ဟူးမစ်အက်ဆစ် ကိုယ်တိုင် အလွယ်ပြုလုပ်သုံးစွဲနည်းများ
အစိမ်းရောင်လမ်း အမေးအဖြေ ကဏ္ဍမှာ တဖြည်းဖြည်းနဲ့ မေးမြန်းဆွေးနွေးသူ များလာသလို မေးတဲ့မေးခွန်းတွေကလည်း အဆင့်မြင့်မြင့်လာတာ တွေ့ရပါတယ်။
တချို့မေးခွန်းတွေဆိုရင် မြန်မာပြည်မှာ မရှိသေးတဲ့ လယ်ယာသုံးပစ္စည်းတွေအကြောင်း၊
စိုက်ပျိုးနည်းစနစ်များအကြောင်း မေးလာတော့လည်း...
မေးခွန်းတခုဖြေဖို့ နေ့ဝက်လောက်ကို အချိန်ယူရတာမျိုး ရှိပါတယ်။
အခု ဆောင်းပါးလေးမှာလည်း အဖွဲ့ဝင်တွေ မေးမေးနေကြတဲ့ ဟူးမစ်အက်ဆစ်အလွယ်လုပ်နည်း အကြောင်းလေးပါ။
ဟူးမစ်အက်ဆစ်ဆိုတာ....
မြေဆွေးမြေထဲမှာ ၂-၃ ရာခိုင်နှုန်းပါဝင်ပြီး ၈၅ ရာနုန်း ရှိနိုင်တဲ့ နေရာကတော့ မြေအောက်လွှာ Leonardite layarမှာ ရှိပါတယ်။
တနည်းအားဖြင့် Oxidation product of lignite လို့ခေါ်တဲ့ ကျောက်မီးသွေးသက်တမ်းနု အလွှာမှာ များစွာရှိပါတယ်။
ဟူးမစ်အက်ဆစ်ကို...
ဓာတုပစ္စည်း (အမှုန့်/အခဲ)အဖြစ်ထုတ်လုပ်ကြသလို.. ဇီဝပစ္စည်း အနေနဲ့လည်း ကိုယ်တိုင်ပြုလုပ် သုံးစွဲကြပါတယ်။

ဟူးမစ်အက်ရည် အလွယ်ပြုလုပ်နည်း(၁)
(Home made humic acid liquid)
အရင်ဦးဆုံး ၊ ကိုယ့်ခြံထဲမှာ သစ်ရွက်ဆွေးမြေဆွေး များများရှိမယ့်နေရာ သို့မဟုတ် အနက်ရောင်သစ်ဆွေးမြေ ရှိရာ ခြုံစပ်၊ သစ်ပင်ရိပ်တနေရာကို ရှာထားပါ။
လိုအပ်သောပစ္စည်းများ
၁။ မြူအိုးအရွယ် မြေအိုးတလုံး
၂။ ထမင်း (နို့ဆီ ၁ ဗူးချက်)
၃။ ပလတ်စတစ်ရေပုံးတပုံး(ရေဆွဲပုံး)
၄။ ပိတ်ပါးစ
၅။ ချည်စရာ ကြိုးတချောင်း
ပြုလုပ်ရန်နည်းလမ်း...
- ရေခမ်းပျော့ပျော့ ချက်ထားတဲ့ ထမင်းတွေကို မြေအိုး တဝက်ခန့်ထိ ထည့်ပါ။
- ထမင်းထည့်ပြီး အိုးထဲကို ထမင်းတွေမြုပ်သည်အထိ ရေထည့်ပါ။
- မြေအိုး အဝတ်ပါးပါးဖုံးပြီး ကြိုးစည်းပါ။
- ပြီးရင် မြေအိုးကို ၊မြေဆွေးမြေရှိရာ အရိပ်အောက် (သို့မဟုတ်) သစ်ပင်အောက်မှာ အိုးနှုတ်ခမ်းဖော်ပြီး မြေမြှုပ်ပါ။
- မြေအိုးတဝိုက်ကို ရေလောင်းပေးပါ။
၁၅ ရက်ကြာလျှင်..
