အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စူပါအီးအမ်ဘိုကာရှီမြေသြဇာပြုလုပ်နည်း (၁)

စူပါအီးအမ်ဘိုကာရှီမြေသြဇာပြုလုပ်နည်း (၁)

Green Way
Green Way • 15/01/2021

လိုအပ်သောပစ္စည်းများ

- စပါးခွံ

- နွားချေး

- ဖွဲနု

- အသင့်သုံးအီအမ်ဖျော်ရည်

- လေလုံသောအိတ်

အချိုးအစား

- စပါးခွဲ (၂) ဆ

- နွားချေး (၂) ဆ

- ဖွဲနု (၁) ဆ

ပြုလုပ်နည်း

စပါးခွံ၊ နွားချေး၊ ဖွဲနု (၂:၂:၁) ဆတို့ကို ရောစပ်ပုံပါ။ အသင့်သုံးအီးအမ်ဖျော်ရည်ဖျန်း၍ သမအောင်မွှေပါ။ အစိုဓာတ် ၄၀% ရှိချိန်တွင် လေလုံအိတ်အတွင်းသို့ထည့်၍ ချည်နှောင်ပြီး အေး၍ခြောက်သွေ့သော အရိပ်ထဲတွင်ထားပါ။

နွေရာသီတွင် (၃) ရက်၊ ဆောင်းရာသီတွင် (၇-၁၀) ရက်ကြာလျှင် မြေဆွေးအဖြစ် စတင်အသုံးပြုနိုင်ပါသည်။

အသုံးပြုပုံ

တစ်ဧကအတွက် အနည်းဆုံး ပိဿာ (၅၀၀) အသုံးပြုနိုင်ပါသည်။

မှိုပုံဟောင်းကောက်ရိုးဆွေးများကို အစိုအခြေခံသော စူပါအီးအမ်ဘိုကာရှီမြေသြဇာ ပြုလုပ်နည်း

မှိုပုံကောက်ရိုးဆွေးပုံဟောင်းများပေါ်သို့ ဖွဲကြမ်းထည့်ပါ။ 

နောက်အီးအမ်လောင်းထည့်ပြီး သမအောင်မွှေပါ။ အစိုဓာတ် ၄၀ % ရလျှင် အိတ်ထဲထည့်ပြီး သိုလှောင်ထားပါ။ 

ဒါဆိုရင် စူပါအီးအမ်ဘိုကာရှီမြေသြဇာ ရပါပြီ။

မှိုပုံဟောင်းအခြောက်အခြေခံသော စူပါအီးအမ်ဘိုကာရှီမြေသြဇာ ပြုလုပ်နည်း

မှိုပုံဟောင်းအခြောက် လေးဆ လျာထားပါ။

ပဲဖတ် ၂၅ %၊ ဖွဲကြမ်း ၁၀% နှင့် ပြာ၊ မီးသွေးထည့်ပါ။ အသင့်သုံးအီးအမ်လောင်းထည့်ပြီး သမအောင်မွှေပါ။ 

၁၀ ရက်ကြာနောက်ပိုင်းတွင် မြေသြဇာအဖြစ်သုံးနိုင်ပါပြီ။

ဦးကြီးတို့.. ဒီတစ်ပတ်မှာတော့ စူပါအီးအမ်ဘိုကာရှီမြေသြဇာလုပ်နည်း ၃ မျိုးကို ဖော်ပြသွားပါတယ်။ နောက်အပတ်တွေမှာလည်း ဘယ်လိုနည်းလမ်းတွေနဲ့ မြေသြဇာပြုလုပ်ကြမလဲဆိုတာ စောင့်ကြည့်ကြရအောင်။

အရင်တစ်ပတ်က “ဒေသခံအဏုဇီဝပိုးထုတ်ယူ၍ မြေဆွေးပြုလုပ်နည်း” အကြောင်းကို စာတန်းလေးကိုနှိပ်ပြီးလေ့လာနိုင်ပါတယ်။

နည်းပညာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ၏ အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်းနည်းပညာလက်စွဲစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

20
ဒေါ်တူးမာ

ဒေါ်တူးမာ

လွန်ခဲ့သော ၄ နှစ် က

ဆွေနွေးမည်

Phyo Wai Htun

Phyo Wai Htun

လွန်ခဲ့သော ၄ နှစ် က

စပါးခွံ၊နွားချေး၊ဖွဲနုနဲ့လုပ်တဲ့မြေသြဇာက NPKအချိုး ခန့်မှန်းချေဘယ်လောက်ရှိသလဲဗျ

ဦးလှအေး

ဦးလှအေး

လွန်ခဲ့သော ၄ နှစ် က

အီး အမ် ဘယ်လို ပြုလုပ်ရမလဲ ဆရာ

ဖိုးညို

ဖိုးညို

လွန်ခဲ့သော ၅ နှစ် က

အီးအမ်ပမာဏသိချင်ပါတယ်

Yell Linn Soe

Yell Linn Soe

လွန်ခဲ့သော ၅ နှစ် က

ဖော်ပြ ထားသော ‌ေြမဆွေးလုပ်နည်းမှာ NPK အရေအတွက် ဘယ်လောက်အချိုးပါဝင်ပါသလဲ

You

ဆက်စပ်မေးခွန်းများ

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ

Phyo Zaw Hein • ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။