အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သစ်ခွပင်တွေကို အစာကျွေးဖို့ လေ့လာကြရအောင်

သစ်ခွပင်တွေကို အစာကျွေးဖို့ လေ့လာကြရအောင်

လူတွေ နေ့စဥ် အစာစားသလို အပင်တွေအတွက် အာဟာရဆိုတာလည်း မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပါတယ်။ ယခုဆောင်းပါးလေးမှာ ဆိုရင်တော့ သစ်ခွပင်တွေကိုဘယ်လို အစာတွေကျွေးရမယ်၊ သူတို့ ဘယ်လိုအစာတွေကို ကြိုက်နှစ်သက်တယ်ဆိုတာတွေကို လေ့လာကြရမှာ ဖြစ်ပါတယ်။

အော်ဂဲနစ် မြေသြဇာ

သစ်ခွတွေကို အော်ဂဲနစ် မြေသြဇာ ကျွေးလို့ရပါတယ်။ အော်ဂဲနစ် မြေသြဇာတွေထဲမှာ နွားချေး၊ ကြက်ချေး၊ လင်းနို့ချေး၊ ငါးမြေသြဇာနဲ့ ရေမှော်တွေပါဝင်ပါတယ်။ အဆိုပါ မြေသြဇာတွေဟာ နိုက်ထရိုဂျင် (ယူရီးယားဓာတ်) ကြွယ်ဝတာကြောင့် တောင်သူအများစု အကြိုက်တွေ့ကြပါတယ်။ အဲ့ဒီမြေသြဇာတွေရဲ့ မကောင်းတဲ့ အချက်ကတော့ အနံ့အသက်ပြင်းပြီး ပုရွက်ဆိတ်နဲ့ အင်းဆက်ပိုးမွှားတွေကို ဆွဲဆောင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အော်ဂဲနစ်မြေသြဇာတွေအသုံးပြုမယ်ဆိုရင်တော့ သင့်ပန်းအိုး အတွင်းပိုင်းထိ ဝင်ရောက်နေရာယူနိုင်မယ့် အင်းဆက်ပိုးမွှားတွေကို ကာကွယ်ဖို့အတွက် ပျိုးခံ (သို့မဟုတ်) ပွားစာကို တစ်လတစ်ကြိမ် အားကောင်းတဲ့ ရေဖျန်းကိရိယာနဲ့ ထိုးပေးရမှာပဲ ဖြစ်ပါတယ်။

သိုးချေး၊ ကြက်ချေး စတာတွေနဲ့ ပြုလုပ်ထားတဲ့ မြေသြဇာ အစေ့တွေလည်းရှိပြီး အဆိုပါမြေသြဇာတွေကတော့ အပင်ကို ရေလောင်းတိုင်း မြေသြဇာကိုနည်းနည်းချင်း ထုတ်လွှတ်ပေးတာပဲဖြစ်ပါတယ်။ အော်ဂဲနစ်မြေသြဇာထဲမှာမှ ငါးမြေသြဇာလို အရာမျိုးသုံးမယ်ဆိုရင်တော့ ၎င်းဟာ ပုရွက်ဆိတ်တွေကို ဆွဲဆောင်ပြီး အိမ်နီးနားချင်းတွေကိုလည်း အနှောက်အယှက်ဖြစ်စေနိုင်တယ်ဆိုတာတော့ သတိပြုရမှာ ဖြစ်ပါတယ်။

နောက်ထူးခြားတဲ့ မြေသြဇာကတော့ လူ့ကျင်ငယ်ရည်ပါ။ ကြားလိုက်လို့ စိတ်မသိုးမသန့်ဖြစ်သွားလောက်ပါတယ်။ ကျင်ငယ်ရည်ထဲမှာဆိုရင် နိုက်ထရိတ်ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် အထူးကောင်းမွန်တဲ့ မြေသြဇာပဲ ဖြစ်ပါတယ်။ ကျင်ငယ်ရည်ထဲမှာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ကျင်ငယ်ရည်ဟာ ဟော်မုန်းဓာတ်တွေပါဝင်နေလို့ ပိုကောင်းတယ်လို့လဲ ဆိုကြပါတယ်။