- မြေအိုးကို ဖော်ပြီးဖွင့်ပါ။ အိုးထဲရှိ ထမင်းရည်ကို ပလတ်စတစ် ရေပုံးထဲ ပြောင်းထည့်ပါ။
- ထမင်းရည်တွေ ကြေမွအောင် လက်နဲ့ ချေပေးပါ။
- အဆိုပါထမင်းဖျော်ရည်ဟာ ဟူးမစ်အက်ဆစ် ဖျော်ရည်ပါပဲ။
အသုံးပြုလိုပါက..
- ဟူးမစ်အက်ဆစ်ဖျော်ရည် တဆကို ရေ ၁၀ ဆရောပြီး အပင်ခြေ လောင်းပေးနိုင်ပါတယ်။
ဟူးမစ်အက်ဆစ်အရည် ပြုလုပ်နည်း(၂)
လိုအပ်ပစ္စည်းများ
၁။ အပိတ်ပါ ရေသန့်ဘူးခွံ ၂ ဘူး
၂။ ဘလိတ်ဓား(ဘူးခွံဖြတ်ရန်)
၃။ လုံးဝဆွေးမြည့်ပြီး အနက်ရောင်သစ်ဆွေးမြေ တကီလို (၆၂ကျပ်ခွဲသား)
၄။ ရေ တလီတာ
ပြုလုပ်ရန်နည်းလမ်း..
- ရေသန့်ဘူးခွံတခုကို ၂ လက်မ သံချောင်းဖြင့် အပေါက် ၁ ပေါက် ဖောက်ပါ။
- ရေသန့်ဘူး ဖင်ပိုင်းကို ဓားဖြင့် လှီးဖွင့်ပါ။
- ကျန် ရေဘူးခွံကို ၃ ပုံ ၂ ပုံ လှီးဖြတ်ပါ။
- အပိတ်ပါ ရေဘူးကို နောက်ရေဘူးထဲသို့ ဇောက်ထိုးထည့်လိုက်ပါ။
- အပေါ် ရေဘူးခွံထဲကို သစ်ရွက်ဆွေး/မြေဆွေး ပြည့်လုနီးပါး ထည့်ပါ။
- ပြီးရင် ရေကို တဖြည်းဖြည်းချင်း လောင်းပါ။
- ရေဘူးပိတ် အပေါက်မှ ရေစက်များ ဖြည်းဖြည်းချင်း အောက်ခံဘူးထဲ ကျနေပါစေ။
(အောက်ခံခွက်ထဲ ရရှိတဲ့ နီညိုရောင်အရည်များ ရရှိပါက အဲ့ဒါတွေဟာ ဟူးမစ်အက်ဆစ်အရည် ဖြစ်ပါတယ်ခင်ဗျာ)
အရမ်းလွယ်လွန်းလို့ဆိုပြီး... အထင်မသေးလိုက်ပါနဲ့ဗျာ..
