့်မားစွာပေါင်းစပ်ပါဝင်မှုကြောင့် ရေဝပ်တာမျိုးနဲ့ ရွှံစေးဆန်တာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကျောက်မှုန့်အသုံးပြုခြင်းအားဖြင့် မြေဆီလွှာထဲမှာ ရေအလွယ်တကူစိမ့်ဝင်နိုင်သလို ရေကိုထိန်းထားနိုင်တဲ့အတွက် အပင်မှ ရေနဲ့ အာဟာရဓာတ်များ အလွယ်တကူရယူနိုင်ခြင်းဖြင့် ရှင်သန်ကြီးထွားဖို့ အထောက်အပံ့ပေးပါတယ်။
၅။ မြေဆီလွှာအား ရေနှင့် လေတို့၏ တိုက်စားမှုများမှ ကာကွယ်ပေးနိုင်ခြင်း
ကျောက်မှုန့်ဟာ သီးနှံစိုက်ပျိုးရာမှာ အသီး၊ အပွင့်၊ အစေ့အဆန်များအား အားပေးသော ဖော့စဖောရပ်စ် (တီစူပါ) ဓာတ်နဲ့ အခြားသောအာဟာရဓာတ်များရဲ့ လေလွင့်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်ပါတယ်။ မြေဆီလွှာရဲ့ ဖွဲ့စည်းတည်ဆောက်မှုကို ကောင်းစေသောကြောင့် ရေတိုက်စားခြင်းနဲ့ လေတိုက်စားခြင်းများမှလည်း အထိုက်အလျောက်ကာကွယ်ပေးနိုင်ပါတယ်။
ကိုးကားချက်
https://www.croplife.com/crop-inputs/micronutrients/the-role-of-gypsum-in-agriculture-5-key-benefits-you-should-know/
ချစ်ဝင်း
လွန်ခဲ့သော ၁ နှစ် ကဒူးရင်းပင် စိုက်ရင်မြေခံအနေနဲ့ထည့်လို့ရလားဗျ
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကG. M. L လို့လည်းခေါ်ပါတယ် နီးစပ်ရာမြေသြဇာဆိုင်တွေမှာ ဂျက်ပ်ဆန် ခေါ် ကျောက်မှုန့်လို့လည်းပြောဝယ်လို့ရပါတယ်ခင်ဗျာ
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
ခိုင်ခိုင်ဦး
လွန်ခဲ့သော ၄ နှစ် ကကျောက်မှုန်.ကိုမျိုးစေ.မချခင်ဘယ်နှစ်ရက်အလိုမှာကြဲလို.ရလဲရှင်.
မင်းသူအောင်
လွန်ခဲ့သော ၄ နှစ် ကGypsum လို့ မေးဝယ်ရင် ရပါတယ်ဗျ
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026