နောက်တစ်မျိုးကတော့ မီးဖိုချောင်မှထွက်တဲ့ ပစ္စည်းတွေပါ။ ဆန်ဆေးရည်မှာ နိုက်ထရိုဂျင်ပါဝင်တဲ့ အတွက် သစ်ခွပင်တွေကို လောင်းပေးခြင်းအားဖြင့် အကျိုးရှိစေပါတယ်။ အလားတူ ငါးတွေကို ဆေးကြောပြီးလို့ ရရှိတဲ့ ငါးညှီရည်ကိုလည်း လောင်းနိုင်ပါတယ်။ ကြက်ဥခွံ၊ ဘဲဥခွံတွေကိုချေပြီး ထည့်ပေးလို့ရပါသေးတယ်။

အံ့အားသင့်စရာ အနေနဲ့ သစ်ခွတွေကြိုက်တာ တစ်ခုရှိပါသေးတယ်။ သစ်ခွတွေ ဘီယာကြိုက်ကြပါတယ်။ ဒါကြောင့် သောက်ပြီးသား ဘီယာဘူးခွံတွေထဲမှာ ဘီယာအကပ်အသပ်တွေရှိနေသေးတယ်ဆိုရင် မလွှင့်ပစ်ဘဲ သစ်ခွတွေကို တိုက်လို့ရပါတယ်နော်။ တစ်ဆက်တည်းနဲ့ ခရုတွေလည်း ဘီယာကြိုက်ကြတယ်လို့ သိရပါတယ်။ အချို့နိုင်ငံတွေမှာ တောင်သူတွေဟာ ဘီယာနဲ့ အစက်ချပြီး ခရုထောင်ဖမ်းကြတယ်လို့လဲ သိရပါတယ်။

မိမိရဲ့ အိမ်မှာ အီးအမ်ဖျော်ရည်ရှိတယ်ဆိုရင်လည်း သစ်ခွပင်တွေကို အီးအမ်လောင်းပေးလို့ရပါတယ်။ စာရေးသူ အိမ်မှာလုပ်တဲ့နည်းကတော့ ရေသန့် ၁ လီတာ ဘူးထဲကို အီးအမ်အပြင်း ၁ ဇွန်း၊ တင်လဲရည် ၁၀ ဇွန်း၊ ရေမပြည့်တပြည့် ထည့်ပြီး (အေး/မှောင်/ ခြောက်) နေရာမှာ ၅ ရက်လောက်ကြာအောင်ထားပါတယ်။ ၅ ရက်ပြည့်ပြီးရင် ရေဇလား တစ်ခုထဲကို အီးအမ်အရည် ၁ လီတာဗူးရဲ့ တစ်ဝက်လောက် လောင်းထည့်ပြီး သင့်တော်တဲ့ ရေပမာဏနဲ့ ရောလိုက်ပါတယ်။ ပြီးရင် သစ်ခွခြင်းလေးတွေကို ယူလာပြီး ဇလားထဲကို နှစ်ပြီး ခဏစိမ်ပါတယ်။ အဲ့လိုနည်းနဲ့ လုပ်ကြည့်တာ အပင်တွေ သန်စွမ်းသလို ပန်းတွေလည်းပွင့်တာကို လက်တွေ့ မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ အီးအမ်ဖျော်ရည်ရှိရင်တော့ စမ်းသပ်ကြည့်စေချင်ပါတယ်။