သင့်ရဲ့.. အိမ်တွင်း အလှစိုက်ပန်းပင်၊ ပန်အိုးတွေမှာ သုံးကြည့်ပါ။
(ဘယ်လောက် အကျိုးရှိ၊ ထိရောက်လဲ ဆိုတာ သိပါလိမ့်မယ်)
ဟူးမစ်အက်ဆစ် ရဲ့ အာနိသင်တွေကိုတော့၊ သိကြပြီးသားမို့ အထူးတလည် မရေးတော့ပါဘူး။
စာရှည်ရင် မဖတ်မှာစိုးလို့။
မသိသေးရင်တော့ အောက်လလင့်မှာ ဝင်ဖတ်နိုင်ပါတယ်ဗျာ..။
https://greenwaymyanmar.com/posts/What_is_Humic_Acid
စေတနာများစွာဖြင့်
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Phyo Wai
လွန်ခဲ့သော ၁ လ ကရေ၁ဂါလန်ကို ဟူးမစ်အက်ဆစ် ဘယ်လောက်ရောပြီး သုံးရမလဲဗျ
San Lin Htike
လွန်ခဲ့သော ၁ နှစ် ကHumic Acid က. စပါးပင် ဖျ န်းဆေးသုံးလို့ရပါသလား
WM Hlaing
လွန်ခဲ့သော ၁ နှစ် ကဟူးမစ်အရည်ပြုလုပ်နည်း(၁) ကို ပြုလုပ်ပီးရင် ကြက်သွန်ခင်းမှာ မည်မျှအချိုးအစားနဲ့ဖြန်းသင့်လဲဗျ အာနိသင်သိပါရစေဗျ
WM Hlaing
လွန်ခဲ့သော ၁ နှစ် ကဟူးမစ်အရည် ကြက်သွန်ခင်းဖြန်းလို့ရလား ဘယ်အရွယ်မှာ ဘယ်လောက်စီစီထည့်ဖြန်းရမလဲဗျ အကျိုးကျေးဇူးသိပါရစေ
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကပါဝင်ပစ္စည်းများ ဒုတ္တာ ၂၈ ကျပ်သား (၁ ပေါင်) ထုံး ၂၈ ကျပ်သား (၁ ပေါင်) ရေ ၁၀ ဂါလံ (၁ ဂါလံ = ၁၀ ပေါင်) ရောစပ်သည့် အချိုး ဒုတ္ထာ ၁ ပေါင်- ထုံး ၁ ပေါင် - ရေ ၁၀၀ ပေါင်(၁၀ ဂါလံ) ၁ - ၁ - ၁၀၀ - ၂ %ဘော်ဒိုဆေးရည် ဒီတော့ ဒုတ္တာ ၂၈ ကျပ်သား- ထုံး ၂၈ ကျပ်သား - ရေ၁၀ ဂါလံ ဖျော်စပ်ပုံ  ဒုတ္ထာ၂၈ ကျပ်သား ကိုရေ၅ဂါလံနှင့် ပုံးတစ်ပုံး တွင်ဖျော်ပါ ။နောက်ထပ် ပုံးတစ်ပုံးတွင် ထုံး ၂၈ ကျပ်သား ကိုရေ၅ဂါလံ တွင်ဖျော်ပါ။ ထိုသို့ဖျော်ပြီးနောက် ဖျော်ရည်နှစ်မျိုး ကိုပေါင်းစပ် လိုက်လျှင်ဘော်ဒိုဆေးရည် ရရှိ မည်ဖြစ်ပါ တယ် ။ဆေးရည်ကို ၂၄ နာရီ အတွင်း အသုံးပြုရမည်။ အချို့ စာအုပ်များတွင် တိုက်ရိုက်ရောစပ်ဖျော် ရန်ရေးထားတာ ကိုတွေ့ရပါတယ်။ သီးခြား ခွဲဖျော်ထားပါက လိုအပ်သည့် အချိန်တွင် လိုအပ်သလောက် စပ်ပြီး အသုံးပြုနိုင်သည့် အတွက်ဆေးရည် ဆုံးရှုံးလေလွင့်မှု သက်သာနိုင်တယ်။ သတိပြုရန်မှာ သံ/သွပ်ပုံးများတွင် မဖျော်ရပါ။ သံ/သွပ်တို့နှင့် ဓာတ်ပြုသွားပြီး အာနိသင်သက်ရောက်မှု နည်းသွားမည် ။ဆေးရည် ကိုမွှေတဲ့နေရာမှာ လည်း သစ်သားဒုတ်၊ ပလပ်စတစ်ချောင်း တို့ဖြင့် သာမွှေပေးပါ။
ဆက်စပ်မေးခွန်းများ
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Thar Po
အားလုံး