ဓာတ်မြေသြဇာ

ဓာတ်မြေသြဇာကို အရည်ရော အမှုန့်ပုံစံနဲ့ပါ ထုတ်လုပ်လေ့ရှိကြပါတယ်။ ဓာတ်မြေသြဇာတွေဟာ အနံ့အသက်မရှိတာကြောင့် ပုရွက်ဆိတ်နဲ့ အင်းဆက်ပိုးမွှားတွေကို မဆွဲဆောင်တာကြောင့် တစ်နိုင်တစ်ပိုင်စိုက်တဲ့ သူတွေအတွက် သင့်တော်ပါတယ်။ ဓာတ်မြေသြဇာ ဝယ်တဲ့အခါမှာ NPK အချိုး နိုက်ထရိုဂျင်၊ တီစူပါ၊ ပိုတက်ရှ် ပါဝင်မှုများကို စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဥပမာ ၁၉-၂၇-၂၇ ဆိုတဲ့ ဓာတ်မြေသြဇာမှာ တီစူပါနဲ့ ပိုတက်ရှ် ပါဝင်မှုများတဲ့အတွက် ပန်းပွင့်မှုကို အားပေးပါတယ်။ ၂၁-၂၁-၂၁ ဆိုတဲ့ မြေသြဇာမှာ အာဟာရဓာတ်တွေ ဆတူ ပါဝင်တဲ့အတွက် အပင်နဲ့ အမြစ် အားသန်စေဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ဓာတ်မြေသြဇာတွေ ကျွေးတဲ့ အချိန်မှာ အမျိုးအစား ၂ မျိုးကို တစ်ကြိမ်တည်းမှာ မကျွေးမိစေဖို့ကိုတာ့ သတိပြုရမှာ ဖြစ်ပါတယ်။ မြေသြဇာကျွေးတာများရင် အပင်ကိုပျက်စီးစေတတ်ပြီး နည်းလွန်းရင်တော့ အပင်ကြီးထွားမှုနဲ့ ပန်းပွင့်ဖို့အတွက် ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့်မြေသြဇာ ဝယ်သုံးတဲ့အခါမှာ အညွှန်းကို သေချာဖတ်ဖို့နဲ့ စိုက်ပျိုးရေးသမား အများစုအသုံးပြုတဲ့ တံဆိပ်မျိုးကိုပဲ ဝယ်သုံးဖို့ အကြံပြုချင်ပါတယ်။

ဇင်ထူးနိုင်

ကိုးကားချက်

အခြေခံ သစ်ခွစိုက်ပျိုးနည်းများနှင့် ထိန်းသိမ်းစောင့်ရှောက်နည်းများ

Brighten Up Your Life With Orchids by ERIC SIMON

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၄ နှစ် က

အီးအမ်အရည်ကဘယ်လိုဟာမျိုးလဲခင်ဗျာ

kyaw min

kyaw min

လွန်ခဲ့သော ၅ နှစ် က

EMအပြင်းကိုကိုယ်တိုင်လုပ်နည်းလေးအလင်းပြပါအုန်း

ဇင်ထူးနိုင်

ဇင်ထူးနိုင်

လွန်ခဲ့သော ၅ နှစ် က

ပုံမှန်တော့ မြေသြဇာလုပ်မယ်ဆိုရင် ဆီပါတာတွေ၊ အသားတွေ၊ နို့ထွက်ပစ္စည်းနဲ့ အရိုးတွေတော့ မထည့်သင့်ပါဘူး ခင်ဗျ

ဇင်ထူးနိုင်

ဇင်ထူးနိုင်

လွန်ခဲ့သော ၅ နှစ် က

မြေဆွေး ပြုလုပ်တဲ့အခါ ဘာတွေထည့်ရမလဲ  လင့်ထဲမှာ မြေဆွေးလုပ်ရင် ဘာတွေထည့်လို့ရတယ်။ ဘယ်ပစ္စည်းတွေကိုထည့်ဖို့ ရှောင်ရှားရမယ်ဆိုတာ လေ့လာနိုင်ပါတယ် ခင်ဗျ။

ဦးကျော်အောင်

ဦးကျော်အောင်

လွန်ခဲ့သော ၅ နှစ် က

လက်ရိုပစ္စည်တွေရိုနေလို့ပုတ်ကုန်မှာကြောင့်ဖြေကြားပေးစေလိုပါတယ်ခင်များ

You

ဆက်စပ်မေးခွန်းများ

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ

Phyo Zaw Hein • ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။